အပိုင်း (၆) Unicode

80 3 0
                                    

👑 ခုနှစ်ပြည်ထောင်ပြည့်ရှင်၏ အသည်းပန်း 🌷
.............................အပိုင်း~ ၆..............................

"ဖခမည်းတော် သားတော်ကိုခေါ်တယ်ဆို"

"ဟုတ်တယ်သား‌ ထွေထွေထူးထူးကိစ္စရယ်လို့တော့မဟုတ်ပါဘူး ဒီအဖေလည်း အသက်အရွယ်ရလာပြီဆိုတော့ ‌အဖေတို့လုပ်ငန်းစု အနည်းငယ်ကို အဖေ့သားများ ဦးစီးပြီး အဖေ့တာဝန်‌တွေကို ကူညီပေးဖို့ ဆန္ဒလေးများရှိမလား သိချင်လို့ပါ"

"....အဖေ့လုပ်ငန်းစုတွေကို အဖေမရှိချိန်ကရော ခုလက်ရှိအခြေနေတွေမှာရော အကောင်းဆုံး ဦးဆောင်ဦးစီးပေးနေနိုင်တဲ့ အဖေ့လူယုံတွေ ဒီလောက်ကောင်းနေတာကို သားလို ၁၇နှစ်သားလူငယ်အရွယ်လေးက ဘာတွေများပိုကောင်းအောင် ဦးဆောင်ပေးနိုင်မှာမို့လို့လဲဗျာ"

"သားရယ် သားအဖေက တိုင်းပြည်ရေးရာကတစ်ဖက် စီးပွားရေးကတစ်ဖက်နဲ့ နှစ်ဖက်လုံးကိုဦးစီးနေရတော့ ‌တစ်ဖက်တည်းကို သေသေချာချာ အာရုံစိုက်ပြီးလုပ်တော့ အရင်ကထက်ပိုပြီး တိုးတတ်လာမယ်လို့ မေမေတို့ကတွေးမိလို့ပါ"
"သားအဖေက တိုင်းပြည်တိုးတတ်ရေးကို ခုထက်ပိုပြီးအားစိုက်မယ် သားက စီးပွားရေးကိုအားစိုက်မယ်ဆို အမေတို့ရဲ့ တိုင်းပြည်ရော စီးပွားရေးရောက ပိုတိုးတတ်လာမှာမဟုတ်လား"

"သားသိနေတယ် လောလောဆယ် သားကိုစီးပွားရေးဘက်ကျွမ်းကျင်ပြီဆို တိုင်းပြည်ရေးအတွက် ထီးနန်းလွဲပေးတော့မှာကို"

"ဟယ်တော် အမေ့သားလေးက အမျှော်မြင်ရှိလိုက်တာ အမေတို့အဖေတို့အစီစဉ်ကိုသိနေပါ့လား"

"ဟုတ်တယ် မိန်းမရေ သားလေးရဲ့ ရွှေညာဏ်တော်က ကိုယ်တော်နဲ့ သိမ့်တူတာလေ"

"ဟုတ်ပါပြီ မကောင်းကျောင်းပို့မယ် ရှင်ကြီးကအမြဲ အာ့လိုပဲ"

"ကိုယ်တို့သားမှာမကောင်းတာဘာရှိလို့လဲ မိန်းမရယ် ခုကြည့် ပညာရေး ၁၇နှစ်ပဲရှိသေးပေမယ့် GRU ရဲ့( Management, IT , Medical) Major တွေရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ပြီးတော့ လက်ရုံးရည်ပိုင်းမှာ ရည်ရွယ်ရဲ့သွန်သင်မှု သားတော်ရဲ့ကြိုးစားမှုတွေကြောင့် နှစ်တိုင်း မျှား,လှံ,သေနတ်,မြင်းစီး,ကိုယ်ခံပညာ ပြိုင်ပွဲတွေမှာနှစ်တိုင်း ထိပ်ဆုံးက မဟုတ်လား"

👑 The King of Bae👰ခုပြည်တောင်ပြည့်ရှင် ၏ အသည်းပန်း (Ongoing)Donde viven las historias. Descúbrelo ahora