*************
*📞*
Heeseung : Hello..Niki : အကိုဟီဆွန်း.. ဒီမှာဆောင်ဟွန်းဟျောင်းမူးနေလို့ လာခေါ်ပါအုံး
Heeseung : အခုဘယ်မှာလဲနီခီ ကိုယ်အခုချက်ချင်းလာခဲ့မယ်
*****
Heeseung : ဒီလောက်တောင်သောက်ထားတာလားSunoo : ဟုတ်တယ်ဟီဆွန်းဟျောင်းရေ~ တားတာလည်းမရဘူး
Niki : ဆောင်းဟွန်းဟျောင်းကို အကိုဟီဆွန်းဘဲလိုက်ပို့ပေးလိုက်တော့နော် ကျနော်ကကျနော့်ရဲ့ဟျောင်းကိုလိုက်ပို့ပေးရမှာမို့လို့~
Heeseung : အင်းပါ ဟွန်းကိုစိတ်ချပါ
*နီခီတို့ပြန်သွားတော့ ဟီဆွန်းကဆောင်ဟွန်းကိုပွေ့ချီလိုက်သည်*
Sunghoon : ကျနော့်ကိုလာကြိုတာလားကိုကို.. *ဟီဆွန်းပါးကိုလက်လေးဖြင့်ညင်သာစွာကိုင်လိုက်သည်*
*ကျနော်ခဏတာကြောင်အအဖြစ်သွားသည် ကျနော်ချစ်ရသူသည်ကျနော်ကို“အကို”လို့ပဲအမြဲခေါ်နေကျဖြစ်၍ကျနော့်ဘက်ကကိုယ့်ကိုယ်ကို“ကိုကို”လို့နာမ်စားသုံးရင်တောင်သူကတော့မခေါ်.. ရုတ်တရက်“ကိုကို”လို့ခေါ်တော့ပျော်သွားသည်လားဘဲ*
Sunghoon : ကိုကို.. ချာတိတ်ကလေ ကိုကို့ကိုအရမ်းးးးအရမ်းချစ်တာဗျ.. သိလား.. ဟမ်..
*ဟုတ်သား.. ကျနော်အရေးကြီးသောအချက်တစ်ချက်ကိုမေ့သွားသည်.. ထိုအချက်မှာကျနော်ချစ်ရတဲ့သူမှာ သူချစ်ရတဲ့သူရှိသည်..*
******
*ကားမောင်းနေစဉ် ဘေး၌အေးအေးချမ်းချမ်းဖြင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာသောပင်ကွင်းလေး🐧ကိုတစ်ချက်ကြည့်မိကာကားကိုဆက်မောင်းသည်.. မျက်ရည်များနှင့်အတွေးပေါင်းသောင်းခြောက်ထောင်ဖြစ်မိသည်..**ခင်ဗျားတို့ဖြစ်ဖူးလား.. ကိုယ်ချစ်တဲ့သူကကိုယ့်ကိုယ်လည်းမချစ်ဘူး.. ဒါပေမယ့်ငြင်းလည်းမငြင်းဘူး.. ကြိုးရှည်ရှည်နဲ့လှန်ထားတယ်ပြောရအောင်လည်းသူကဘာတပ်မက်စိတ်မှမရှိတဲ့ကလေးတစ်ယောက်လိုပါဘဲ.. ကျနော့်ဘဝမှာသူများအပိုင်ကိုတပ်မက်မိလိမ့်မယ်လို့တစ်ခါမှမတွေးကြည့်ဖူးဘူး.. ကိုယ်ပိုင်ဆိုင်ဖို့ခြေတစ်လှမ်းသာလိုတော့တဲ့သူကိုလည်းတစ်ပါးသူနဲ့ဝေမျှပြီးချစ်ရမယ်လို့လည်းမထင်မိဖူးဘူး.. မဟုတ်ဘူး.. ကျနော်ကတစ်ယောက်ထဲ.. အသွားပြီးရင်အပြန်မရှိတော့တဲ့ချစ်ခြင်းနဲ့ချစ်နေရတဲ့သူ..*
YOU ARE READING
One upon a time
Fantasyred flag typeလေးရေးပေးပါဆိုလို့ red flag typeလေးကလေ တစ်ခါမှမရေးဖူးတာမို့အမှားပါတာရှိရင်ခွင့်လွှတ်ပေးပါရှင့်