Part 4 (Final)

311 16 1
                                    

အခုရက်ပိုင်း ဆောင်ဟွန်းက ဖျားနေတာကြောင့် ကျောင်းမသွားနိုင်။ ထို့ကြောင့် ညနေပိုင်းတွင် ဂျုံဆောင်းက ဆောင်ဟွန်းတို့အိမ်တွင် ဆောင်ဟွန်းကိုပြုစုရင်း တစ်ရက်တာလွတ်သွားသော စာများကို ကူရေးပေးပြီး တွက်စာများကိုလည်း ရှင်းပြဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဆောင်ဟွန်းမွေးနေ့ပွဲမတိုင်ခင်ကတည်းက ဖွင့်ပြောမည်ဟုပြင်ဆင်ထားသော ဂျုံဆောင်းမှာ အခုလို အထက်တန်းဒုတိယနှစ်ရောက်လာသည်အထိ အကောင်အထည်မဖော်ရသေးပေ။ ဂျုံဆောင်းဘက်က သေချာနေသော်လည်း ဆောင်ဟွန်း၏စိတ်ကို မသိနိုင်သေးသောကြောင့်ပင်။

အချိန်အကြာကြီး တည်ဆောက်လာရတဲ့ ဆက်ဆံရေးတစ်ခုက တစ်ခဏအတွင်း ပျက်စီးသွားပြီး နှစ်ဦးနှစ်ဖက် အနေခက်ရမည်ကို ဂျုံဆောင်းမလိုလားပါ။ ဆောင်ဟွန်း၏ညီမလေးရယ်ဂျီကတော့ ဂျုံဆောင်းကိုတွေ့တိုင်း သက်ပြင်းတချချလုပ်နေသည်။

ဒီကနေ့ ဆောင်ဟွန်းတို့အိမ်သို့ ဂျုံဆောင်းရောက်လာတော့ ဆောင်ဟွန်းက အိပ်ပျော်နေသည်။ တစ်ခုခုကိုဝန်ခံရမည်ဆိုလျှင် ဆောင်ဟွန်းက နေမကောင်းဖြစ်နေတာတောင် ကြည့်ကောင်းနေသေးသည်ပင်။ နဂိုနီစွေးနေသော နှုတ်ခမ်းတို့က အရောင်အနည်းငယ်ဖျော့နေသောငြား၊ နဂိုဖြူသောအသားအရည်က ပုံမှန်ထက်ပို၍ ဖြူနေသော်ငြား ချောမောနေဆဲပင်။

''ဘယ်လိုအရူးကများ စာအုပ်ကိုဖက်ပြီး အိပ်တာပါလိမ့်နော်''

ဆောင်ဟွန်းကို ခေတ္တမျှငေးနေမိရင်း သတိဝင်လာတဲ့အချိန် လက်ထဲတွင်ကိုင်ထားသော စာအုပ်တစ်အုပ်ကို သတိထားမိသည်။ ဂျုံဆောင်းသေချာကြည့်မိတော့ ဒိုင်ယာရီစာအုပ်ပင်။ နိုးသွားမည်စိုးသော်လည်း ဒီအတိုင်းထားရင် သက်သောင့်သက်သာမဖြစ်မှာစိုး၍ စားပွဲပေါ်သို့ ပြောင်းတင်ပေးထားရန် ကြိုးစားမိသည်။

''အာလူးလေးရဲ့ ဒိုင်ယာရီ''

ဆောင်ဟွန်းမနိုးစေရန် လက်ထဲမှစာအုပ်ကိုသေချာလေးပြောင်းယူပြီး စားပွဲပေါ်သို့တင်ပေးချိန်တွင် စာအုပ်ပေါ်၌ရေးထားသော နာမည်လေးတစ်ခုကို တွေ့လိုက်ရသည်။
အနည်းငယ် စိတ်ဝင်စားမိသော်ငြား တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်ချင်တာကြောင့်  မကြည့်မိစေရန် ကြိုးစားသော်လည်း စာအုပ်ကြားထဲမှ ထွက်ကျလာသော ဓာတ်ပုံလေးတစ်ပုံက စာအုပ်ကိုဖွင့်ကြည့်ရန် ဆွဲဆောင်နေခဲ့သည်။

A Heart of SunflowerWhere stories live. Discover now