အကိုနှင့်ညီမ
အောင်စိုး
ကျုပ်နာမည် စိုင်းသူ ရှမ်းဗမာလေးပါ။ကျုပ်တို့အိမ်မှာ အဖေရယ် အမေရယ် အန်တီရယ် မမရယ် မိသားစု ၅ယောက် ရန်ကုန်မြို့ပြကြီးမှာနေကြတာပေါ့။ဖေဖေနာမည်က ဦးထွန်းနိုင်သူ(ဗမာ) မေမေက ဒေါ်နန်းအိတင် အန်တီက ဒေါ်နန်းကလျာ မမက နန်းတင်ဇာသူ တို့ ဖြစ်ကြတယ်။မိဘနှစ်ပါးလုံးနဲ့အန်တီက လ၀က(မှတ်ပုံတင်ရုံး)၀န်ထမ်းအရာရှိတွေပေါ့ဗျာ။ကျွန်တော်နဲ့မမက အသက် ၃နှစ်ကျော်ကွာတယ်။ကျွန်တော်အသက်က ၁၇နှစ် ပထမနှစ်တက်နေတယ်။မမက ၂၀ကျော် ။အဆင်ပြေ ပျော်ရွှင်ပြည့်စုံကြတဲ့ မိသားစုလေးတစ်စုဆိုရင်တော့မမှားဘူးပေါ့လေ😀။
ကျွန်တော်တို့ရဲ့ပျော်ရွှင်စရာမိသားစုလေးထဲ ကံဆိုးမိုးမှောင်ကျတဲ့နေ့ကတော့ ကျွန်တော်ဆယ်တန်းဖြေပြီးတဲ့နောက်မှာပါ။ဖေဖေနဲ့မေမေဟာ တောင်ကြီးကို တာ၀န်နဲ့အသွား လမ်းမှာ🚙ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးပါးသွားကြတာပေါ့ဗျာ🥺။ဒီလိုနဲ့ဘဲ ကျွန်တော်တို့မောင်နှမနှစ်ယောက် အန်တီကဘဲ ထိန်းသိမ်းပြုစုလာခဲ့တာပေါ့ဗျာ။ကျွန်တော်တို့မောင်နှမနှစ်ယောက်ကလည်းအရမ်းချစ်ကြတယ် မမကလည်း အရမ်းချစ်ပြီးအလိုလိုက်ပါတယ်။မချစ်ဘဲနေမလားဗျာ ငယ်ကတည်းက တစ်အိမ်ထဲမှာ ကလေးဆိုလို့ ဒီမောင်နှမနှစ်ဘဲရှိကြတာလေ။မိဘတွေက ၀န်ထမ်းတွေဆိုတော့ စည်းကမ်းကြီးတယ်လေ အပြင်ထွက်မဆော့ရဘူး အိမ်ထဲမှာဘဲ ကျွန်တော်နဲ့မမ ဘာဆော့ဆော့အတူ စားအတူ လာအတူပေါ့။ကုန်ကုန်ပြောရရင် အိပ်ရင်တောင်မမနဲ့ဘဲတူတူအိပ်တာ ၈တန်းကျောင်းသားဘ၀ထိဘဲပေါ့။နောက်တော့ အန်တီနန်းကလျာက သားလည်းအရွယ်ရောက်တော့မယ် ခွဲအိပ်တော့ဆိုလို မမနဲ့ခွဲအိပ်တာ တော်တောင်ကြာနေပြီပေါ့။
ခုဆိုကျွန်တော်တောင် တတိယနှစ်ကျောင်းသားဖြစ်နေပြီလေ။မမကတော့ ဘွဲ့ရပြီး company တစ်ခုမှာ ၀န်ထမ်းအဖြစ်အလုပ်၀င်နေပြီပေါ့လေ။ဒါနဲ့ပြောရဦးမယ် မမကမေမေကိုတူတာထင်တယ် ရှမ်းဆိုတော့ ဆံပင်ကလည်းနက်မှောင်ပြီးအရှည်ကြီး အသားကလည်းဖြူပြီးအနီရောင်သမ်း ကိုယ်လုံးကိုယ်ပေါက်ကလည်းခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့် အရပ်ကမနိမ့်မမြင့်နဲ့ဆိုတော့ တော်တော်လှပပြီးကြည့်ကောင်းတာ မာနကလည်းကြီးမှကြီးဆိုပါတော့။ကျွန်တော်ကတော့ အရပ်ရှည်တယ် အသားရည်ကတော့ ပုံမှန်ပါဘဲ အဖေတူတာကိုးဗျ😁။ကျွန်တော်က မမကို မမတင်ဇာလို့ဘဲခေါ်တယ် မမကတော့ ကျွန်တော့်ကို အငယ်မို့ အငယ်ကောင်လို့ခေါ်တယ်။ကဲကဲ မိသားစုအကြောင်း ပြောပြနေတာနဲ့ လိုရင်းကိုရောက်မှာမဟုတ်တော့ဘူ ဇာတ်လမ်းကခုမှစမှာ။
မမနန်းတင်ဇာသူကိုချောင်းနေတာက မန်နေဂျာကိုသီဟဆိုတဲ့လူပေါ့။ကိုသီဟဆိုတာကလည်းအခြားသူမဟုတ်ဘူးလေ company ပိုင်ရှင်သူဌေးမကြီးဒေါ်သီရိရဲ့မောင်အရင်းခေါင်ခေါက်ကြီး အမအရှိန်နဲ့ သူမျက်စိကျတဲ့ ၀န်ထမ်းကောင်မလေးတွေကို အမျိုးမျိုးစည်းရုံးပြီး စားနေကျ ကြောင်းပါးကြီးတစ်ကောင်ဆိုပါတော့လေ။သူကမမနန်းတင်ဇာသူကိုတော့ တကယ်ချစ်မြတ်နိုးလို့လားမသိဘူး ပိုးပန်းနေတာကြာပြီ အရေးလည်းပေးတယ် ဂရုလည်းစိုက်တယ် ရံဖန်ရံခါ သူ့ရုံးခန်းထဲမှာ ထိကပါးရိကပါးစကားလေးတွေတော့ပြောတက်တယ်။မာနခဲလေးမမနန်းသူဇာကလည်း ကိုသီဟကိုမန်နေဂျာဆိုတဲ့ စိတ်ကလွဲပြီး ဘာစိတ်မှမထားဘူး အလုပ်တာ၀န်ပြောနေတဲ့အချိန်ကလွဲပြီး ကျန်တဲ့ချိန်ဆို မျက်နှာက ခပ်တင်းတင်းဘဲသိပ်အရောမ၀င်ဘူးလေ။ရုံးဆင်းတဲ့အချိန်ဆို အကြိမ်ပေါင်းမနည်းဘူး ကားနဲ့နောက်ကလိုက်ပြီး တင်ဇာ ပြန်တော့မှာလား ကိုလိုက်ပို့မယ်လေ ဟင့်အင်း ရပါတယ်ကိုသီဟ ပြန်နေကျဘဲ ဒီတိုင်းဘက်စ်ကားစီးပြန်ပါ့မယ် ကျေးဇူးတင်ပါတယ်။
တစ်နေ့မှာကိုသီဟ မိတ်ဆွေတွေနဲ့ဆုံပြီး သောက်ပြီး company ကိုလာတယ်ထင်တယ် မမကရုံးခန်းထဲ၀င်ပြီးလက်မှတ်ထိုးခိုင်းပြီးပြန်မယ်အလုပ် လက်ကိုလှမ်းဆွဲပြီး တင်ဇာ ဘာလို့ ကိုယ့်ကိုအရမ်းစိမ်းနေတာလည်း ကိုယ်မင်းအပေါ်ဘယ်လောက်ချစ်မြတ်နိုးနေမိတယ်ဆိုတာ မသိတာလား။ကိုသီဟ ကျမလက်ကိုလွတ်ပါ ဒါအလုပ်ချိန်ကြီး ဒီလိုမလုပ်ပါနဲ့ ကျမ မကြိုက်ဘူးနော်။ဒီနေ့တင်ဇာကိုယ့်ရဲ့ အချစ်တွေကိုအသိမှတ်မပြုဘူးဆိုရင် မလွတ်ဘူးကွာ တင်ဇာကို ကိုယ်မြတ်မြတ်နိုးနိုးနဲ့အရမ်းချစ်တယ်ဆိုပြီး သိုင်းဖက်တော့မဲ့အတိုင်းအတင်းတိုးကပ်လာတယ်။ဒီမယ်ကိုသီဟ ကျမရှင့်ကိုလူကြီးလူကောင်းဆိုပြီး ထင်ထားတာ ဖယ်လွတ်ဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ရုန်းကန်တွန်းပစ်ပြီး ခပ်တည်တည်နဲ့ရုံးခန်းထဲကထွက်လာခဲ့တော့တယ်။
ဟော ငါ့မောင်တော့မူးလာပြီထင်တယ် ဘာလို့ဒီလောက်တောင်သောက်လာတာလည်းသီဟရယ် မမ ကျွန်တော့်ကို ဒီနေ့ တင်ဇာကငြင်းလွှတ်ပြီးတွန်းလွှတ်လိုက်တယ်ဗျာ ကျွန်တော်မခံစားနိုင်ဘူးးး။အမလေး သီဟရယ် နင်လိုရှုပ်ပွေတဲ့သူကို သိနေတဲ့သူက ပြန်ကြိုက်ပါမလားဟဲ့ မမရာ ကျွန်တော် တင်ဇာကိုအတည်ချစ်တာ တကယ်ချစ်တာ မြတ်မြတ်နိုးနိုးနဲ့ချစ်တာ ကျွန်တော်သူ့ကိုရယူချင်တယ် အဆုံးရှုံးမခံနိုင်ဘူး လက်ထပ်ချင်တယ် ခုကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံးဗြောင်းဆန်နေပြီ ကျွန်တော်အရမ်းခံစားရတယ် မမရာ ခုကျွန်တော်ဘယ်လောက်ခံစားနေရတယ်ဆိုတာသိအောင် တင်ဇာအိမ်သွားမယ်ဗျာဆိုပြီး ဒယိဒယိုင်နဲ့ ပြန်ထွက်သွားတယ် ဟဲ့ဟဲ့ သီဟ နင်အရမ်းမူးနေပြီလေ ဒီပုံစံနဲ့ကားမောင်းလို့မဖြစ်ပါဘူး အော် ဟဲဟဲ့သီဟ လှမ်းသာအော်ဟစ်တားဆီးနေတာ သီဟက ကားကိုအရှိန်နဲ့မောင်းထွက်သွားတယ် 🚘ဝူးးးးးးးးးးးး။ဟလို ဒေါ်သီရိတို့အိမ်ကလားခင်ဗျာ ဟုတ်ကဲ့ပါရှင် ဘာလို့လည်းမသိဘူးနော် ဟုတ်ကဲ့ ဒေါ်သီရိမောင် ကိုသီဟ 🚘🚕ကားတိုက်မှု့