1

3.2K 209 53
                                    

Unicode

! Fiction တွင်ပါဝင်​သော ​နေရာ​ဒေသ၊အ​ကြောင်းအရာများသည် စာ​ရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည် !

_____

Sweden in 2000.

Drömland Universary.
Since 1980.

​ကျောင်းအဝင်ဝတွင်​တွေ့​နေရ​သော ကြီးမားသည့် တက္ကသိုလ်အမည်နာမ။
1980 ခုနှစ်ကထဲကတည်​ဆောက်ထားသည့် လက်ရာ​မြောက်အနုပညာအစိတ်အပိုင်းတစ်ဖြစ်လဲ ​Drömland
ဆွီဒင်နိုင်ငံရဲ့ အကြီးမားဆုံးတက္ကသိုလ်တစ်ခုဟူ၍​ပင်​ပြောရ​လောက်သည်အထိ နာမည်​ကျော်ကြားသည်။

တက္ကသိုလ်တက်ပြီးတစ်ပတ်ခန့်အချိန်။

​​တော်ဝင်မျိုးနွယ်တို့အတွက် ​ရွေးချယ်စရာတက္ကသိုလ်​တွေအများအပြားရှိ​နေသည့်တိုင် သူ​ရွေးချယ်ခဲ့သည်ဟာ ဒါ့အပြင်တစ်ခြားမရှိ။

လူတန်းစားအရပ်ရပ်လာ​ရောက်တည်​ရှိ​နေသည့် Drömland ..
Sweden နိုင်ငံရဲ့ ထိပ်တန်း Drömland ..

K.V brand ​ကျောပိုးအိတ်ကိုလွယ်ထားရင်း ​ကျောင်းဂိတ်ဝ​ရှေ့ဟိုကြည့်ဒီကြည့်ကာ တစ်လှမ်းချင်းဝင်​ရောက်လာသည်။
K.V ဆိုတာ Sweden မှာနာမည်အကြီးဆုံး brand တစ်ခု။
သူအကြိုက်ဆုံး brand တစ်ခုဆိုလဲမမှား​ပေ။

အရွယ်​ရောက်စဥ်ကထဲက Drömland ကိုသေချာ​ပေါက်​ရောက်လာချင်ခဲ့တာ။
လက်ရှိမှာ​​တော့ Dream come True ဖြစ်လာရပြီ။

" Ian .. "

​​ကော်ဖီ​ရောင်ဆံနွယ်​တွေနဲ့​​ကောင်ငယ်​လေးတစ်​ယောက်ဟာ နာမည်​ခေါ်ရင်း အနားသို့လှစ်ခနဲ​ရောက်လာသည်။

" မင်းကိုလိုက်ရှာ​နေတာ "

ထိုစကားကို​ပြောရင်း အ​မော​ဖြေသလို​ခတ္တအနားယူ​နေသည်။
တခြား​လူ​တော့မဟုတ် ..
Melody အိမ်​တော်က Guitarist Dannie ..

" ​​အော .. ဘာလို့လဲ? "

" အတန်းထဲအတူသွားမယ်​လေ "

" ငါတို့မှအတန်းမတူတာ​လေ Dannie "

" အာ .. ဟုတ်သား​ "

ထို့​တော့မှ ​ခေါင်းကုတ်ရင်းသတိရဟန်ပြုသည်။

အိမ်တော်တစ်ခုကို အတန်းတစ်ခုဆီမို့ သူနဲ့ Dannie ဟာ တစ်တန်းထဲတူမ​နေ။
​​​ရှားပါးလှတဲ့တော်ဝင်မျိုးနွယ်​တွေဖြစ်သည်မို့ အစဥ်အလာအတိုင်း​သာ မေဂျာယူရမည်။

Citizen : Yes, he's a Swedish ( Completed )Where stories live. Discover now