"ဟာ ဒီမိုးနဲ့ ငါကျောင်းသွားတဲ့အချိန်ဆိုရွာတယ်။ အေး ကျောင်းပြန်တဲ့အချိန်ဆို တစ်ကျော့ထပ်ရွာတယ် ကျေးဇူး အင်္ကျီတွေစိုကုန်ပြီ"
ဖူဝင်းက ခေါင်းက သူ့ဆံပင်တွေပေါ်တွဲလောင်းခိုနေတဲ့ မိုးရေစက်ကလေးတွေကို လက်နဲ့ခါပြီး အပြစ်တင်လိုက်တယ်။ အမှန်တော့ ခုလိုမိုးရာသီအချိန်မှာ မိုးအမြဲရွာတတ်တယ်ဆိုတာ သိပေမယ့် ဖူဝင်းဒီနေ့ မိုးအေးအေးနဲ့ကွေးနေပြီး အိပ်မိတဲ့အပြစ်ကြောင့် မနက်စာကိုမြန်မြန်စားပြီးလာလိုက်ရတဲ့အတွက် ထီးမေ့ကျန်နေခဲ့ခြင်းပင်...
"ရော့ဖူဝင်း အေးနေမယ်ထင်လို့ ကျတော်ကန်တင်းက ဝယ်လာတာ။ ဒါလေးသောက်လိုက်နော်။"
Janeကသူ့ကို နူးညံ့တဲ့အပြုံးလေးနဲ့ သူ့အရှေ့ကို အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီဘူးလေးလာကမ်းပေးတယ်။ သူယူမယ်အလုပ်ရုတ်တရက်ရောက်လာတဲ့ လက်ကြောင့် သူတားလိုက်ချိန်မရ
"အောင်းဝ် ကော်ဖီပဲ အင်းသောက်ကြည့်ရတာ တအားချိုပြီးပစ်ချွဲနေတယ်။"
ပွန်က ကော်ဖီတစ်ငုံသောက်လို့ janeမျက်နှာ တည့်တည့်ကြည့်ကာ ပြောလေတော့ Jane ထောင်းခနဲ ဒေါသထွက်သွားတယ်။ ဒါကို ပွန်က ဘာလုပ်မလဲ လုပ်လေ စတိုင်လ်နဲ့ မေးငေါ့ပြတော့ Jane ကသူ့အား တစ်ချက်ကြည့်ကာ သူနေရာသူ သွားထိုင်တယ်။
"ကြည့်မနေနဲ့ အဲ့ကောင်ကို ကိုယ်ဟိုတစ်နေ့ကပြောထားတယ်မလား"
ပွန်က သူ့ကို ခပ်တည်တည်နဲ့ပြောလာပေမယ့် ဖူဝင်းကတော့ "ကိုယ်ဆိုတဲ့ ပွန်နာရာဗစ် တစ်ဦးတည်းကိုသာ ကြည့်စမ်းပါ ဖူဝင်း"ဆိုတဲ့စကားကို ပြန်ကြားယောင်မိပြီး ပါးနှစ်ဖက်စလုံး အငွေ့ထွက်မတတ်ပူပြင်းလာသလိုခံစားရတယ်။ တစ်ဆက်တည်းမှာပဲ ပွန်က
"ကျစ် ပါးတွေနီနေပြီ တအားအေးနေတာလား"
ပွန်ကသူဝတ်ထားတဲ့ အနက်ရောင်ဂျာကင်အား သူ့ပေါ်လွှမ်းခြုံပေးလိုက်ပြီး သူ့ရဲ့ အထွဋ်တက်မေးမယ့် မေးခွန်းကို သိသည့်အလား "ကိုယ်က အေးဆေးပဲ"ဟုဆိုကာ သူ့ထိုင်ခုံပေါ်ထိုင်၍ အရှေ့သို့လှည့်သွားတယ်။ ဖူဝင်းလည်း အရင်ကတွက်လက်စ mathပုစ္ဆာအား ပြန်တွက်နေလိုက်တယ်။ အင်း ဂျာကင်ဆိုပေမယ့် ပွန့်ရဲ့အင်္ကျီက သူ့အတွက်နွေးနေသလိုပဲ ပြီးကိုယ်သင့်ရနံ့လား ရေမွှေးလားမသိတဲ့ ပွန့်ရဲ့ အင်္ကျီက ရနံ့လေးက ဖူဝင်းစိတ်ကိုအေးမြစေပါတယ်။
_____________