Part-7

1.3K 13 0
                                    

လင်းလက် ကျောင်းကပြန်ရောက်တော့  Tik Tok ထဲ၀င်ကြည့်လိုက်သည်။မင်းခန့်ကသူ့ကို Follow ဖြုတ်ပြီး ပြန် Follow ထားသည်ကိုတွေ့သည်။ ချက်ချင်းပဲ သူမ မင်းခန့် acc ကို ၀င်ကြည့်လိုက်သည်။ Following- 1 ဖြစ်နေသည်ကို တွေ့ပြီး အံ့သြသွားသည်။လိုင်းမကောင်းတာလားမသိဘူးဆိုပြီး အကြိမ်ကြိမ် ကြည့်မိသည်။ မင်းခန့်က လင်းလက်တစ်ယောက်တည်းကိုသာ Follow လုပ်ထားသည်။
..........................................................

နောက်တစ်နေ့မနက်🌅

ကျောင်းရောက်တော့ သူမသူငယ်ချင်းတွေက သူမကို စသည်။
ဇာဇာက ပထမဦးဆုံးစကားစလိုက်သည်။

"သိလားနေခြည် မင်းခန့်က လင်းလက်တစ်ယောက်တည်းကိုပဲ Follow လုပ်ထားတာ"

"အယ်.....မင်းခန့်က နင့်ကိုကြိုက်နေတာထင်တယ် လင်းလက်"

"ဟာ .....ဘာတွေလျှောက်ပြောနေတာလဲ သူ့မှာ crush ရှိတယ်"

"အယ် နင်ကဘယ်လိုသိလဲ"

"ဒီအတိုင်းပဲ သူပြောပြတာ"

"သူနဲ့စကားပြောဖြစ်တယ်ပေါ့"

"တစ်ခါတစ်လေမှပါ"

လင်းလက်စိတ်ထဲတွင်
*သူဘာလို့ငါ့ကိုပဲ Follow လုပ်ထားတာလဲ ငါဒီညသူ့ကိုမေးမှပဲ*

ညရောက်တော့

"Hi"

"ဟုတ်"

"မေးစရာရှိလို့"

"မေးလေ"

"ဘာလို့ညီမတစ်ယောက်တည်းကိုပဲ follow လုပ်ထားတာလဲ"

"စကားပြောစရာလူက ညီမတစ်ယောက်တည်းပဲ ရှိတာမို့ပါ ဘာဖြစ်လို့လဲ"

"ကျောင်းမှာသူငယ်ချင်းတွေက စနေလို့"

"ဒီကိစ္စကြောင့်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်"

"ရပါတယ်"

"ဟုတ်"

"ဒါနဲ့မေးလက်စနဲ့ မေးဦးမယ် တစ်မျိုးမထင်နဲ့နော် ဒီအတိုင်းမေးကြည့်တာ"

"ဟုတ် မေးလေ"

"အစ်ကိုအရင်က ညီမကို Morning တွေ Good Night တွေမပြောဖူးပါဘူးထူးဆန်းနေလို့ အဲ့ဒါ ဟိုတစ်ခေါက်ကမေးမယ်ဆိုပြီး မမေးလိုက်ရလို့"

"သြော်....အဲ့ဒါက မာနကြီးတယ်လို့ပြောနေကြလို့"

"သြော်..."

"အခုရော မာနကြီးတယ်လို့ထင်လား"

"အရင်ကတော့ ထင်တယ် အတန်းခေါင်းဆောင်ကအရမ်းမာနကြီးတယ်ဆိုပြီးအခုကျတော့ မကြီးပါဘူးခင်ဖို့ကောင်းပါတယ်"

"ညီမရော မာနကြီးတယ်လို့ထင်ရလား" လို့လင်းလက်ကထပ်မေးလိုက်သည်။

"အရင်က သူငယ်ချင်းက ပြောတယ် ညီမကမာနကြီးတယ်တဲ့ ပြီးတော့စာဂျပိုးတဲ့ အခုတော့ မာနကြီးတယ်လို့မထင်ရပါဘူး"

"သြော်....ဟုတ်"
"ဒါဆို ဆင်းပြီနော် စာကျက်ရဦးမှာမို့"

"ဟုတ်"
.....................................................
................................

အတန်းခေါင်းဆောင်နှင့်စာဂျပိုးမလေး[Myanmar  Fic]Where stories live. Discover now