Final

1.6K 188 117
                                    

Unicode

Grandeur အိမ်​တော် ​​တွေ့ဆုံပွဲ​နေ့။

Sweden နိုင်ငံရှိအိမ်​တော်​တွေထဲ အခမ်းနားဆုံးနဲ့ အ​တောက်ပဆုံးတည်ရှိ​နေတဲ့ Grandeur ...
​တော်ဝင်မျိုးနွယ်​​​တွေရဲ့ ထိပ်ဆုံးအဆင့်မှာရှိ​နေခဲ့တဲ့ Grandeur ရဲ့ကြီးကျယ်မှုဟာ ပါးစပ်ဖျားတင်မဟုတ်ပဲလက်​တွေ့မှာလဲ တခမ်းတနားတည်ရှိ​နေခဲ့တာ။

Grandeur ရဲ့ထုံးစံအတိုင်း သာမာန်မျိုးမဟုတ်ပါပဲ ပွဲလာသမျှလူ​​တွေအားလုံးထံ မျက်နှာဖုံးကိုယ်စီရှိ​နေခဲ့တာ။
အ​ရောင်အ​သွေးစုံလင်လှတဲ့ ​တော်ဝင်ဝတ်စုံ​တွေနဲ့အတူ လှပ​သေသပ်​လွန်းတဲ့မျက်နှာဖုံး​တွေ ..။
Grandeur အိမ်​တော်ဆီလာ​ရောက်သမျှမျိုးနွယ်စု​တွေအကုန်ဟာ Grandeur က​ပေးတဲ့ထိုမျက်နှာဖုံးကိုတပ်ကြရသည်။

ဖိတ်​ခေါ်ထားသမျှလူတိုင်းဟာ Grandeur အိမ်​တော်ထဲစဝင်လာသည်နှင့် အာရုံ​တွေဟာတခြားဆီ​ရွေ့သွားခြင်းမရှိပဲ အိမ်​တော်အတွင်းသာပျံ့လွင့်​နေခဲ့ပါသည်။
နာမည်အတိုင်း ခမ်းနားထည်ဝါမှု​တွေလွှမ်းခြုံ​နေခဲ့တဲ့ Grandeur ...

Crafts Kim ရှိ​နေခဲ့တာ​ကြောင့်လားမသိ ..
ခမ်းနားလွန်းတဲ့လက်မှုပညာ​တွေကို Grandeur ရဲ့နေရာတိုင်းလိုလိုမှာ​တွေ့​နေရတက်တယ် ..။

လက်​ဆောင်ရထားသည့် K.V brand suit နဲ့ pant တို့ကိုတွဲဖက်ကာဝတ်ထားပြီး နက်​မှောင်​နေသည့်ရှုးဖိနပ်ဟာလဲ သူနဲ့လိုက်ဖက်လွန်း​နေသည်။

" လူတိုင်းနဲ့ သိပ်​ရောဖို့​တွေးမ​နေနဲ့ Jungkook .. ကိုယ့်အဆင့်အတန်းကိုယ်သိ "

နီညို​ရောင်မျက်နှာဖုံးကိုတပ်ထားသည့်သခင်မက jungkook အနားမသိမသာတိုးကပ်ကာ ​ပြောလာ၏။

​​တော်ဝင်မျိုးနွယ်​တွေနဲ့အတူ တခြားအသိုင်းအဝိုင်းကြီးထဲမှလူတန်းစား​ပေါင်းစုံပင်ရှိ​နေသည်မို့ သခင်မက ထိုသို့​ပြောလာတာဖြစ်၏။
Jungkook နည်းတူလက်​ဆောင်ရထားသည့် အပြာရင့်​ရောင် ​တော်ဝင်ဝတ်စုံကိုသခင်မကဝတ်ထားခဲ့သည်။
ထိုဝတ်စုံ​တွေကြည့်ရုံနဲ့ပင် ​စျေးနည်းမည်မထင်ရ​လောက်​အောင်ကို ..။

Grandeur အိမ်​တော်ရဲ့ခြံဝန်းကျယ်ကြီးထဲ တစ်စစဖြင့်လူ​တွေများပြားလာခဲ့၏။

Citizen : Yes, he's a Swedish ( Completed )Where stories live. Discover now