8 화

181 34 6
                                    


အီဟန့်ရဲ့ love life က အစစရာရာအဆင်ပြေချောမွေ့ခြင်းတွေနဲ့စတင်ခဲ့တယ်။ အခုထိလည်း အဆင်ပြေပါတယ်။ အစ်ကိုဂျယ်ဟျွန်းက အစစအရာရာ ဂရုစိုက်ပေးပြီး သူ့ကို မျက်နှာတစ်ချက်မညှိုးစေသည်အထိကို ကောင်းပေးတယ်။ ဒါပေမဲ့ ဘာအရာကများ သူ့စိတ်ကို မသိုးမသန့်ဖြစ်နေစေတာပါလဲ။

ဆံပင်တွေ လာဆွဲဖွတတ်တာခြင်းအတူတူကိုပဲ ထယ်ဆန်းဖွတုန်းက ဒီလောက် မသိုးမသန့်ဖြစ်သလိုမခံစားရဘူး။ မနှစ်သက်တာတော့အမှန်ပေမဲ့ သူ့ဆံနွယ်ထဲ တိုးဝင်လာတတ်တဲ့ ထယ်ဆန်းရဲ့ လက်ချောင်းရှည်တွေက အထူးတလည် ဆိုးရွားတဲ့ စိတ်ခံစားချက်မဖြစ်ခဲ့ဘူး။ ဂျယ်ဟျွန်းနဲ့ကြတော့ကော ...?? ဆိုးရွားလှတယ်မဟုတ်ပေမဲ့ သူ့စိတ်ကို မသိုးမသန့်ဖြစ်စေတယ်။ နေသားမကျဘူး။ မကြိုက်ဘူး။ စိမ်းသက်တယ်။

အာ.. အရူးလိုပဲ။ ဘာတွေ နှိုင်းယှဉ်မိတာလဲ။ အမြဲတမ်းအဲ့လိုပဲ။
ထယ်ဆန်းဆီရောက်ရောက်သွားတတ်တဲ့ အတွေးတွေကို ပြန်ရုတ်သိမ်းရတာဟာလည်း အခေါက်ပေါင်းများစွာပဲ။

တင်းနေတဲ့ စိတ်တွေက အကြောင်းပြချက်မဲ့စွာ ဖြေလျော့မရတဲ့အခါ သူ့စိတ်ပဲ ပိုမွန်းကြပ်ရတယ်။ ဒီအနေအထားမှာ အီဟန်က သူ့စိတ်သူနားမလည်တော့ဘူး။

ညစဉ်ညတိုင်း မကောင်းလှတဲ့ အိပ်မက်ဆိုးတွေရန်ကြောင့်လည်း သူ့သန်းခေါင်ယံတွေဟာ ဆွေးဆွေးမြည့်မြည့်ပဲ။ အစ်ကို ဂျယ်ဟျွန်းလက်ဆောင်ပေးထားတဲ့ dream catcher ကလည်း သူ့ရဲ့ စက်ဆုပ်ဖွယ်ညတွေကို မကယ်တင်ပေးနိုင်လှဘူး။

ရင်ထဲတစ်ဆို့နေတဲ့ အပူတွေကို လျော့ပါးသွားလေအောင် သက်ပြင်းရှည်ရှည်ချတော့ ဘေးက အစ်ကိုဂျယ်ဟျွန်းဟာ ကပြာကယာမေးလာရှာပါတယ်။

" ဘာဖြစ်လို့လဲ ဒုံဟျွန်း "

" ဒီလိုပါပဲ "

သူ့ရဲ့ အမေးကို အောင့်သက်သက်ဖြေလိုက်တဲ့အခါ အစ်ကိုက လမ်းလျှောက်နေရင်း တန့်ခနဲ ရပ်သွားတယ်။ သူ့မျက်လုံးဝိုင်းတွေမှာလည်း ရှုပ်ထွေးခြင်းအပြည့်နဲ့။

" ဒုံဟျွန်း မင်းကိုယ့်ကိုချစ်တာမှန်ရဲ့လား "

" ချစ်တယ်လေ လူငါး "

Under Water | Gongfourz Where stories live. Discover now