သူ့ခန္ဓာကိုယ်ကို ရစ်နွယ်နေတဲ့ အပြာရောင် တောက်တောက်အမြီးတွေ ဟာ့.. အောက်ပိုင်းဆီက ခံစားရတဲ့ အေးစိမ့်စိမ့်ချွဲကျိကျိအထိတွေ့နဲ့မတူပဲ တောက်လောက်နေတဲ့ သူ့နှုတ်ခမ်းတွေ။ တစ်ခါတစ်ရံပါးစပ်ထဲ ရေတွေဝင်လာတတ်ပေမဲ့ များသောအားဖြင့် ထိုသူက ပြန်လည်ဆုပ်ယူသွားပေးတတ်တယ်။ အီဟန့်ရဲ့ ရှပ်င်္အကျီအောက်တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်အား အပေါ်အောက် စုန်ချီဆန်ချီပွတ်သပ်နေလေသော လက်ဖဝါးအကြီးကြီးတွေ။
အင်းး.. ဟွမ်းး .. ဟာ့
အီဟန်ဟာ ဒီအိပ်မက်ထဲကနေ ဘယ်နှကြိမ်မြောက်မှန်းမသိ ထပ်မံ နိုးထလာရပြန်ပြီ။ တကယ်ပါ သူ့မှာ တကယ်ကို ကြာလာလေ အရူးရင့်လာလေလေ။ အဲ့ဒီ့နေ့က သူအရာရာကို သတိလက်လွတ်ဖြစ်သွားပြီး နောက်နေ့မိုးလင်းတော့ ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ် တစ်ကိုယ်လုံး စပ်ဖြင်းဖြင်းနဲ့ နိုးထလာရတာ။ သူ့ခန္ဓာကိုယ်ပေါ်က နီညိုရောင် အကွက်ပေါင်းများစွာက ငါးတစ်ကောင်က ဆုပ်ခွက်နဲ့ လာရောက် ဆုပ်ယူထားသလိုမျိုး။
ဘယ်လို ငါးက သူ့ကိုဒါမျိုးလုပ်တာလဲ။ အဲ့တာထပ် ဘယ်လောက်အတိုင်းတာအထိ သူဟာ ဒီအထိတွေ့ကို စွဲလမ်းသွားခဲ့သလဲ။
ဘယ်သူဘယ်ကမှန်းလည်းလဲမသိ။
လူမှန်းလားလည်းမသိ ငါးမှန်းလားလည်းမသိ။သေချာတာကတော့ အဲ့နေ့ပြီးတည်းက ညစဉ်ညဆက် ဒီအိပ်မက်ကနေ သူလန့်လန့်နိုးရပြီး အမျိုးမည်မသိတဲ့ လွမ်းဆွေးသလိုလို ခံစားချက်နှင့်အတူ မျက်ရည်ဆက်လက်ကျလာရတာ။
ဒီနှစ်တွေအတွင်း သူငါးမျိုးစိပ်ပေါင်းများစွာကို လေ့လာခဲ့ပြီးပြီ အဲ့ဒီ့ညက ငါးက ဘယ်ငါးနဲ့မှမတူဘူး။ အင်း.. ဘာမှရေရေရာရာသက်သေပြစရာမရှိ လက်တွေ့မကျလွန်းလှတဲ့ ရေသူဆိုတဲ့ သတ္တဝါတွေကလွဲလို့ပေါ့။သူတကယ်ကို ရေသူတွေနဲ့ ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ ဇာတ်လမ်းပေါင်းများစွာ ရှာဖွေလေ့လာခဲ့ပြီးပြီ။ ဒါပေမဲ့ တိတိကျကျကို ဘယ်သူမှဘာမှမသိဘူး။ အဲ့လိုကနေ တကယ် သူပဲ အစွန်းရောက်လွန်ပြီး ရူးသွားရတော့မည်ထင်ပါရဲ့။
-
အီဟန်က ဒီနေ့လည်း ငါးတွေနဲ့ အချိန်ကုန်ဆုံးမိပြန်ပြီ။ သူ့စိတ်တွေက ရေအောက်မှာပဲ ရှိနေတာဘယ်လောက်ကြာပြီမှန်းမသိ။
YOU ARE READING
Under Water | Gongfourz
Fanfictionကင်မ်အီဟန် ငါးတွေကို အလွန်အကြူးစွဲလမ်းနေသည့်အကြောင်းအရင်း