6 화

196 32 4
                                    

သွားတိုက်ရင်း မှန်ကြည့်လိုက် နှုတ်ခမ်းပေါ်က ဒဏ်ရာကိုတို့ထိကြည့်လိုက်နှင့် ခေါင်းထဲ ညကအကြောင်းတွေက တရိပ်ရိပ်။ အပြာရောင်ဖန့်ဖန့်အမြီးတွေနဲ့အတူ အညိုရောင်မှတစ်ဆင့် ပြောင်းလဲသွားတဲ့ မျက်ဆန်ပြာပြာ။ ပြီးတော့ အဲ့ဒီ့ညက ခံစားချက်နှင့် တစ်ပုံစံတည်း တူညီတဲ့ ခံစားချက်မျိုးကို ညကရခဲ့တယ်။

ဒါတွေဟာ ထုံးစံအတိုင်း အိပ်မက်မက်နေသလိုလို တကယ်လက်တွေ့ဖြစ်နေသလိုလို ယောင်ဝါးဝါးပေမဲ့ နှုတ်ခမ်းထောင့်စွန်းက ဒဏ်ရာကတော့ အစစ်အမှန်ဆိုတာကို သက်သေပြနေသလိုပဲ။ သူ့ဦးနှောက်ထဲက ဇဝေဇဝါဖြစ်ခြင်းပေါင်းများစွာထဲမှာမှ ကြည်ကြည်လင်လင်မှတ်မိနေလေသောအရာက အနီရောင်ဖလန်နယ်လက်ရှည်အကွက်ပဲ။

" ကင်မ်အီဟန်ပြောစရာရှိတယ် ထွက်ခဲ့ "

ဟိုတစ်စ ဒီတစ်စဖြစ်နေတဲ့ အတွေးတွေက တောင်ခနဲမြည်လာတဲ့ နိုတီသံနဲ့အတူ ဝင်လာတဲ့ စာတိုဆီမှာရပ်တန့်သွားတယ်။ ထိုလူက အစ်ကို မြောင်ဂျယ်ဟျွန်း။ အထက်တန်းနောက်ဆုံးနှစ်ဆိုတဲ့ အလျောက် အီဟန့်ရဲ့ မိဘတွေက ဘေးအိမ်ကို အိမ်ပြောင်းလာလေသော စာတော်တဲ့ တက္ကသိုလ်ကျောင်းသားအစ်ကိုအား သူ့အတွက်ဂိုက်အဖြစ်ငှါးပေးခဲ့တယ်။ ဒါပါပဲ သူနဲ့အစ်ကိုဂျယ်ဟျွန်းက သာမာန်ဆရာတပည့်ဆက်ဆံရေး။

ဒါပေမဲ့ ထူးထူးဆန်းဆန်း အဲ့အစ်ကိုက သူဝိုးတဝါးဖြစ်နေလေသော မှတ်ဥာဏ်ထဲက အနီရောင်ဖလန်ထယ်ကွက်ကိုဝတ်ထားပြီး သူရှေ့မှ တစ်စုံတစ်ရာအား ထုတ်ပြောချင်သလို ရစ်သီရစ်သီ။

" ဒုံဟျွန်း.... အစ်ကို့အနေနဲ့ ဆရာတစ်ယောက်ဖြစ်လျက် ကျင့်ဝတ်မရှိ အတင့်ရဲတာတော့မဟုတ်ဘူး ဒါပေမဲ့ မင်းလည်းကျောင်းပြီးပြီ ငါတို့လည်း ဆရာတပည့်ဆက်ဆံရေးမျိုးမဟုတ်တော့ဘူး ဒါကြောင့်မို့လို့.... "

ဂျယ်ဟျွန်းပြောချင်တဲ့ စကားတွေက ပျက်ရှ ပျက်ရှဖြင့် သူ့ဦးနှောက်လေးထဲကို ဝင်တစ်ချက် မဝင်တစ်ချက်။

သေချာတွေးကြည့်မယ်ဆိုရင် အစ်ကိုဂျယ်ဟျွန်းအိမ်ပြောင်းလာတာရယ် ထိုရေသူနဲ့ ဖြစ်ခဲ့တဲ့ဇာတ်လမ်းရယ်က ရှေ့ဆင့်နောက်ဆင့်ပဲ။ သူလေ့လာရေးခရီးကပြန်ရောက်လာပြီး မကြာဘူး အစ်ကိုဂျယ်ဟျွန်းတို့က အိမ်ပြောင်းလာခဲ့တာ။ သူက အီဟန်နဲ့နီးစပ်ချင်လို့ လိုက်လာခဲ့တာလား???။

Under Water | Gongfourz Where stories live. Discover now