ခုနှစ်ပြည်ထောင်ပြည့်ရှင်၏ အသည်းပန်း
.............................အပိုင်း~ ၇.............................."ငယ်လေး တော်ပြီလား"
"ဟုတ် ကိုကြီး"
"ဝယ်တာ နည်းလိုက်တာ ငယ်လေးရယ် ကိုယ်ကြီးရှာထားသမျှ ကုန်အောင်သုံးပစ်စမ်းပါဆို"
"အပိုတွေပြောနေတယ် ကုန်အောင်သုံးလိုက်မှ မိန်းမယူတဲ့ခါ တောင်းစရာမရှိဖြစ်နေမယ်"
"အမယ် လာသေးတယ် ကိုကြီးမှာ ဘယ်ကယူစရာမိန်းမကလာမှာလဲ "
"နောက်မယူဘူးလား ကိုကြီးက"
"မယူသေးပါဘူး တဦးတည်းသော ညီမပိစိကွေးလေးကိုတောင် ချစ်လို့ဝသေးတာမဟုတ်ဘူး"
"တကယ်ရီးလား"
"အင်း"
"ချစ်လို့ဝရင်တော့ မိန်းမယူမှာပေါ့"
"မိန်းမကယူစရာလိုသေးလို့လား ငယ်လေးတယောက်လုံးရှိနေတာကို"
"တူမလား ကိုကြီးကလည်း အချိန်တန်အရွယ်ရောက်ရင် ယူကိုယူရမှာပဲ သဘာဝတရားကို မလွန်ဆန်ပါနဲ့ ကိုကြီးရယ်"
"အင်းးးးး မသိသေးဘူး ခင်ဗျားလေးပေါ်မူတည်တယ်"
"ကြယ်လေးနဲ့ ဘာမှလည်း မဆိုင်ဘူးကို"
"မဆိုင်ဘူးလား ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ ငယ်လေးလည်း ရည်းစားမထားရဘူးနော် ကိုကြီး မသိပဲ"
"ဟိဟိ......"
"ဘာ ဟိဟိလဲ ဒီကောင်မလေး ရိုးရော ရိုးရဲ့လား"
"မထားပါဘူး ကိုကြီးရဲ့ ကြယ်လေးမှာ တဦးတည်းသော ကိုကိုရှိပြီးသား"
"ပါလာပြန်ပြီလား ဒီကိုကို လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက ကိုကိုက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ ဟိုက မိန်းမရလို့ ခလေးတောင်ရပြီလား မသိတာကို ကိုကိုနေတုန်း"
"မသိဘူး ကြယ်လေးယုံတယ် အာ့နေ့က ကိုကိုက စောင့်နေ ကို့ကို့မင်းသမီးလေးကို လာပြန်ခေါ်မယ်လို့ပြောသွားတာ"
"ပြောမရ ဆိုမရဆိုလည်း စောင့်ပေါ့ တော်ကြာ အပျိုကြီးဖြစ်သွားမှ ဖြစ် ဒီက အကိုကြီးကပဲ တသက်လုံးစောင့်ရှောက်သွားရတော့မှာကို မြင်ယောင်နေပါတယ်"
YOU ARE READING
👑 The King of Bae👰ခုပြည်တောင်ပြည့်ရှင် ၏ အသည်းပန်း (Ongoing)
Romantizm👑 ဧကရာဇ်ပြည့်ရှင် မွေးဖွားလာရခြင်း တစ်ခုတည်းသောအကြောင်းအရင်းက ❄ကောင်းကင်ပန်း👑 👑 မတည်မြဲနေတဲ့ လောကကြီးမှာ တည်မြဲနေတဲ့အရာတစ်ခုက 👑 ကြယ်ကလေးကို ချစ်တဲ့အချစ်တွေလို့ပြောရလိမ့်မယ် 👑 ဧကရာဇ်ပြည့်ရှင်👑 👰 မွေးလာကတည်းက ကံမကောင်းလာတဲ့ ကြယ်လေးရဲ့ဘဝမှာ သူက...