နောက်ကျသွားလို့တောင်းပန်ပါတယ်ရှင့်။အခုတစ်လောမအားလို့ပါ။အတန်းထဲတွင် ဆူညံနေကြသည်။အတန်းပိုင်ဆရာမရောက်လာသောအခါ.....
"ကဲကဲ ကလေးတွေ ဒီလပတ်စာမေးပွဲရဲ့ results ပြောမယ်"
"အဆင့် ၁ - လင်းလက်
၂- နေခြည်
၃- လရောင်
၄- ဖြိုးဖြိုး............
နောက် ဒီဇင်ဘာလမှာလည်း ကြိုးစားကြနော်""ဟုတ်"
"ကဲကဲ စာသင်မယ်"
မိနစ် 90 ကြာပြီးနောက်
တောင်.......တောင်.....
"ဟဲ့ မုန့်စားဆင်းပြီ။မုန့်၀ယ်သွားကြရအောင်။"
"ငါမလိုက်တော့ဘူး"
"ဟုတ်တယ်ငါရောပဲ"
"နင်တို့ကလည်း ဘာလို့လဲ"
"စာမပြီးသေးဘူးဟဲ့"
"အေးအေး"
.......................................ထမင်းစားဆင်းလို့ ထမင်းစားပြီးကြသောအခါ......
"စာတွေကလည်း များလိုက်တာ လုပ်ရမှာတောင်ပျင်းတယ်"
"ငါရောပဲ ဘာတွေမှန်းကိုမသိဘူး"
လရောင်ကစကားစလိုက်သည်။
"ဟဲ့ ဟိုတစ်လောက ငါ Tik Tok ကြည့်နေရင်းနဲ့ အမှတ်မထင် ငါ vd တစ်ခုရဲါ comments ကို၀င်ကြည့်လိုက်တာ သီဟပ comment ၀င်ရေးထားတယ်""ဘာရေးထားတာလဲ"
"အေးပါ ငါပြောမလို့ပဲ နင်တို့ကဖြတ်ပြောတာကိုး သူရေးထားတာက
'I love Z.She know.´ တဲ့""အဲ့ mean က..........."
"အယ်.....ဒီအတန်းထဲမှာ Z ပါတဲ့သူဆိုလို့ ဇာဇာနင်ပဲ ရှိတာနော်" ဟုလရောင်ကပြောလိုက်သည်။
ဇာဇာ၏စိတ်ထဲတွင်
*သူငါ့ကို သဘောကျနေတာလားမသိဘူး။ဟီးဟီး"သူမသူငယ်ချင်းတွေက သီဟ ဇာဇာ့ကို တကယ်ကြိုက်နေတာလားမသိတော့ သိချင်တာနဲ့ တစ်ခါတစ်လေ သီဟကိုကြည့်ပြီး ဇာဇာဟုခေါ်ပြီးစကြသည်။
ဒါပေမဲ့အဲ့အချိန်မှာပဲ ယောက်ျားလေးတွေကစွန်ဆော့ရင်း စွန်တစ်ခု ဇာဇာ့နားသို့ရောက်လာခဲ့သည်။အဲ့စွန်ပေါ်မှာ ရေးထားတာက 'Zပါတိုင်း စောက်ဖင်ယားမနေနဲ့´ ဟုရေးထားခြင်း။ဇာဇာ့စိတ်ထဲတွင် ဘယ်လိုဖြစ်သွးမည်ကို ဘေးကနေကြည့်နေတဲ့ လင်းလက်တို့ကတော့မသိချေ။
......................................................ကျောင်းအားကစားပြိုင်ပွဲပြုလုပ်ကြသည်။
လင်းလက်တို့သူငယ်ချင်းတစ်သိုက် ထုတ်ဆီထိုးပြိုင်ပွဲတွင် ၀င်ပြိုင်ကြသည်။
မင်းခန့်ကတော့ယောက်ျားလေးဆိုတော့ထုံးစံအတိုင်း ဘောလုံးပွဲမှာ ပါတာပေါ့။သီဟကတော့ မပါချေ။လင်းလက်နဲ့ဇာဇာက တစ်ဖွဲ့တည်းကျသည်။လရောင်နဲ့နေခြည်က တစ်ဖွဲ့။ဖြိုးဖြိုးက တစ်ယောက်တည်း အခြားအဖွဲ့နှင့်ကျလေသည်။
လင်းလက်နဲ့ဇာဇာတို့အဖွဲ့က ပထမ၊ လရောင်တို့အဖွဲ့က တတိယပေါ့။
အားကစားပြိုင်ပွဲမျိုးစုံကျင်းပပြီးတော့ ဘောလုံးပြိုင်ပွဲကျင်းပသည်။အတန်းမှမိန်းကလေးများလာရောက်အားပေးကြသည်။ဘောလုံးပြိုင်ပွဲကား အလယ်တန်းနဲ့ အထက်တန်းရော၍ ပြိုင်ကြခြင်းဖြစ်သည်။အလယ်တန်းအများဆုံးပါတဲ့ အဖွဲ့တွင်မင်းခန့်မပါချေ။မင်းခန့်က အထက်တန်းအများဆုံးပါတဲ့ အဖွဲ့တွင်ပါသည်။
အတန်းမှမိန်းကလေးများ အားပေးကြသည်။သိတဲ့အတိုင်း ရတီချိုနှင့်သူ့သူငယ်ချင်းမှာ မင်းခန့်ပါသောအဖွဲ့ကိုအားပေးသည်။
လင်းလက်၊ဖြိုးဖြိုး၊လရောင်၊နေခြည်တို့မှာ ကြည့်ရုံမျှသာဖြစ်သည်။ဘယ်အသင်းကိုမှ အားမပေးပါ။ဒါမဲ့ လင်းလက်စိတ်ထဲတွင် မသိမသာ မင်းခန့်ပါသော အဖွဲ့ကိုအားပေးနေမိသည်။
..................... . ..... ......................................ကဲ Part-5 ကတော့ ဒီလောက်ပါပဲနော်။P-6 ထွက်ဖို့ကလည်းကြာရင်ကြာပါမယ်။မအားတာမို့ပါရှင့်။
YOU ARE READING
အတန်းခေါင်းဆောင်နှင့်စာဂျပိုးမလေး[Myanmar Fic]
Romanceကိုယ်တွေ့ကိုအခြေခံပြီးစိတ်ကူးနဲ့ပုံဖော်ထားတာမို့ အမှားပါတာလေးတွေရှိရင်ခွင့်လွှတ်ကြပါရှင့်