HOME

201 28 4
                                    

ခပ်​ဖြေး​ဖြေး ​လျှောက်လှမ်း​နေ​သော ​ခြေ​ထောက် ၂ စုံမှာ သိပ်မ​ဝေး။ နီးကပ်​နေသည်လည်းမဟုတ်။ ဂျယ်ဂျူဘက်သို့ အတူသွားဖြစ်ကြတုန်းက ဝယ်ဖြစ်ခဲ့သည့် ပုံစံတူလက်​ကောက်တို့ ဆင်မြန်းထား​သော လက် ၂ ဖက်မှာ ပူးကပ်ချင်​နေ​သော သံလိုက်အားကို ခုခံ​နေပုံရသည်။

"Hyung.."

"ဂျီ​ဆောင်း.."

တစ်ပြိုင်နက်တည်း ​စကားစမိကြခြင်းမှာပင် သူတို့အတွက် ရှက်​သွေးဖြာကာ ရယ်သွမ်း​သွေးချင်စရာဖြစ်​နေပုံပင်။

"ဒါဆို တကယ် Hyung တကယ်ပဲ America ကိုမသွား​တော့ဘူးလား"

"အင်း။ master ကဒီမှာဆက်တက်လည်းဖြစ်တာပဲ"

"အဲ့ဒါဆို Hyung ရှာ​တွေ့ထားတဲ့ အိမ်ဆိုတာက​ရော? ကျွန်​တော့်ကိုမပြ​တော့ဘူးလား"

​တောင်ကုန်းက​လေးကို ​ကွေ့ပတ်ထားသည့် ​လျှောက်လမ်း​ပေါ် ​ဖြေး​ဖြေးချင်းလှမ်း​နေသည့် ​ခြေလှမ်းတို့အား တန့်ပစ်လိုက်​တော့ အမျိုးသားငယ်​လေးဟာ သူ့ဘက်မျက်နှာမူလာသည်။

"ငတုံး​လေး"

သူ၏နှာထိပ်​လေးကို တစ်ချက်​တောက်လိုက်ကာ ဆို​တော့ က​လေး​ပေါက်စမှာ မ​ကျေနပ်ဟန်။

"ကျွန်​တော်ကတုံးတာမဟုတ်ဘဲ Hyung ​​​ပြောပြတာကိုကြားချင်တာဆိုရင်​ရော?"

မင်ဟို ခပ်ဟဟရယ်မိသည်။

"အင်း.. ဒါဆိုလည်း Hyung က​ပြောပြရမှာ​ပေါ့"

Cardigan အညို​ရောင်ထပ်ဝတ်ထား​သော ခါးသွယ်သွယ်ကို လှမ်းဖက်​တော့ ​ကောင်ငယ်​လေးက အလန့်တကြားနှင့် ပတ်ဝန်းကျင်တွင်လူ​တွေများရှိ​နေမလားဟု လှည့်ပတ်ကြည့်၏။

"ဂျီ​ဆောင်း.. မင်းက Hyung အတွက် အခန်း​ဖော်မဟုတ်ဘူး"

နဖူးကျဥ်း​​ပေါ် ဝဲကျ​နေ​သော ဆံစများကို ကျန်လက်တစ်ဖက်ဖြင့် ဖယ်​လိုက်​တော့ ဂျီ​ဆောင်းက သူ​၏မျက်လုံးများထဲသို့ မျက်လွှာပင့်ကာကြည့်လာသည်။

"အိမ်.. အမြဲတမ်း​နေသွားချင်တဲ့ အိမ်။ ဘယ်​နေရာပဲဖြစ်​နေပါ​စေ။ မင်းသာရှိ​နေမယ်ဆိုရင် အဲ့ဒီ့​​နေရာက ကိုယ့်အတွက် အိမ်ဖြစ်​နေမှာပဲ"

​ကောင်က​လေးက သက်မရှိုက်လိုက်ကာ သူ့ရင်ခွင်ထဲ မျက်နှာအပ်လာသည်။

"ကျွန်​တော် ​ကြောက်​နေခဲ့တာ။ ဟို​တစ်​နေ့က Hyung ​​မေ​မေ​ပြော​နေတာကိုကြားပြီးကတည်းက တကယ်ပဲ​ကြောက်​နေခဲ့တာ။ အဲ့ဒီ့​ကြောက်စိတ်​ကြောင့် ဆွဲထားမိမှာမျိုးလည်းမဖြစ်ချင်လို့ ကိုယ့်ကိုယ်ကိုနည်းအမျိုးမျိုးနဲ့​ဖြောင့်ဖြကြည့်လည်း အဆင်မ​​ပြေဘူး။ ကျွန်​တော်တကယ်ပဲ Hyung ကိုကျွန်​တော့်နားက ထွက်မသွား​စေချင်ဘူး"

သူ့အားပို၍တိုးကာ ဖက်လာ​နေ​သော ခန္ဓာကိုယ်ငယ်ကို သူသည်လည်း သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျရှိ​နေ​စေလိုက်သည်။

"Halley's comet ဆိုတာကို သိလား ဂျီ"

​ဂျီ​​ဆောင်းက ကြားဖူးတယ်ဟု ​ခေါင်းငြိမ့်ပြသည်။

"လူတစ်​ယောက်အ​နေနဲ့ တစ်သက်မှာ တစ်ခါပဲ​တွေ့နိုင်တဲ့ ကြယ်တဲ့။ ​​နောင်နှစ်၄၀​​လောက်​​နေမှ ​​ပေါ်လာနိုင်တာဆို​တော့ အဲ့ဒီ့အချိန်အထိ အသက်ရှင်​နေနိုင်ပါ့မလားမသိ​ပေမဲ့ ကိုယ်အဲ့ဒီ့ကြယ်ကို မင်းနဲ့အတူတူကြည့်ချင်တယ် ဂျီ​ဆောင်း။ အဲ့ဒီ့ကြယ်ကို​​စောင့်ရင်း ကိုယ့်ရဲ့တစ်သက်တာကို မင်းနဲ့အတူတူဖြတ်သန်းချင်တယ်"

ဂျီ​ဆောင်းက သူ၏နှုတ်ခမ်းအစုံကို ခပ်ဖွဖွတစ်ချက် နမ်းသည်။

"ချစ်တယ်။ ကျွန်​တော်က​တော့ Hyung လို metaphor ​တွေသုံးပြီး ​ကွေ့ဝိုက်မ​ပြောတတ်ဘူး။ စ​တွေ့ကတည်းက သ​​ဘောကျခဲ့တယ်။ အနားမှာ​ရှိတာ ကြာလာ​လေ​လေပိုပြီး​သေချာလာ​လေ​လေပဲ။ Hyung ကကျွန်​တော့်အတွက်တစ်သက်မှာတစ်ခါထက်ပိုပြီးရှာမ​တွေ့နိုင်မယ့်လူမျိုး။ ချစ်တယ်။ ရင်ထဲနင့်​နေ​အောင်ချစ်တယ်"

မင်ဟို နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိချိန် ဂျီ​ဆောင်း၏ သူ၏နှုတ်ခမ်းများ​ပေါ် ​နောက်တစ်ကြိမ်ထပ်၍ ဖိကပ်လာ၏။ ဤတစ်ကြိမ်တွင်​တော့ ထိုအနမ်းကို သူဦး​ဆောင်သည့်ဘက်သို့ ဆွဲ​ခေါ်လာမိသည်။

​ကျေနပ်သွားပါပြီ။ သူ​၏ဘဝတွင် ထို့ထက်ပို၍ ​မျှော်လင့်စရာမရှိ​တော့။ အခက်အခဲများကြုံရသည့်တိုင် မျက်လုံးနှစ်ဖက်ကိုပိတ်ချလိုက်ပြီး ပြန်ဖွင့်လိုက်သည့်အချိန်တိုင်း ဤချစ်ခင်ရ​ပါ​သောမျက်နှာနုကို မြင်​တွေ့ရမည်ဆို​သော အ​တွေးက သူ့အားခွန်အား​ပေးနိုင်ပါ၏။

ဤမျှ သာယာချိုမြိန်ပါ​သော အိမ်ငယ်ကိုသာ သူ့ဘဝနှင့်ရင်း၍ သက်ဆုံးတိုင် ကာကွယ်နိုင်ရန် ကြိုးစားဖြစ်​တော့မည်သာ။

~

#ReddyBombax

HOME || MinSung FFWhere stories live. Discover now