Jane:ကျတော်ကူပေးမယ်လေ ဖူဝင်း၊ ကျတော့်ကို တစ်ခြင်းပေး"
Phuwin:"အာရတယ်ရယ်"
Jane:"ကျတော်ကူပေးချင်လို့ပါ၊ တစ်ခြင်း ကျတော့်ကို ပေးမယ်မလား"
Phuwin:"ကျေးဇူးနော် Jane "
"ကျစ်"
မျက်စိရှေ့တွင်ရှိနေသော basketball အားကျစ်ကျစ်ပါအောင်ညှစ်၍ ခြင်းထဲအားအသံမြည်သည်အထိပစ်ထည့်လိုက်သည်။ ဖြစ်နိုင်ရင် အဲ့ကောင်Janeရဲ့မျက်စိတွေကိုဖောက်ထုတ်ပစ်ချင်တယ်။ ဖူဝင်းကိုကြည့်နေတဲ့မျက်နှာအား ရစရာမရှိအောင်ထိုးပစ်ချင်လိုက်တာ...
ဟိုတစ်ယောက် ဖူဝင်းလည်းဘာထူးလဲ။ သူ့ဆိုမကြည်ကြည့်တွေပေးပြီးအမြဲကလန့်ပြော အကန်တွေပြောနေတာ။ အဲ့ဟာလေးကို ဘယ်သူမှမမြင်အောင် ဟော့ဒီသူ့ရဲ့ အင်္ကျီ အိပ်ကပ်ထဲသာ ထည့်ထားပစ်ချင်မိတော့တယ်။
ခဏကြာတော့ ဖူဝင်းက သူ့ဘက်အကြည့်တစ်ချက်ရောက်လာတယ်။ သူကအကြည့်စူးစူးတစ်ချက်ပေးလိုက်တော့ မျက်စိလေးပြူးပြီး ကိုယ်လေးတစ်ချက်တုန်သွားတယ်။ အဟက်... မဆိုးပါဘူး သူတော့ကြောက်သားပဲ။
______________ဖူဝင်း သူ့ရှေ့မှာထိုင်နေတဲ့ ပွန့်ကြောင့် သူတကယ် ဆရာရေးပြထားတဲ့စာတွေ မမြင်ရတော့ဘူး။ သူ့ခေါင်း ဘယ်ဘက်သွားလည်း ပွန့်ရဲ့ခေါင်းက ဘယ်ဘက်သွား၊ သူသွားတဲ့ဘက်တိုင်း လိုက်စောင်းနေသလိုပဲ။ဟူး....
"ပွန် ပွန်"
ဖူဝင်းက အသံပိစိကလေးနဲ့ သူ့အင်္ကျီလေးကို ခပ်ဖွဖွပုပ်ကာခေါ်တယ်။ ခုလိုခေါ်တာကို ပွန်က မဲ့ပြုံးတစ်ချက်ဆင်ကာ ဖူဝင်းအား ဘာလဲဆိုတဲ့သဘောနဲ့ အနောက်သို့လှည့်ကာ ပုခုံးတွန့်မေးတော့
"ဟို မင်းခေါင်းလေး တစ်နေရာရာကို စောင်းပြီး ငြိမ်ငြိမ်လေးတစ်ချက်နေပေးပါ့လား။ငါကြည့်ရတာ အဆင်မပြေလို့"
"အွန်ဟွန် ကိုယ်က အဲ့လိုလုပ်ပေးရင် ကိုယ်ဘာပြန်ရမှာလဲ"
ကြည့် ဂျစ်ကန်ကန်မျက်နှာနဲ့ သူ့ကိုကြည့်ပြီးပြောလာတဲ့ ပွန့်ကြောင့် ဖူဝင်းမှာ နှစ်ခွခွဲပြီး အရှေ့ကိုချထားတဲ့ ဆံပင်တွေအောက်က ပေါ်နေတဲ့ နဖူးအား ခွပ်ခနဲ မြည်အောင် ခေါက်ချင်စိတ်ပေါ်ရပါတယ်။