တင်တာကြာသွားလို့ တောင်းပန်ပါတယ်ရှင့်။အခုရက်ပိုင်းသိပ်မအားလို့ပါ။
P-9 မှာတော့ ကျွန်တော်ခံစားခဲ့ရတာလေးတွေကိုအဓိက ရေးသားတင်ပြမှာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ဒီ၀တ္ထုထဲက လင်းလက်ဆိုတဲ့ ကောင်မလေးခံစားခဲ့ရတာတွေပေါ့။
(စာဖတ်သူတို့သိလောက်မယ်ထင်ပါတယ် ဒီ ၀တ္ထုလေးကဖြစ်ရပ်မှန်ဖြစ်ပြီး လင်းလက်ဆိုတဲ့ ကောင်မလေးက ကျွန်တော်ဆိုတာ)ဒီအပိုင်းမှာ လင်းလက်အစား ကျွန်တော်
ဆိုတဲ့ နာမ်စားကို သုံးပါမယ်ဗျ။ကျောင်း စဖွင့်ရက်.......
ငါဒီနေ့ တအားရင်ခုန်တာပဲ။ငါ့သူငယ်ချင်းတွေနဲ့တွေ့ရမှာ။သူတို့ဘယ်လိုပုံစံ ဖြစ်နေမလဲမသိဘူး🤔ကျောင်းရောက်တော့...
သူငယ်ချင်းတွေနဲ့ ခါတိုင်းလိုစကားပြောသည်။အချင်းချင်း စနောက်ကြသည်။အဲ့အချိန်မှာပဲ သူငယ်ချင်းတွေက
"ဟဲ့ ဟိုမှာကြည့်ဦး အရပ်ကလဲအရှည်ကြီးပဲ ပိန်လည်းပိန်တယ်။"
"အေးနော်"
ကျွန်တော်အဲ့နေ့က မင်းခန့်ကိုစတွေ့ခဲ့ပေမယ့် သတိမပြုမိခဲ့ပါဘူး။
နောက်မှအတန်းခေါင်းဆောင်ဖြစ်မှ သတိပြုမိလာသည်။တစ်ခါတစ်လေ ကျွန်တော်အမှတ်မထင် ဟိုကြည့်ဒီကြည့်နေရင်း မင်းခန့်ကိုသွားကြည့်မိသည်။တွေ့လိုက်တိုင်း သူရယ်နေသည့်အချိန်များပင်။သူရယ်တာ ပြုံးတာမြင်တော့တကယ်ပင်ကျွန်တော့်ရင်ကို အေးချမ်းသွားစေသည်။သူပြုံးတာချစ်စရာလေးဗျာ။ဘယ်လိုစကားလုံးတွေနဲ့ဖော်ပြလို့ဖော်ပြရမှန်းမသိ။ဒီလိုနဲ့ နေ့တိုင်းအမှတ်မထင် ခိုးခိုးကြည့်နေမိသည်။ကျွန်တော့်ရဲ့မသိစိတ်က သူ့ကိုသဘောကျနေမိတာလားမသိဘူး။ဒါမှမဟုတ် စိတ်ကစားရုံသက်သက်ပဲလား။သူ့ကိုသဘောကျနေတာလားလို့ပြန်တွေးမိတိုင်း သူ့မှာ Crush ရှိတယ်ဆိုတဲ့အတွေးက ပြန်ကြားယောင်မိသည်။နောက်ပြီး ငါ့လိုရုပ်မျိုးကို ဘယ်သူကကြိုက်မှာလဲ။ကျွန်တော်ဟာ အနာဂတ်အတွက်တွေးပြီး သူ့ကိုစိတ်ဖျက်လိုက်ပါတယ်။စိတ်ဖျက်ခဲ့ပေမဲ့ တစ်ခါတစ်လေ သူနဲ့စကားပြောနေတဲ့အချိန်လေးတွေကို ပြန်လွမ်းလာမိတယ်ဗျာ
ဒါမဲ့မင်းခန့်ကဖွင့်ပြောတော့ အရမ်းပျော်သွားတာပေါ့။ကိုယ်သဘောကျရတဲ့သူဆီက ဖွင့်ပြောခံရတဲ့ခံစားချက်ကြီးကို စာဖတ်သူလေးတို့သိလောက်မှာပါ။
ဒါမဲ့ကျွန်တော် သူ့ကို ငြင်းလိုက်တယ်။ကျွန်ေတာ်သူ့ကိုမငြင်းချင်ပေမဲ့ ကျွန်တော့်ရဲ့အနာဂတ်ရှိသေးတယ်လေ။ကျွန်တော့်မိဘတွေက ကျွန်တော့်အပေါ်အများကြီးမျှော်လင့်ထားတာဆိုတော့ ကျွန်တော် အချစ်ရေးကိုစိတ်၀င်စားလို့မရဘူးဆိုတဲ့အတွေးနဲ့ပေါ့။
ဒီလိုနဲ့ ၂ ပတ်အကြာ..
ကျွန်တော်သူ့ကိုငြင်းသာငြင်းလိုက်ရတာ မေ့လို့မရသေးဘူး ဒီလိုနဲ့သူ ငါ့ကို ဒီအချိန်ထိ ဆက်ချစ်နေပါဦးမလားဆိုပြီး ၂ပတ်လေးပေမဲ့ အဲ့အချိန်က အရူးထခဲ့တာပေါ့ဗျာ။ဒီလိုနဲ့ကျွန်တော် သူ့ကိုေယာက်ျားလေးတစ်ယောက်လိုဟန်ဆောင်ပြီး စကားသွားပြောပါတော့တယ်။
...............................................................
..................................ကျွန်တော်အခုတစ်လော အလုပ်များနေလို့ပါ နောက် အပိုင်းသစ်ကိုလည်း အားတဲ့အချိန်ကျရင် တင်ပေးပါမယ်နော်။
ဒါနဲ့စကားမစပ် ကျောင်းတက်သူဖြစ်စေ ကျောင်းမတက်သူဖြစ်စေ အပို၀င်ငွေရှာချင်ရင် အလုပ်လေးရှိပါတယ်။အားတဲ့အချိန်မှပဲလုပ်လို့ရပါတယ်နော်။အချိန်အများကြီးမလိုပါဘူး။လုပ်ချင်ရင် SORA tg acc - sora28410 ကိုလာခဲ့ပေးပါနော်။
YOU ARE READING
အတန်းခေါင်းဆောင်နှင့်စာဂျပိုးမလေး[Myanmar Fic]
Lãng mạnကိုယ်တွေ့ကိုအခြေခံပြီးစိတ်ကူးနဲ့ပုံဖော်ထားတာမို့ အမှားပါတာလေးတွေရှိရင်ခွင့်လွှတ်ကြပါရှင့်