"ဖူဝင်း မင်းအဆင်ပြေမလား ဒီမှာနေလို့လေ"
"မင်းဖူဝင်းက ဒေ့က်"(ကလေး)လေးများမှတ်နေသလား လာပါဒန့်ရာ ငါအရေးကြီးလို့။ ခဏလေးပဲဖူဝင်း"
ဖို့က ဒန့်ကို အတင်းဆွဲခေါ်ရင်း ကျတော့်ဘက်ကိုလှည့်ပြီး မျက်စပစ်ကာထွက်သွားလေတယ်။ အမှန်ဆိုသူတို့နဲ့တူတူ ကျတော်ပါလိုက်သွားချင်ပေမယ့် ညနေကကိစ္စကြောင့် သူဒူးပြဲသွားတယ်။ အခုညကျ ဒူးခေါင်းက တဆစ်ဆစ်နာလာပြီး အနာမကျက်တာကောကြောင့် သူ့မှာ သွားရတာအဆင်မပြေသလို ခြေတစ်လှမ်း လှမ်းဖို့တောင် အားသုံးနေရတယ်လေ။ဒါပေါ့ အသွားမတော်တစ်လှမ်းဆိုတာ...
"အောင်းဝ် ကြာလိုက်တာ ပြောတော့ဖြင့် ခဏလေးပါဆိုပြီး"
ဖူဝင်းက ကျောင်းကနေစီစဉ်ပေးတဲ့ ညစာကိုစာနေရင်း နှုတ်ခမ်းဆူကာ ခက်ရင်းဖြင့် ဟိုထိုးစွ ဒီထိုးစွလုပ်နေတယ်။ သူတစ်ယောက်တည်းလေ အားလုံးက ဆရာတွေစီစဉ်ပေးတဲ့ မီးပုံပွဲနားသွားကုန်ကြတယ်။
"ဗုဒ္ဓေါ မင်းကဘယ်လိုလုပ်ရောက်နေတာလဲ"
ထမင်းကို ပလုပ်ပလောင်းစားထားပြီး သူ့မြင်လို့ ကြောင်အစွာပြောလာတဲ့ဖူဝင်းကြောင့် သူမပြုံးဘဲမနေနိုင်။ ကြယ်တာရာလိုလင်းလက်နေတဲ့ မပြူးမကျယ်မျက်လုံးတစ်စုံ၊ မထူမပါးမျက်ခုံလေးတွေ၊ သွေးတွေများကွက်ပြီးစုနေသလားတောင်ထင်ရတဲ့ နီရဲရဲနှုတ်ခါးပါးတစ်စုံ၊ ညာဘက်နားရွက်မှာ အစီအစဉ်မကျရှိနေတဲ့မှည့်နက်ကလေးတွေ၊ ဟောပြီးတော့ သူ့ကိုရူးသွပ်သွားစေလောက်တဲ့ ပါးဖောင်းဖောင်းလေးတွေ။ဒီလောက် အနုစိပ်ပြီး လှလိုက်တဲ့ကြွေရုပ်ကလေးကို ဘယ်နတ်ဘုရားတွေကများဖန်ဆင်းခဲ့တာပါလိမ့်သို့မဟုတ် ဖူဝင်းက နတ်သားလေးများလား.....
"အယ် မေးနေတယ်လေ အဲ့လိုပဲပြူးကြည့်နေတော့မှာလား"
သူရှေ့မှာထိုင်ပြီး ဘာစကားမှမပြောဘဲ ကျောက်ရုပ်ကြီးလို လက်ပိုက်ကြည့်နေတဲ့ပွန်ကြောင့် ဖူဝင်းမှာ ပွန့်မျက်လုံးနားလက်လေးခါယမ်းပြီးပြောလိုက်တယ်။ထိုအခါမှ သတိကပ်လာသလိုပွန်က
"ဟမ် ဟမ် ဘာကိုလဲ ဟိုဟာ မီးပုံပွဲက လူများများနဲ့စိတ်ရှုပ်ဖို့ကောင်းတယ်လေ"