*ဒီအတောအတွင်းဆောင်ဟွန်းသည်ဟီဆွန်းနဲ့အချိန်ကုန်ဆုံးလာသည်ကပိုများလာသည် သို့သော်ဂျေးကိုလည်းလက်မလွတ်ပါ*
*တစ်ဖြေးဖြေးအချိန်များစွာကုန်ဆုံးလာသည် သစ်ရွက်ဟောင်းလေးများလည်းမြေပေါ်ခပြီးသစ်ရွက်အသစ်များထွက်ပေါ်လာလေပြီ သို့သော်တစ်ချို့သောသစ်ရွက်ဟောင်းများသည်အပင်၏ဆွဲငင်မှုကြောင့်အပင်လေးကိုတွယ်ကပ်လျက်ရှိနေဆဲပင်.. ကျနော်တို့သုံးယောက်ရဲ့အဖြစ်အပျက်လိုပါဘဲ..*
*********
*📞*Jay : Hello..
Sunghoon's mom : သား ဂျေးလား အန်တီကဟွန်းလေးအမေပါ
Jay : အာ.. ဟုတ်ကဲ့ အန်တီ ဘာကိစ္စရှိလို့လဲအန်တီ..
Sunghoon's mom : ဆောင်းဟွန်းအဲ့မှာသားနဲ့အတူတူရှိလားသား
Jay : မရှိဘူးအန်တီ ဘာဖြစ်လို့လဲဗျ..
Sunghoon's mom : မင်္ဂလာပွဲအတွက်သတို့သားဝတ်စုံချုပ်မှာ ကိုယ်တိုင်းလိုလို့
Jay : ဗျာ...
Sunghoon's mom : ဒီကလေးကလည်းဘယ်ပျောက်နေမှန်းမသိပါဘူး.. အဲ့ဒါဆိုအန်တီဖုန်းချလိုက်တော့မယ်နော်သား
Jay : ဟုတ်..ဟုတ်..
*တီ တီ တီ*
*ဖုန်းချပြီးသည်နှင့်တောင့်ထားသောမျက်ရည်များသည်တားမရအောင်စီးကျလာသည်*
Jay : ကိုယ်သိသားဘဲ.. တစ်နေ့ကျရင်ဒီလိုမျိုးကြုံရမယ်ဆိုတာ.. ဒါပေမယ့်ဒီလောက်မြန်မယ်မထင်ခဲ့ဘူး... ... မင်းအခုထိတောင်ကိုယ့်ကိုလက်မလွတ်ပေးသေးဘူးနော်.. ကိုယ့်ကိုအဲ့လောက်တောင်ဘဲနာကျင်စေချင်တာလား..ချစ်သောရယ်... မင်းကို့ကိုတကယ်မချစ်ဘဲလေ.. မင်းကြောင့်ငိုခဲ့ရတာဒီတစ်ခါဘယ်နှကြိမ်မြောက်လောက်ဖြစ်မလဲ..
********
*Another side*Heeseung : ဟွန်း.. ကိုကို့ကိုမချစ်တာကိုသိပါတယ် ဒါကြောင့်... *ပါးစပ်ကပြောမထွက်ဖြစ်ရသည် ကိုယ်ပိုင်ဆိုင်လုနီးပါးဖြစ်နေသည့်အရာကိုလက်လွတ်စေရန်အခွင့်အရေးပေးရသည်ကသိပ်ကိုခက်ခဲလှသည်..*
Heeseung : ဒါကြောင့်.. ဟွန်း ကိုကို့ကိုလက်မထပ်လည်းရပါတယ်... ဟွန်းမှာလည်းချစ်သူရှိနေတာဘဲ.. သူနဲ့ဘဲဘဝကိုအတူတူကုန်ဆုံးချင်မှာပေါ့....
YOU ARE READING
One upon a time
Fantasyred flag typeလေးရေးပေးပါဆိုလို့ red flag typeလေးကလေ တစ်ခါမှမရေးဖူးတာမို့အမှားပါတာရှိရင်ခွင့်လွှတ်ပေးပါရှင့်