Chapter 136

1K 150 0
                                    

Unicode

ကုမျန်သည် သူမ၏ဖုန်းကို ပိတ်ထားရမည်မှန်းပင် မသိလိုက်သောကြောင့် လော့ချယ်၏ Weibo ပို့စ်ကို ပြန်တင်ပြီး သိပ်မကြာခင်မှာပဲ သူမ၏အေးဂျင့် လီနန်ဆီမှ ဖုန်းဝင်လာခဲ့၏။
လီနန်သည် သူမကို Weibo မှာ Follow လုပ်ထားပြီး အထူးတလည်ပင် အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့် ကုမျန် Weibo ၌ ပို့စ်တင်သည့်အခါ သူသည် သတိပေးချက်မက်ဆေ့ချ်တစ်ခု ရရှိခဲ့တာပင်။

ကုမျန်က ဖုန်းဖြေလိုက်သည်။ ဖုန်း၏အခြားတစ်ဖက်ရှိ လီနန်၏အသံမှာ အနည်းငယ် လေးနက်နေပြီး "မျန်းမျန်၊ မင်း လော့ချယ်နဲ့ တွဲနေတာလား"

ထိုမှသာ သူမနှင့်လော့ချယ်တို့ တွဲနေကြောင်းကို သူမ၏အေးဂျင့်နှင့် လက်ထောက်တို့ပင် မသိထားမှန်း ကုမျန် သဘောပေါက်သွားရသည်။ ရှောင်ကျူးသည် ‌သူမနှင့်လော့ချယ်တွင် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိနေသည်ဟု စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း လီနန်သည်တော့ အမှန်တကယ်ပင် မသိပေ။

ထိုသို့တွေးကြည့်မိတော့ သူမသည် တကယ့်ကို ကျိုးကြောင်းဆီလျော်သည့် အနုပညာရှင်တစ်ယောက်မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် လူသိရှင်ကြားဆက်ဆံရေး ထုတ်ဖော်ခြင်းကဲ့သို့ အရေးကြီးသောအရာကို သူမ၏အေးဂျင့်အား ကြိုမပြောခဲ့ပေ။

လီနန်သည် သူမ၏လှုပ်ရှားမှုကြောင့် သတိမမူမိဖြစ်သွားလောက်သည်။

ထို့ကြောင့် ‌လီနန်၏မေးခွန်းကိုကြားပြီးနောက် ကုမျန်က"ဟုတ်တယ်"

လီနန်သည် အသက်ပြင်းပြင်းရှူလိုက်ရင်း "ဘယ်တုန်းကတွဲတာလဲ"

ကုမျန်သည် နှုတ်ခမ်းကိုအသာအယာ ဟလိုက်ရင်း ရိုးရိုးသားသားဖြင့် "Ask the immortal မရိုက်ကူးခင်ကတည်းက"

လီနန် အသက်ပြင်းပြင်းရှူမိသွားရသည်။ ကုမျန်သည် လော့ချယ်နှင့် အတော်ကြာကြာတည်းက ရှိနေခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားမိ‌ခဲ့ချေ။

သူက နှစ်စက္ကန့်လောက် စဉ်းစားလိုက်၏။ “ဦးတည်ရာကို ကူညီထိန်းချုပ်ပေးဖို့ ကုမ္ပဏီက ရေတပ်ဝယ်ထားပေမယ့် မုန်တိုင်းအတွက် ပြင်ဆင်ထားဖို့ လိုအပ်နေတုန်းပဲနော်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now