3

1.1K 144 48
                                    

Unicode

​နေ့ရက်​တွေရှည်ကြာလာပြီး Jungkook သည်လဲ Vante နဲ့အ​တော်​လေးအဆင်​ပြေ​နေပြီဟု​ပြောရမည်။

Vante နဲ့တစ်ခါစကားများဖူးပြီးသည့်​နောက် jungkook ကပဲစိတ်​လျှော့ကာ သူ​ပြောသမျှ​ခေါင်းညိမ့်လက်ခံ​ပေးလိုက်သည်မို့ ရက်ပိုင်းအတွင်း အ​တော်​လေးအဆင်​ပြေလာခဲ့သည်။

Vante နဲ့ခင်တဲ့ ဒီလ​တွေအတွင်း သူ့ဘက်ကသာစကား​တွေအများကြီး​ပြောဖြစ်​ပေမဲ့ ယခုမှာ​တော့ Vante ဘက်ကလဲ သူ့ကိုစိမ်းသက်မ​နေခဲ့​တော့။

အနမ်းကိုလဲ​မေ့ထားခဲ့ပြီး Vante စိတ်တိုင်းကျ​နေခွင့်​ပေးကာ သူက​တော့ Vante ​ဘေးကလိုတာမှန်သမျှဖြည့်စည်း​ပေး​နေတက်သည်။

" သားငယ် ဒီကိုလာခဲ့ "

ဧည့်ခန်းထဲဖြတ်​လျှောက်လာချိန် သခင်မ​ခေါ်သံ​ကြောင့် သွား​နေရင်းမှ​ခြေလှမ်း​တွေကိုလှည့်လာရသည်။

" ​ပြောစရာရှိလို့လား သခင်မ "

Jungkook ​မေးလိုက်​တော့သခင်မက တည်တင်း​နေတဲ့မျက်နှာထားဖြင့် ..

" သာမာန်လူ​တွေနဲ့ အ​ပေါင်းအသင်းလုပ်​နေတယ်ဆိုတာဟုတ်လား "

ထိုစကား​ကြောင့် jungkook မျက်​မှောင်တို့ကျုံ့မိကာ အ​နောက်ပါးဆီရပ်​နေသည့်သက်​တော်​စောင့်​တွေထံ သူ့အကြည့်​တွေ​ရောက်ရှိသွားရသည်။

" ဘယ်သူ့ကိုမှအပြစ်ရှာဖို့မ​တွေးနဲ့ သား၊ ​​မေ​မေ​ပြောတာဟုတ်သလား "

Jungkook လက်သီးကိုသာတင်းတင်းဆုတ်လျှက် ..

" ဟုတ်ပါတယ် "

" ​မေ​မေဘာ​ပြောထားသလဲ၊ သာမာန်​လူ​​​တွေနဲ့အ​ပေါင်းအသင်းမလုပ်ဖို့​​လေ .. မင်းနားမ​ထောင်ဘူးပဲ "

" ..... "

" သူတို့လိုလူမျိုး​တွေက မင်းကို​တော်ဝင်မျိုးနွယ်ကသခင်​လေးမှန်းသိ​နေလို့ကပ်​​ကြတာ၊ မင်းခင်သလိုစိတ်နှစ်ပြီးခင်ကြမယ်များထင်​နေသလား "

" သူက သခင်မထင်သလိုမဟုတ်ဘူး .. "

" Jungkook မင်းအခု​မေ​မေ့စကားကိုလွန်ဆန်​နေတာလား? "

Citizen : Yes, he's a Swedish ( Completed )Where stories live. Discover now