ခုနှစ်ပြည်ထောင်ပြည့်ရှင်၏ အသည်းပန်း
.............................အပိုင်း~ ၅..............................About Golden Royal University (GRU) and
Drangon Kingdom
တော်ဝင်မျိုးနွယ်များနှင့် ရာထူးအမြင့်ပိုင်းမင်းမှုထမ်း အချမ်းသာဆုံးစာရင်းဝင်သူဌေးသူကြွယ်တို့၏ သားသမီးများသာ တတ်ခွင့်ရသည့် university တစ်ခုဖြစ်သည်။
၉၅ရာခိုင်နှုန်းခန့်သော ကျောင်းသား ကျောင်းသူများအား နိုင်ငံ၏ ကဏ္ဍအသီးသီး နေရာအသီးသီးတွင် အောင်မြင်ကျော်ကြားသူများအဖြစ် Golden Royal University မှ နှစ်စဉ် အနာဂတ်ခေါင်းဆောင်ကောင်းများမွေးထုတ်လေ့ရှိသည်။
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ Drangon တိုင်းပြည်၏ မင်းနေပြည်တော်တည်ရှိရာ Drangon Heart ပြည်နယ်တွင် ဖွင့်လစ်ခဲ့သည်။
ကျောင်း၏ပိုင်ရှင်မှာ အိမ်ရှေ့စံမင်းသား ဧကရာဇ်ပြည့်ရှင်ဖြစ်၍ အိမ်ရှေ့စံမင်းသားလေးဖွားမြင်သည့်နေ့တွင် ကျောင်းမြေနေရာကို ဘုရင်မင်းမြတ်မှ အများပြည်သူတို့၏အခွန်ကင်းလွတ်သည့်
ဘုရင်ပိုင်စီးပွားရေးလုပ်ငန်းမှရသောငွေနှင့်သာ ဝယ်ယူခဲ့ပြီး အိမ်ရှေ့စံမင်းသားအား အထိန်းအမှတ် လက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုကျောင်းတွင်7states နှင့်ဖွဲ့စည်းတောင်ထောင်ထားသည့် Drangonတိုင်းပြည်၏ ပြည်နယ်ခွဲများဖြစ်သည့်
Drangon Heart State,
Drangon liver State,
Drangon Eyes State,
Drangon Nail State,
Drangon Mouth State,
Drangon Light State,
Drangon Glaxy State မှ သူဌေးသူကြွယ်,ရာထူးအမြင့်ပိုင်းမင်းမှုထမ်း, တော်ဝင်မျိုးနွယ်တို့၏ သားသမီးများသာတတ်ရောက်ခွင့်ရှိသည်။Drangon Kingdom ၏ မြို့တော်မှာ Drangon Heart Stateဖြစ်ပြီး ဧရိယာအကျယ်ဆုံးမှာ Drangon Glaxy State ဖြစ်ပြီး စစ်တပ်အခြေဆိုက်ရာမြို့ဖြစ်၍ Drangon Heart Stateနှင့် အနီးဆုံး ပြည်နယ်တစ်ခုဖြစ်သည်။
ဧရိယာအားဖြင့် အငယ်ဆုံးသောပြည်နယ်မှာ Drangon liver State ဖြစ်သည်။
Drangon Kingdom ၏ရာသီဥတုမှာ တစ်နှစ်ပတ်လုံး ဆောင်းဦးရာသီဥတုကိုခံစားရပြီး ဂျွန်လမှ အောက်တိုဘာလအထိ နှင်းမိုးရွာသွန်မှုကြောင့် ထိုလများသည် အခြားလများထက် အအေးဓာတ်ပိုသည်။
Drangon Kingdom ၏အဓိက စီးပွားရေးမှာ hotelလုပ်ငန်း,စိုက်ပျိုးမွေးမြူရေး,ရေလုပ်ငန်း,တွင်းထွက်တူးဖော်ရေးလုပ်ငန်း,ေရွှတူးဖော်ရေးလုပ်ငန်း,သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း,စက်မှုလက်မှုလုပ်ငန်း,ကုန်သွယ်ရေးတို့ကို အဓိကလုပ်ကိုင်ကြပြီး ရေနံတူးဖော်ရေးလုပ်ငန်းကိုအနည်းငယ်လုပ်ကိုင်လျှက်ရှိသည်။
စီးပွားရေးလုပ်ငန်းအများစုမှာ ပုဂ္ဂလိကပိုင်လုပ်ငန်းများသာဖြစ်ပြီး နိုင်ငံခြားသားရင်းနှီးမြှပ်နံခွင့်မှာ ၁၀%သာရသည်။
တိုင်းပြည်၏အဓိကလုပ်ငန်းများထဲမှ hotelလုပ်ငန်း,တွင်းထွက်တူးဖော်ရေးလုပ်ငန်း,သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း,ရွှေတူးဖော်ရေးလုပ်ငန်း,ကုန်သွယ်ရေးလုပ်ငန်း,စက်မှုလက်မှုလုပ်ငန်းတို့၏ ၉၀ ရာခိုင်နှုန်းခန့်ကို ရေမြေ့သခင် အရှင်ဘုရင်နှင့် တော်ဝင်မိသားစုကပိုင်ဆိုင်ပြီး ၁၀ ရာခိုင်နှုန်းခန့်မှာ ပုဂ္ဂလိကပိုင်ဆိုင်သည်။
KAMU SEDANG MEMBACA
👑 The King of Bae👰ခုပြည်တောင်ပြည့်ရှင် ၏ အသည်းပန်း (Ongoing)
Romansa👑 ဧကရာဇ်ပြည့်ရှင် မွေးဖွားလာရခြင်း တစ်ခုတည်းသောအကြောင်းအရင်းက ❄ကောင်းကင်ပန်း👑 👑 မတည်မြဲနေတဲ့ လောကကြီးမှာ တည်မြဲနေတဲ့အရာတစ်ခုက 👑 ကြယ်ကလေးကို ချစ်တဲ့အချစ်တွေလို့ပြောရလိမ့်မယ် 👑 ဧကရာဇ်ပြည့်ရှင်👑 👰 မွေးလာကတည်းက ကံမကောင်းလာတဲ့ ကြယ်လေးရဲ့ဘဝမှာ သူက...