👑 ခုနှစ်ပြည်တောင်ပြည့်ရှင် ၏ အသည်းပန်း 🌸အပိုင်း..........၂
သူ့အတွက်
ဒီနေ့ နိုးထလာခြင်းက
ယခင်နေ့တွေနှင့် မတူအောင်
ပေါ့ပါးလန်းဆန်းမှု နွေးထွေးမှုကိုခံစားရသည်မှာအမှန်ပင်
ရှင်သန်လာသည့် ၁၅နှစ်တာ ကာလမှာ
ယခုလိုခံစားချက်မျိုး ခံစားမိသည်က ပထမဆုံးအကြိမ်ဖြစ်သည်......ဒီနေ့မှ နိုးထလာရခြင်းက ပို၍အဓိပါယ်ရှိလာသလိုလို
ခံစားချက်ကြီးက ဘာကြောင့်ပါလဲ......
......ဘာကြောင့် အသက်ရှင်သန်နေရတာကို ပျော်ရွှင်မှု တစ်ခုအဖြစ်ခံစားမိပါလဲ......
......အားအင်တွေ ပြည့်ဝနေသည်ဟု ဘာကြောင့်ခံစားနေရပါသလဲ..........သူ့ရင်ခွင်ထဲတိုး၍ သူ့ကိုပြန်ဖတ်တွယ်ထားသည့်
ခလေးလေးကိုကြည့်၍
ဘဝရဲ့ အဓိပ္ပာယ်ရှိဆုံးအပြုံးကို ပြုံးမိသည်က
မေးခွန်းအားလုံးရဲ့
အဖြေတစ်ခုရသွား၍ဖြစ်သည်။"ဒေါက်......ဒေါက်......ဒေါက်"
"ဦးရွယ်
ကျွန်တော် တံခါးလော့မချထားဘူး""သခင်လေး မနက်စာ အဆင်သင့်ဖြစ်နေပါပြီ"
"ကောင်းပြီ
ခနနေ ကျွန်တော်လာခဲ့မယ်""သဘောတိုင်းပါ သခင်လေး"
"ဒါနဲ့ ဦးရွယ်
ခလေးရဲ့အကြောင်းစုံစမ်းတာ အလုံးစုံသိလာခဲ့ရဲ့လား""ဟုတ်ကဲ့
သခင်လေး
ဖခင်ကဦးဝသန်ဖြစ်ပြီး ဘုရင့်နန်းတော် အခစားဝင်နေရတဲ့ အမှုထမ်းတစ်ယောက်ပါ
မိခင်ကတော့ ပြီးခဲ့တဲ့ ၂နှစ်လောက်ကဆုံးပါးသွားခဲ့ပြီး
အခုချိန်မှာတော့ ခလေးမလေးက မိထွေးနဲ့အတူ
မီးထွေးရဲ့သမီးနှစ်ယောက်နဲ့ နေထိုင်နေပါတယ်"
VOUS LISEZ
👑 The King of Bae👰ခုပြည်တောင်ပြည့်ရှင် ၏ အသည်းပန်း (Ongoing)
Roman d'amour👑 ဧကရာဇ်ပြည့်ရှင် မွေးဖွားလာရခြင်း တစ်ခုတည်းသောအကြောင်းအရင်းက ❄ကောင်းကင်ပန်း👑 👑 မတည်မြဲနေတဲ့ လောကကြီးမှာ တည်မြဲနေတဲ့အရာတစ်ခုက 👑 ကြယ်ကလေးကို ချစ်တဲ့အချစ်တွေလို့ပြောရလိမ့်မယ် 👑 ဧကရာဇ်ပြည့်ရှင်👑 👰 မွေးလာကတည်းက ကံမကောင်းလာတဲ့ ကြယ်လေးရဲ့ဘဝမှာ သူက...