Grade8 ကျောင်းစစဖွင့်ရက် တွင် ကျောင်းသူလေးယောက် အတန်းထဲမှာ အော်ဟစ်စကားတွေပြောကြရင်း ကျောင်းတက်ခေါင်းလောင်းထိုးသောအခါ ကျောင်းသားကျောင်းသူများအတန်းထဲကို ၀င်ကြသည်။ဆရာမတစ်ယောက်၀င်လာသည်။ကလေးတို့ ဆရာမနာမည်က အိချိုမာ ပါ။ ဒီနှစ် Grade 8 အတန်းပိုင်ပေါ့။ ကဲ ကလေးတို့ရှေ့တန်းကစပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြမယ်။ ထ ပြီးမိတ်ဆက်မယ်။
လင်းလက်၊နေခြည်၊ဖြိုးဖြိုး၊လရောင် စသည်ဖြင့် မိတ်ဆက်ပြီးသွားသောအခါ ဆရာမက ဟုတ်ပြီ ဟုပြောပြီး အတန်းအတွက်မှာသင့်တာမှာပြီး အချိန်ပြောင်းသွားတော့ နောက်ဆရာမတစ်ယောက်၀င်လာပြီး စာသင်ကြတယ်။
ပြောရမယ်ဆိုရင် အတန်းထဲမှာ စာအတော်ဆုံးနဲ့ရုပ်ရည်အသင့်အတင့်ရှိတာက လင်းလက်ပေါ့ သူမက ငယ်ငယ်ကတည်းက သူငယ်တန်းကလွဲလို့ ပထမတန်းကစပြီးခုအတန်းထိ ဗိုလ်စွဲလာခဲ့တဲ့ကျောင်းသူလေးပေါ့ ။သူမက ရုပ်ရည်လေးကလဲရှိတော့ သူမကို ချစ်ရေးလာဆိုတဲ့သူတွေ ခပ်များများပေါ့ ။သူမမှာ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ရှိတယ်။နေခြည် ၊ဖြိုးဖြိုး နဲ့ လရောင်တို့ပေါ့ နေခြည်နဲ့ဖြိုးဖြိုးက သူမရဲ့ ငယ်သူငယ်ချင်းဆိုပေမဲ့ လရောင်ကတော့ Grade6 မှသိတဲ့ သူငယ်ချင်းလေးပေါ့။ သူမတို့လေးယောက်က သွားအတူ ၊လာအတူ ၊စားအတူပေါ့။ဒုတိယစာသင်ချိန်ပြီးတော့ မုန့်စားဆင်းခဏနားတော့ လင်းလက်က အတန်းထဲကကျောင်းသားကျောင်းသူတွေကိုတစ်ချက်ကြည့်လိုက်တယ် အဲ့မှာ အရပ်ရှည်ရှည် အသားညိုညိုနဲ့ ကောင်လေးကိုတွေ့လိုက်တယ် ဒါမဲ့သူမက သာမန်ပါပဲ သူမက စာဂျပိုးဆိုတော့ အဲ့လိုမျိုးတွေစိတ်မ၀င်စားပါဘူး။ ဒီလိုနဲ့ အတန်းပိုင်ဆရာမက အသင်းတွေခွဲပြီးတော့ အတန်းခေါင်းဆောင်ကိုရွေးလိုက်တယ် အဲ့အတန်းခေါင်းဆောင်နာမည်က မင်းခန့် တဲ့
"မင်းခန့် မတ်တပ်ရပ် မင်းကအခုဒီအတန်းရဲ့အတန်းခေါင်းဆောင်ဆိုတော့ အတန်းရဲ့ကိစ္စတွေကို မင်းက ဦးဆောင်ပြီးလုပ်ရမယ် အတန်းကို ဂုဏ်ရှိအောင်မင်းကလုပ်ပေးရမယ်"
"ဟုတ်ကဲ့ပါဗျ" ဟုပြောသောမင်းခန့်ရဲ့ အသံသြသြကြောင့် လင်းလက်ကနောက်ကို လှည့်ကြည့်လေသည်။ မင်းခန့်သည် နောက်ဆုံးထိုင်ခုံမှာထိုင်ပြီး လင်းလက်သည် တတိယထိုင်ခုံမှာထိုင်သည်။
"ဒါ ဟိုတစ်နေ့က ကောင်လေးပဲ သူက အတန်းခေါင်းဆောင်ပေါ့ " သူမနည်းနည်း သတိထားမိသွားသည်။
.................................................................
.............................Part တွေကို အားတဲ့အချိန်မှပဲ ထပ်ပြီးတင်ပေးပါမယ်ရှင့် အားပေးကြပါဦးရှင့်။
YOU ARE READING
အတန်းခေါင်းဆောင်နှင့်စာဂျပိုးမလေး[Myanmar Fic]
Romanceကိုယ်တွေ့ကိုအခြေခံပြီးစိတ်ကူးနဲ့ပုံဖော်ထားတာမို့ အမှားပါတာလေးတွေရှိရင်ခွင့်လွှတ်ကြပါရှင့်