အမေနဲ့ကားနောက်ခန်းထဲမှာ

5.3K 25 0
                                    

သားကို ရန်ကုန်က Private ကျောင်းပို့ပေးရတော့မယ်။ အပြင်မှာပူတယ်။ ယောက်ျားရယ်၊ ကျမသားမင်းမင်းနဲ့ ကျမတို့ အားလုံး ကားပေါ်မှာ ပစ္စည်းတွေ တင်ရင်း ချွေးပြန်နေကြပြီ။ နောက်ခန်းမှာ ပစ္စည်းတွေနဲ့ တော်တော်ပြည့်နေပြီ။ မင်းမင်းက အိမ်ထဲပြန်ဝင်သွားပြီး နောက်ဆုံးကျန်နေတဲ့သူ့ပစ္စည်းကို သွားယူတယ်။

မင်းမင်း အိမ်တံခါးပြန်ပိတ်လိုက်သံကြားရတယ်။ ကျမှလှမ်းကြည့်လိုက်တော့ သူရဲ့  43 လက်မ Gaming Monitor  ကြီးကို မ ပြီး သယ်လာတာတွေ့ရတယ်။

" မင်းအဲ့ဟာကြီးကို ဘယ်မှာ တင်မှာလဲ" သူ့အဖေက မင်းမင်းကို လှမ်းမေးလိုက်တယ်။

"မသိသေးးဘူး အဖေ။ ဒါမပါပဲနဲ့တော့ သား မသွားဘူး။  Gaming Monitor, 120Hz Rate  4K  ဗျ။ အဖေက ထပ်ဝယ်ပေးမှာလဲ မဟုတ်ဘဲနဲ့"
ကျမ ကားနောက်ခန်းကို လှမ်းကြည့်လိုက်တယ်။ "မရလောက်ဘူး ထင်တယ်" မင်းမင်းလဲ ကားနောက်ခန်းကို ကြည့်ရင်း "ဒါဆို ရှေ့ခုံပေါ်မှာ တင်လိုက်မယ်လေ"

"ကောင်းလှပါပြီ မောင်မင်းကြီးသား၊ အမေက ဘယ်မှာ ထိုင်ရမလဲ?"

မင်းမင်းက အကြံရပြီဆိုတဲ့ မျက်နှာပေးနဲ့၊ ပါစင်ဂျာ ဘက်တံခါးကို ဖွင့်ပြီး သူ့ရဲ့ မော်နီတာကို တင်လိုက်တယ်။ ပြီးတော့ သူက ဝင်ထိုင်လိုက်ပြီး "ဒီမှာလေ၊ အမေက သားဘေးမှာ ထိုင်လို့ရတယ်" ဆိုပြီး သူ့ဘေးက နေရာလွတ်ကို ပြတယ်။ ကျမဝင်ထိုင်လိုက်လို့ရတယ်၊ ဒါပေမယ့် တံခါးကိုပိတ်လို့မရ။ ကျမက ကိုယ်လုံးကြီးတဲ့သူတော့ မဟုတ်ဘူး။ ကျမက ၅ပေကျော်နဲ့ ပေါင် ၁၀၀ ကျော်ပဲ ရှိတယ်။ ကျမသား ထိုင်လိုက်တာနဲ့ နောက်ခန်းနေရာလွတ်အပြည့် ဖြစ်သွားပြီ။ သူက အရပ် ၆ ပေနီးပါး၊ ဝိတ်က ပေါင် ၂၀၀ နီးပါး။ "အမေထိုင်လို့ တံခါးပိတ်မရတာ မဟုတ်ဘူး။ သားကိုယ်ကြီးက အကြီးကြီးပဲ။ အဲ့မော်နီတာကြီးထားခဲ့လိုက်။ အမေတို့ နောက်တော့ ဒေလီနဲ့ ဖြစ်ဖြစ်၊ အမေတို့ ရန်ကုန် နောက်တခေါက်လာတော့ ဖြစ်ဖြစ် သယ်လာပေးမယ်"

"ဟင့်အင်း မရဘူး အခုတခါတည်းရအောင်သယ်သွားမယ်" သူက ကားအပြင်ကို ဆင်းလိုက်ပြီး ပြောတယ်။

"သားပဲ ကြည့်ဦး ဘယ်လို ဆန့်မလဲ အမေနဲ့သားနဲ့ ဒီမော်နီတာကြီးနဲ့"

အောWhere stories live. Discover now