'ကျွန်မတို့ တစ်ရက်လောက်တွေ့ကြရအောင် ဆောင်ဟွန်း'
'မနက်ဖြန် ကျောင်းဆင်းရင် ဆောင်ဟွန်းတို့လမ်းထိပ်က ကော်ဖီဆိုင်မှာစောင့်နေမယ်နော်'ဆောင်ဟွန်းတစ်ယောက် သင်ခန်းစာများကို ပြန်လည်လေ့လာပြီးနောက် ဖုန်းကြည့်နေရင်း ရုတ်တရတ် ဖုန်းမှမက်ဆေ့ချ်ဝင်လာသံ ကြားလိုက်ရသည်။ တစ်စုံတယောက်က တစ်ခုခုအရေးကြီးတဲ့အကြောင်း အသိပေးခြင်းဟုတ်မဟုတ် စစ်ဆေးကြည့်မိတော့ ဆူဟာက သူမနှင့်တွေ့ရန်ချိန်းဆိုထားခြင်းပင်။
ဆောင်ဟွန်းနှင့်လည်း မရင်းနှီးသည့် မိန်းကလေးတစ်ယောက်က ယခုလိုစာပို့လာသည်မှာ ကျိန်းသေပေါက် ဂျုံဆောင်းနှင့်ပတ်သက်သည့်ကိစ္စကလွဲလို့ အခြားမရှိနိုင်ပါ။ ဆောင်ဟွန်းလည်း ပြန်ပြောလိုစိတ်မရှိသဖြင့် စာမပြန်ဘဲနေမိသည်။
ပြဿနာကို အတတ်နိုင်ဆုံးရှောင်တတ်သူ ဆောင်ဟွန်းအတွက် ပြဿနာကသူ့ကို မီးခွက်ထွန်းပြီးရှာနေသကဲ့သို့ပင်။ မည်သို့ပင် လွတ်အောင်ရှောင်ပါသော်လည်း တည့်တည့်လာတိုးသည်ကများသည်။
အခုလည်း ဆူဟာနှင့်ပြဿနာမဖြစ်ချင်၍ ကျောင်းကအပြန် ကော်ဖီဆိုင်သို့မဝင်ဘဲ ခပ်တည်တည်လျှောက်သွားရန်ပြင်သော်လည်း ဆူဟာက ဆိုင်ရှေ့တွင်ရပ်စောင့်နေသည်။ မထူးတော့သည့်အတူ လာမယ့်ဘေး ပြေးတွေ့တာကောင်းသည် ဟူသောစိတ်နှင့်ပင် ဆူဟာနှင့်အတူ ဆိုင်ထဲဝင်သွားဖြစ်သည်။
''အခုလိုတွေ့မယ်လို့ ပြောရတဲ့အတွက် အားနာမိပါတယ်။ တစ်ခုခုသောက်ဦးမလား။''
''ကျွန်တော်ကဒီကို ဆူဟာနဲ့အတူ ပျော်ပျော်ပါးပါးမုန့်စားဖို့လာတာ မဟုတ်ပါဘူး။
ကွေ့ဝိုက်မနေဘဲ လိုရင်းကိုပဲပြောပါ။''ဆောင်ဟွန်းလည်း စိတ်မရှည်ဟန်ပြောမိတော့ သူမကပြုံးသည်။ အဲ့ဒီနောက် ဆောင်ဟွန်း၏အရှေ့သို့ လက်ပတ်တခုကို ထိုးပြသည်။
''ကောင်းပြီလေ။ ဒါဆိုလည်း ဒဲ့ပဲပြောပါတော့မယ်။
ဒီလက်ပတ်ကိုသိတယ်မဟုတ်လား။ ဒါက ကျိန်းသေပေါက် ဆောင်ဟွန်းက ရွေးပေးခဲ့တာမလား။''''ဘာလို့လဲ''
'' အဲ့ဒီဘက်ရဲ့ စိတ်ရင်းအမှန်ကို သိနေတဲ့ကျွန်မအတွက် အခုလိုမျိုး ဂျုံဆောင်းနဲ့ အတူတူ တပူးပူးတတွဲတွဲနဲ့ သွားလာနေပြီး ကျွန်မစိတ်ခုနေမိတဲ့ တစ်စုံတယောက်က ရွေးပေးတဲ့အရာတွေကို လက်ခံနေရတာ သိပ်တော့ဘဝင်မကျချင်ဘူး။
အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ဂျုံဆောင်းနဲ့ခပ်ကင်းကင်းနေပေးပါ။''
ဆောင်ဟွန်းလည်း စိတ်ကုန်လွန်းသဖြင့် မသိမသာသက်ပြင်းချရန်သာ တတ်နိုင်တော့သည်။ ဒေါသထွက်ရလွန်းသဖြင့် စိတ်ငြိမ်စေရန် ရှေ့တွင်ချပေးထားသောရေခွက်ကို အတည်ငြိမ်ဆုံးယူသောက်မိသည်။ အဲ့ဒီနောက်တွင်မှ အသာပြုံးရင်း
YOU ARE READING
A Heart of Sunflower
FanfictionWritten in Burmese. 99% relied on Google because I do not know much about friends to lovers. I got the idea for plot while I was listening to Dreamcatcher's song 'A Heart of Sunflower'. Thank you very much to each person who took the time to read my...