Part 1

497 20 3
                                    

သူငယ်ချင်းကို သဘောကျမိတာရဲ့ ကောင်းကျိုးများ
- Shared history : တစ်ယောက်အကြောင်း တစ်ယောက်ကောင်းစွာသိပြီး အမှတ်တရများစွာ ရှိသည့်အတွက် သံယောဇဉ် နှောင်ကြိုးကို ပိုမိုခိုင်ခံ့စေပြီး ဆက်ဆံရေးကို ပိုမိုအဓိပ္ပာယ်ရှိစေပါသည်။

- Understanding : သူငယ်ချင်းကနေ ချစ်သူဖြစ်လာခြင်းက တစ်ဦးနဲ့တစ်ဦးရဲ့ ကြိုက်တဲ့အရာတွေ၊ မကြိုက်တဲ့အရာတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုမိုနားလည်လာစေတဲ့အတွက် အချစ်ရေးမှာ အထင်အမြင်လွဲမှားမှုတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

- Communication : သူငယ်ချင်းတွေက များသောအားဖြင့် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံလေ့ရှိတယ်။ အဲ့ဒီအတွက် အချစ်ရေးမှာလည်း ဆက်ဆံရေးကို ပိုမိုလွယ်ကူချောမွေ့စေပါတယ်။

*တကယ်ကို အဓိကကျတဲ့ အချက်တွေချည်းပဲရော။ ဒါဆို မကောင်းတဲ့အချက်တွေကရော?

- Fear of Ruining the Friendship : အချစ်ရေးခံစားချက်တွေကို ဖွင့်ပြောလိုက်တဲ့အခါမှာ ရှိရင်းစွဲသူငယ်ချင်းဆက်ဆံရေးကို ပျက်စီးမှာကြောက်တဲ့အတွက် တုံ့ဆိုင်းတာ ဒါမှမဟုတ် တွန့်ဆုတ်တာတွေကို ဖြစ်စေပါတယ်။

- Risk of Losing the Friendship : အချစ်ရေး အဆင်မပြေပါက ခင်မင်ရင်းနှီးမှု လုံးဝဆုံးရှုံးနိုင်ခြေရှိသည်။ သို့မဟုတ် သူငယ်ချင်းဆက်ဆံရေးတွင် တင်းမာမှုနှင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ခြေရှိသည်။

- Compatibility Issues : သူငယ်ချင်းဆက်ဆံရေးသည် အချို့သောကဏ္ဍများတွင် လိုက်ဖက်ညီမှုများ ရှိနိုင်သော်လည်း အချစ်ရေးတွင်တော့ ကွဲပြားမှုများစွာရှိလာနိုင်သည်။

* ကျန်တဲ့အချက်တွေကို ဆက်မဖတ်နိုင်တော့ဘူးပဲ။ ကောင်းတာတွေရော ဆိုးတာတွေရောရှိနေတာမှာ သူနဲ့ သူငယ်ချင်းဆက်ဆံရေးလေး ပျက်လို့တော့ လုံးဝမဖြစ်ဘူး။

*အဲဒီတော့ ငါကအဲ့ဒီကောင်ကို ဖွင့်ပြောရမှာလား။ ဒီတိုင်းပဲနေရမှာလား။
အား!! တကယ်မသိတော့ဘူး။

ဆောင်ဟွန်းတစ်ယောက် ကွန်ပျူတာ ရှေ့တွင်သိလိုသမျှရှာကြည့်ရင်း အဖြေရှာနေမိသည်။
Chat GPT, Google, Browser, Chrome အကုန်လုံးတွင် အကြောင်းအရာက တစ်ခုတည်းသာ။ ကွန်ပျူတာကသာ အသက်ရှိလျှင် ဆောင်ဟွန်းကို ငတုံးကောင် ဒါကလွဲပြီးတခြားမမေးတတ်တော့ဘူးလား၊ ငါဘယ်လောက်ပြောပြောလည်း မင်းဘာလို့နားမလည်နိုင်ရတာလဲ ဟု ကျိန်ဆဲနေလောက်မည်။

A Heart of SunflowerWhere stories live. Discover now