2

1.3K 161 28
                                    

Unicode

ကျောင်းအဝင်​​ရှေ့ ခင်းကျင်းထားသည့်ကော်​ဇောနီရဲ့အလယ်တည့်တည့်မှာရပ်​နေရင်း မျက်ဝန်းဝိုင်းတို့ဟာ ​ကျောင်းအ​ပေါက်ဝသို့ အကြည့်မပျက်။

လွယ်အိတ်ကြိုးစ​လေးနှစ်ဖက်ကိုလဲ လက်တစ်ဖက်စီကိုင်ထားရင်း လည်ပင်းတစ်ဆန့်ဆန့်ဖြင့်​မျှော်​နေသည်မှာ အချိန်အနည်းငယ်ကြာ​နေပြီဖြစ်သည်။

နာရီကိုကြည့်​လိုက်​တော့ 7နာရီကိုညွှန်ပြ​နေသည်။

" ဘာလို့မလာ​သေးတာလဲ .. "

​ကျောင်းဝင်အဝကို မျက်​မှောင်ကျုံ့ကာအလိုမကျသလိုကြည့်​နေရင်းမှ သူပြန်စဥ်းစားမိတာ။
သူတို့​ကျောင်းချိန်က 9နာရီမှစသည်​လေ။

Brilliant အိမ်​​တော်မှသခင်​လေးက ​ကျောင်းသို့အ​စောကြီး​ရောက်လာပြီး ​ကျောင်းထဲလဲဝင်ခြင်းမရှိ​​သေးသည်မို့ သက်​​တော်​စောင့်တစ်စုမှာလဲ ​ကျောင်း​ရှေ့မှ​နေရာ​မ​ရွေ့ကြ​သေး။
သခင်မကို​တော့ ကျောင်းမှာအ​ရေးကြီးအတန်းချိန်ရှိသည်မို့ ​စော​စောလာရမည်ဟုပြောလာခဲ့​ပေမဲ့ ​ရောက်စထဲကယခုထိတိုင် ထိုအဝင်ဝဆီမှ​နေရာမ​ရွှေ့​သေး။

နာရီလက်တံ​တွေဟာတစ်​ရွေ့​ရွေ့။
မတ်တပ်ရပ်ကာ​စောင့်လိုက်၊ ​ညောင်းလာသည့်အခါ ငုတ်တုတ်က​လေးထိုင်လိုက်ဖြင့် ထို​နေရာမှတစ်လှမ်းမှမ​ရွေ့။

အချိန်ဟာ 8နာရီခွဲခါနီး ..။
တစ်​ယောက်စနှစ်​ယောက်စဖြင့် ​ကျောင်းသား​တွေများလာ​ခဲ့​ပေမဲ့ ​စောင့်​နေတဲ့လူကို​တော့အခုထိတိုင်မ​တွေ့ရ​သေး​ပေ။
​ဂိတ်ဝရှေ့ရပ်​နေသည့်သူ့ကိုမြင်​တော့ ထိုလူ​တွေဟာအထူးအဆန်းသဖွယ်ကြည့်သွားရင်း တီးတိုး​ပြောသံ​တွေ။

ထိုအခိုက် Melody အိမ်​​တော်မှ ကားတစ်စီးရပ်တန့်လာရင်း ထို​ကား​ပေါ်မှ dannie ဟာဆင်းလာ​ခဲ့သည်။
​သူ့ကိုမြင်သွားသည်နှင့် ​အ​ပြေးလာကာ ..

" Ian .. ငါ့ကို​စောင့်​နေတာလား "

" မဟုတ်ပါဘူး "

တည့်တိုး​ဖြေချလိုက်သည်​​ကြောင့် dannie ပင်အီလည်လည်ဖြစ်သွားရသည်။

Citizen : Yes, he's a Swedish ( Completed )Where stories live. Discover now