ဒီနေ့ ပထမဆုံးကျောင်းတက်ရက်။
မြေပြင်ဆီကိုအရှိန်ပြင်းပြင်းနဲ့ကျဆင်းနေတဲ့ မိုးရေစက်တွေကို ဆောင်ဟွန်းကြည့်ရင်း သက်ပြင်းအခါခါချနေမိသည်။ ဒီနှစ်လည်း ထီးမပါခဲ့ပြန်ပါ။ ဂျုံဆောင်းက ဆူဟာနှင့်အတူပြန်မည်ဟုဆိုကာ သွားနှင့်ပြီ။ တခြားသူငယ်ချင်းများကလည်း ပြန်ကုန်ပြီ။ မေမေတို့ကို လာကြိုဖို့ပြောမယ်လုပ်သော်လည်း ဖုန်းကမကိုင်။ မိုးရေထဲဖြတ်ပြန်ရမလားတောင် တွေးမိသည်။''ကျစ်...မိုးကလည်း ဒီနေ့မှပဲ ကောင်းနေတော့တယ်။''
တစ်ယောက်တည်း ငြီးငြူနေရင်း ရင်းနှီးသည်ထပ်ပိုသောအသံကို ကြားလိုက်ရသည်။''ပတ်ဆောင်ဟွန်းက အရူးပဲ။ ထုံးစံအတိုင်း ကျောင်းစဖွင့်တဲ့နေ့ကတည်းက ထီးကိုမယူလာဘူး။''
''ဂျုံဆောင်း? မင်းပြောတော့ ဆူဟာနဲ့ပြန်မှာဆို။''
''အေးလေ။ ဒါပေမယ့် အမှတ်မရှိတဲ့တစ်ယောက်သောသူက မိုးရေထဲကိုဖြတ်ပြေးမလို့လုပ်နေတာကို ငါကဘယ်လိုလုပ် မသိချင်ယောင်ဆောင်ရမလဲ။ မိုးမိပြီးရင် မင်းပဲဖျားကျန်ခဲ့မှာလေ။''
''ဒါပေမယ့် မင်းက ထီးကိုတစ်ယောက်ယောက်နဲ့ အတူတူဆောင်းရတာမျိုးကို မကြိုက်ဘူးမလား''
''မကြိုက်ပေမယ့် ငါမခေါ်ရင် မင်းတစ်ယောက်တည်းဖြစ်နေမှာလေ။ စကားမများနေဘဲ ဒီတိုင်းလိုက်ခဲ့စမ်းပါ။''
ပွစိပွစိနှင့် အဆူခံနေရသော်လည်း ပြုံးလိုက်မိပါသည်။ ဘာလို့ဆို ဂျုံဆောင်းက သူ့ကိုစိတ်ပူပေးနေသည်မဟုတ်လား။ ဆူဟာနဲ့အတူပြန်ပြီး သူ့ကိုထားခဲ့လို့ရတာတောင် မထားခဲ့။ သူ့ဘက်ကို ပိုပိုသာသာစောင်းပေးထားတဲ့ ထီးကိုမြင်မိတော့ ရင်ထဲမှာ နွေးထွေးလာသလိုပင်။ ဘယ်ဘက်ရင်အုံထဲက အကောင်ငယ်လေးကလည်း အလိုက်မသိ ခုန်ပေါက်နေတာများ သူနဲ့အနီးဆုံးမှာဖြစ်နေတဲ့ ဂျုံဆောင်းကြားသွားမှာတောင်စိုးရသည်။ ဖြစ်နိုင်လျှင် ယခုလက်ရှိအချိန်ကာလလေးတွင်သာ ရပ်တန့်ထားချင်မိသည်။
နေ့လယ်ဘက်ကတည်းက သည်းသည်းမဲမဲ ရွာနေသောမိုးသည် ညစာစားပြီးသည်အထိ အရှိန်အဟုန်နှင့်ရွာသွန်းမြဲ။ ညနေက မိုးမိထားသည်မို့ အအေးမမိအောင် ဆေးကြိုသောက်ထားရသည်။ တဖြည်းဖြည်း ပိုပိုအားကောင်းလာတဲ့ မိုးရေစက်များကိုကြည့်ရင်း ဆောင်ဟွန်း၏အာရုံများက အတိတ်ကာလဆီသို့...
YOU ARE READING
A Heart of Sunflower
FanfictionWritten in Burmese. 99% relied on Google because I do not know much about friends to lovers. I got the idea for plot while I was listening to Dreamcatcher's song 'A Heart of Sunflower'. Thank you very much to each person who took the time to read my...