သီတင်းကျွတ်လပြည့်ညလင်းလက် Tik Tok ကြည့်နေရင်း မင်းခန့်ကစကားလာပြောလေသည်။
" Hello "
" Hok "
"ဘာလုပ်နေလဲ"
" Tik Tok ကြည့်နေတာပါ "
သြော် ...ဟုတ် "
" you? "
"တူတူပဲ"
" ဟုတ် "
တိတ်ဆိတ်သွားလေသည်။
............1 min later" ကျောင်းမှာ ကိုကြီးမင်းခန့်လို့ခေါ်တတ်ပေမဲ့ လိုင်းပေါ်မှာ ဘယ်လိုခေါ်ရမလဲ "
"တူတူပဲ ညီမကိုလည်းဘယ်လိုခေါ်ရမလဲမသိဘူး"
"စားပြီးပြီလားညီမ"
*သြော် ညီမတဲ့လား အဲ့ဒါဆို သူ့ကို အစ်ကိုလို့ပဲခေါ်လိုက်ပါမယ်*
"ဟုတ် စားပြီးပါပြီ"
(အမှန်တော့ မင်းခန့်က 2007 မှာမွေးတာ။လင်းလက်က 2010 မှာမွေးတာ 3 နှစ်ကွာတယ်။မက်းခန့်ကကျောင်းနားထားပြီး အခုမှပြန်တက်တော့ လင်းလက်နဲ့အတန်းတူနေတာလေ)
"ဒါနဲ့ညီမ type ကဘယ်လိုမျိုးလဲ"
"ညီမသဘောကျတဲ့ပုံစံမျိုးကိုပြောတာလား"
"ဟုတ်တယ်"
"စိတ်ထားကောင်းရမယ်။
ပညာတတ်ရမယ်။
သိက္ခာရှိရမယ်။
စမတ်ကျရမယ်။
မိဘစကားနားထောင်တဲ့သူဖြစ်ရမယ်။
အရက်သေစာမသောက်စားတဲ့သူဖြစ်ရမယ်။
ကိုယ်ကျင့်တရားကောင်းမွန်ရမယ်။""အစ်ကိုကရော ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ"
"ညီမလိုမျိုး"
"သြော်...ဟုတ်"
"မြန်မာဆန်ရမယ်။ခေတ်ဆန်ရမယ်တို့ ဘာတို့မပါဘူးလား"
"မြန်မာဆန်ရမယ်။"
"ဟုတ်"
(လင်းလက်ထင်သည်မှာ သူအပေါ်ကပြောထားတဲ့ အချက်တွေနဲ့ညီတဲ့မိန်းကလေးလို့ထင်နေသည်။နောက်တော့ သူမသေချာပြန်ဖတ်လိုက်တော့.....)
"ဟမ်...အပေါ်က ညီမပြောသလိုမျိုးလား ဒီလိုမျိုးလားဆိုပြီး အပေါ်က သူမပြောထားသော စိတ်ထားကောင်းရမည်.........message ကို ပြန်ညွှန်ပြသည်။"
"မဟုတ်ဘူး"
"သြော်...သိပြီ"
*ဟမ် သူကငါ့လို type မျိုးကိုကြိုက်တာလား။မျက်မှန်နဲ့ကြီးကို*
"ဒါဆိုမရတီချိုကရော"
"ဘာကိုလဲ"
"မရတီချိုကလည်း မျက်မှန်နဲ့လေ သူကရော ညီမ type နဲ့ တူတယ်ဟုတ်ဘူးလား "
"မတူပါဘူး သူ့ကိုသူငယ်ချင်းလိုပဲခင်တာ"
"သြော် ....ဟုတ်"
(လင်းလက်အဲ့လိုမေးခြင်းမှာ ရတီချိုက မင်းခန့်ကိုကြိုက်ခဲ့ဖူးသောကြောင့် မေးခြင်းဖြစ်သည်။ရတီချိုက မင်းခန့်ကိုဖွင့်ပြောခဲ့ပေမဲ့ မင်းခန့်ကငြင်းဆိုခဲ့သည်။)
"ဒါဆိုဆင်းပြီနော်" လို့လင်းလက်ကစာပို့လိုက်သည်။
"ဟုတ်ကဲ့ပါ"
"ဟုတ်"
"ကျန်းမာရေးဂရုစိုက်ဦးနော် Good Night🤞"
"ဟုတ် Gn par"
*သူအရင်ကငါ့ကိုအဲ့လိုမပြောပါဘူး။ ထူးဆန်းတယ်။*
...........................................................နောက်တစ်နေ့မနက်🌅
လင်းလက်က အိမ်သန့်ရှင်းရေးလုပ်နေရင်း သီချင်းဖွင့်ထားသည်။ သူမကအလုပ်လုပ်ရင်း သီချင်းနားထောင်ရတာကို အရမ်းကြိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးတော့
ဖုန်းကိုင်လိုက်ပြီး Tik Tok app ထဲ၀င်လိုက်သည်။"Morning🤞"
"Hok Morning"
"ခုမှထတာလား"
"ဟုတ်ပါဘူး"
"ဟုတ်"
*ထူးဆန်းလိုက်တာ သူငါ့ကိုအရင်က Morning မလုပ်ဖူးပါဘူး*
......................................................ကလင်....ကလင်....ကလင်
*Eng teacher pae*"ဟယ်လို"
"ဟုတ်"
"လင်းလက်လား"
"ဟုတ်ကဲ့ဆရာမ"
"စွမ်းရည်တွေပြိုင်ရမှာ သမီးပြိုင်မှာလား"
"ဟုတ်ပြိုင်မှာပါ"
"ဘယ်ဘာသာပြိုင်မှာလဲ လင်းလက်"
"သင်္ချာ စွမ်းရည်ပြိုင်မှာပါ ဆရာမ"
"သြော် အေးအေး သူငယ်ချင်းတွေကရောပြိုင်မှာလား"
"အဲ့ဒါတော့မသိဘူးဆရာမ"
"အေးအေး အဲ့ဒါဆိုဒါပဲနော်လင်းလက်"
"ဟုတ်ကဲ့ဆရာမ"
..............................................................
...................................
...........................
YOU ARE READING
အတန်းခေါင်းဆောင်နှင့်စာဂျပိုးမလေး[Myanmar Fic]
Любовные романыကိုယ်တွေ့ကိုအခြေခံပြီးစိတ်ကူးနဲ့ပုံဖော်ထားတာမို့ အမှားပါတာလေးတွေရှိရင်ခွင့်လွှတ်ကြပါရှင့်