"သွားမပေါင်းနဲ့ အဲ့ကောင်လေးနဲ့။"
"အလကားကောင်။ ယောက်ျားလေးဖြစ်ပြီး တခြားယောက်ျား တစ်ယောက်ကိုများသွားကြိုက်ရတယ်လို့"
"ဟေ့ကောင် မင်းသူနဲ့ဝေးဝေးနေ မင်းပါသူ့လို ဓာတ်ကူးသွားဦးမယ်"
ဖူဝင်း: ဒါကကျတော့်ရဲ့အဆုံးသတ်လား။ သူ့အလိုလို သူ့ရဲ့နှလုံးသားကဆန္ဒကိုလိုက်လျောပြီး သူချစ်ကြိုက်ခဲ့မိတာ။ အဆုံးသတ်က သူများတံတွေးခွက်ထဲမျောပါသွားဖို့လား။ ကျတော့်ကြောင့် ကျတော့်မိဘတွေ အရှက်တကွဲအကျိုးနည်းဖြစ်ရတယ်။ အတန်းထဲကလူတွေရဲ့ မတူသလိုမတန်သလို ဝိုင်းကြဉ်ခြင်းခံရတယ်။ အဟက်... အဆိုးဆုံးကတော့ ကိုယ်မြတ်နိုးရတဲ့သူကပါ ကိုယ့်ကို လှောင်ပြောင်ပုတ်ခက်ပြီး ပြောဆိုခဲ့တယ်။ နောင်ဘဝတွေ ဟုတ်တယ် နောင်ဘဝတွေများရှိခဲ့ရင်ပေါ့ သူပြန်ပြီး သူ့ကံကြမ္မာကိုပြောင်းလဲချင်ပါသေးရဲ့.....
"ချီးပဲ ဒါလားဇာတ်သိမ်း"
ဖတ်နေတဲ့စာအုပ်အား စာကြည့်စားပွဲပေါ် အငြိုးကြီးကြီးနဲ့ အသံမြည်အောင် ဖူဝင်းကချပစ်လိုက်တယ်။
သူဟိုတစ်နေ့က စာအုပ်အဟောင်းဆိုင်ကနေပြီး အဟောင်းစာအုပ်လေးတစ်အုပ်ကိုတွေ့လို့ဝယ်လာတာ။ စာအုပ်မျက်နှာပြင်နဲ့ စာအုပ်အသားက ဆွေးနေပြီဆိုပေမယ့် ရေးထားတဲ့အရေးအသားတွေကကောင်းလို့သူဖတ်မိတယ်။ အဲ့ထဲက အထူးခြားဆုံးကတော့ သူ့နာမည်နဲ့တူတဲ့ character တစ်ယောက်ပါလာခဲ့တာပဲ။ ဘယ့်နှယ့် အစကတော့ကောင်းမလိုလိုနဲ့ အဲ့သူနဲ့တူပါတယ်ဆိုတဲ့innocentကောင်လေးက အချစ်မှာစောက်ရူးထပြီး သူ့မကြိုက်တဲ့ကောင်အား တိတ်တခိုးချစ်မြတ်နိုးပါတယ်တဲ့။ အဆုံးသတ်ကြီးက သူများရဲ့ကဲ့ရဲ့မှုကို မခံနိုင်လို့ ကျောင်းဆောင်ရဲ့ ခေါင်မိုးထပ်ကနေခုန်ချသတ်သေပါတယ်တဲ့။ ဒါသတ်သတ်မဲ့.. ရေးတဲ့အာသာ ဇာတ်နှိမ်တာပဲ။
"ဟူးးးတော်ပြီ။ ဝတ္ထုကို ဝတ္ထုလိုဖတ်စမ်း ဖူဝင်း"
ဖူဝင်းလည်း သူ့ပါးကိုနှစ်ချက်လောက်ခပ်ဖွ"ရိုက်ပြီး အိပ်ဖို့သာပြင်လိုက်တော့တယ်။ မအိပ်ခင်လည်းဖူဝင်းက