*****
*၁လခန့်ကြာသောအခါ**ခါတိုင်းနဲ့မတူဘဲအေးစက်ငြိမ်သက်နေသောbreakfastဝိုင်းတစ်ခု*
Jay's dad : တိတ်ဆိတ်နေကြပါလား ပြောပါအုံး မနေ့ကအဖေခရီးသွားတုန်းဘာတွေဖြစ်ထားကြပြန်ပြီလဲ
Jay : ဘာမှမဖြစ်ပါဘူးအဖေ
Jake : ဂျိတ်ခုသွားတော့မယ်နော်ဦး အတန်းရှိသေးလို့
Jay's dad : အော် ဟုတ်ပြီသား ကားကိုဖြေးဖြေးမောင်းနော်
Jake : ဟုတ်
*Jakeနဲ့Jayကဝမ်းကွဲညီအကိုဆိုပေမယ့်နှုတ်မဆက်နိုင်လောက်အောင်ဖြစ်မည့်ဆက်ဆံရေးမျိုးမဟုတ်*
*****
*မနေ့က*Jay : မင်းကလည်းကွာ ဟိုကရိုက်မသတ်သွားတာကံကောင်း ㅎㅎㅎㅎㅎ
Kino : ဟာ ကိုယ့်သူငယ်ချင်းကိုကိုယ်ပြောရက်တယ်နော်
Jay : ㅎㅎㅎㅎㅎ
Kino : ခဏ ဟိုမှာ မင်းချာတိတ်မဟုတ်လား
Jay : ဟုတ်တယ် ငါခဏသွားလိုက်အုံးမယ် မင်းသွားနှင့်
Kino : ဟုတ်ပါပြီ" ချစ်ချစ်ကိုတွေ့တော့လည်းသူငယ်ချင်းကိုပစ်ပြီပေါ့ကွာ
Jay : မင်းမှာမှမရှိတာ ဘယ်သိပါ့မလဲㅎㅎㅎㅎㅎ
Kino : အေး ပြောထားအုံးပေါ့ကွာㅎㅎ သွားတော့မယ် မြန်မြန်လိုက်လာခဲ့အုံး
Jay : အင်းပါ..
*တစ်ယောက်ထဲရှိနေသောသူ့ချစ်ရသူလေးဆီအပြေးသွားနေချိန် သူ့ချစ်သူလေးဘေးကိုလူတစ်ယောက်ဝင်လာမှုကြောင့် ခြေလှမ်းတို့သည်ထိုနေရာတွင်ဘဲ ရပ်တန့်သွားသည် ထိုလူသည်လည်းတခြားသူမဟုတ် သူ့ရဲ့ဝမ်းကွဲညီဂျိတ်*
*Aww ဘာမှမဖြစ်ပါဘူးဆိုပြီးခြေလှမ်းများကိုရှေ့ဆက်တိုးမည်အလုပ် သူ့ခြေလှမ်းများထက်စော၍ သူ့မြတ်နိုးရာလေးရဲ့ပါးပြင်ပေါ်ကိုတစ်ပါးသူရဲ့နှုတ်ခမ်းကရောက်နှင့်လေပြီ*
*ကိုယ်သိပ်ချစ်ရတဲ့ချစ်သူရဲ့ပါးပြင်ကို ကိုယ်သိပ်ချစ်ရတဲ့ညီဝမ်းကွဲကနမ်းတာကို ကိုယ့်မျက်စိရှေ့မှာဘဲမြင်ရသည်မှာအဘယ့်လောက်နာကျင်ဖွယ်ကောင်းမည်နည်း*
YOU ARE READING
One upon a time
Fantasyred flag typeလေးရေးပေးပါဆိုလို့ red flag typeလေးကလေ တစ်ခါမှမရေးဖူးတာမို့အမှားပါတာရှိရင်ခွင့်လွှတ်ပေးပါရှင့်