Sunghoon : ကိုကို ဘာလို့လာတာနောက်ကျနေတာလဲ
Jay : ဒီလိုပါဘဲ အလုပ်ကိစ္စလေးတွေရှိလို့ပါချာတိတ်ရယ်
Sunghoon : ချာတိတ်နဲ့တွေ့နေတဲ့အချိန်တောင်အလုပ်ကိစ္စကိုဘဲဦးစားပေးနေတာပေါ့လေ ကိုကိုချာတိတ်ကိုမချစ်ဘူးဘဲ ဟွန့်
Jay : ချစ်တာပေါ့ဗျာ ကိုကို့ရဲ့သက်ဆိုင်သူလေးကိုမချစ်ဘဲဘယ်နေပါ့မလဲ
Sunghoon : ဘယ်လောက်ထိချစ်လဲ ကိုကို
*ဘယ်လောက်ထိချစ်လဲတဲ့ ချာတိတ်ကို့ကိုလိမ်နေတာတောင် ဖုံးကွယ်ထားတာတောင် ဘယ်လိုကချာတိတ်ရဲ့ပုံစံအမှန်လဲသိနေတာတောင် အမှန်ကိုဘေးဖယ်ပြီးချာတိတ်ရဲ့လိမ်ညာမှုတွေကိုဘဲရူးရူးမိုက်မိုက်ယုံရဲတဲ့ထိပေါ့ကွာ ဒါကြောင့်ကို့ကိုတကယ်မချစ်ခဲ့ရင်တောင်“ချစ်တယ်”လို့ဘဲဆက်ပြီးမုသားစကားတွေပြောပေးပါချာတိတ် ကိုကိုကချာတိတ်ရဲ့မုသားတွေကိုအစွဲကြီးစွဲလမ်းနေမိပြီမို့...*
Sunghoon : ဟွန့် ဘာတွေတွေးနေပြန်ပြီလဲ ချာတိတ်မေးတာတောင်မဖြေဘူး
Jay : ဘယ်လောက်ထိချစ်လဲဆိုတော့ ဘယ်အရာကအကြီးဆုံးလဲစဉ်းစားနေတာ ချာတိတ်ကိုချစ်တဲ့အချစ်ကိုuniverseကြီးတစ်ခုလုံးပေါင်းရင်တောင်မယှဉ်နိုင်လို့လေ
Sunghoon : စကားတတ်ကြီး ㅋㅋㅋㅋ *ကလေးတစ်ယောက်လိုဖြူစင်စွာရယ်ရင်းဂျေးရဲ့ပုခုံးထက်ကိုခေါင်းမှီချလိုက်သည်*
Jay pov::: ကျနော် ဒီအခိုက်အတန့်လေးကိုဘဲဆက်ထိန်းထားချင်မိတယ် ဘာမှမပြောင်းလဲဘဲ.. ဒီအတိုင်းလေး...
*စကားဝိုင်းသည်ပြန်လည်ငြိမ်သက်သွားသည်မှာသစ်ရွက်လေးမြေပေါ်ခသည့်အသံတောင်ကြားရမတတ်ပင်*
Sunghoon : ကိုကို ဘာဖြစ်နေတာလဲဟင်
Jay : ဘာမှမဖြစ်ပါဘူးဗျာ
*ပြုံးပြုံးလေးပြန်ဖြေမိသည် ဟန်ဆောင်အပြုံးလေးတစ်ခုပေါ့ ရင်ထဲကဒဏ်ကိုလူတွေမမြင်အောင်အကာအကွယ်အဖြစ်ယူထားတဲ့ဟန်ဆောင်အပြုံးလေးတစ်ခု..*
Sunghoon : မဟုတ်လည်းပြီးတာပါပဲ.. ကျနော်ကကိုကို့ကိုစိတ်ပူလို့
Jay : *ခေါင်းလေးကိုပုတ်လိုက်သည်* စိတ်မပူပါနဲ့ဗျာ..
*ထိုအချိန်တွင်ဆောင်ဟွန်းထံသို့ဖုန်းတစ်ခုဝင်လာသည်*
YOU ARE READING
One upon a time
Fantasyred flag typeလေးရေးပေးပါဆိုလို့ red flag typeလေးကလေ တစ်ခါမှမရေးဖူးတာမို့အမှားပါတာရှိရင်ခွင့်လွှတ်ပေးပါရှင့်