တောကြီးမျက်မည်း

6.6K 14 0
                                    


ရေး - အာကာမင်း
Credit : မူရင်းရေးသားသူနှင့်အဆင့်ဆင့်ဖြန့်ဝေပေးသူအားလုံး

မေသူဇော်တယောက် ကျောင်းပိတ်ထားသော နွေရာသီအားလပ်ရက်ဖြစ်နေသဖြင့် အိမ်ထဲမှာတယောက်ထဲနေ
ရင်း ပျင်းရိငြီးငွေ့လာသည်။ တဦးတည်းသောသမီးဖြစ်၍ မိဘများကအလိုလိုက်ထားကြသော်လည်း စည်းနဲ့ကမ်းနဲ့နေရသောမိန်းကလေးတယောက်လည်းဖြစ်သည်။ ၁၀ တန်းစာမေးပွဲ ဖြေဆိုထားသောအချိန်ဖြစ်နေသဖြင့်လည်း သူမအနေနဲ့စားလိုက်
အိပ်လိုက်နဲ့သာ အချိန်ကုန်နေရလေသည်။ အမေက မနက်ကနေ ညနေစောင်းအထိ သူမဖွင့်ထားသောရွှေဆိုင်မှာဘဲ ရှိနေတတ်ပြီး အဖေကတော့ခြံထဲကပန်းပင်တွေနဲ့သာ အချိန်ကုန်နေလေ့ရှိသည်။ အဖေနဲ့အမေတို့ လက်မထပ်ခင်ထဲက အဖေက
ဆင်းရဲပြီး အမေကချမ်းသာသည့်အရှိန်ဖြင့် အမေကအဖေ့အ ပေါ်တွင် နိုင်ခဲ့သည်။ ထို့ကြောင့် အဖေခမျာဝင်ငွေပင် မရှာရဘဲအမေထားသည့်နေရာမှာနေပြီး အမေပြောသည့်အတိုင်းဘဲလုပ်ရလေ့ရှိသည်။ သို့သော် အဖေစိတ်တိုလာသည့်အခါတိုင်းတွင် အမေကဘဲပြန်ချော့မော့ရတတ်ပြီး အမေနဲ့အဖေက ဘယ်သူကဘယ်သူ့ကိုနိုင်လဲဆိုတာကို ဝေခွဲမရခဲ့ပေ။ အမေက အဖေ့ထက် အသက် ၅ နှစ်လောက်ပိုကြီးသောကြောင့် အဖေ့အပေါ်မှာသြဇာညောင်းသော်လည်း အဖေ့ကိုချစ်သည့်စိတ်နဲ့ဘဲ
တခါတရံတွင် အလျော့ပေးတတ်သည်ဟုသာ အကြမ်းဖြင်းနားလည်ထားသည်။
ဦးမင်းဇော်တယောက် သူ့ဆီလာနေကြသောသားအမိနှစ်ယောက်ကြောင့် လုပ်လက်စအလုပ်ကို ရပ်လိုက်ရင်းထလာခဲ့
သည်။ ဦးမင်းဇော်မှာ အသက် ၃၆ နှစ်ခန့်ရှိပြီး အသားဖြူဖြူအရပ်မြင့်မြင့်နှင့် ခန့်ငြားချောမောသောလူတယောက်ဖြစ်သည်။ဦးမင်းဇော်အသက် ၁၉ နှစ်တွင် သူ့ထက် ၅ နှစ်မျှကြီးသော ဒေါ်သီရိကိုလက်ထပ်ခဲ့ပြီး တနှစ်အကြာတွင် သမီးလေးမေသူဇော်ကို မွေးဖွားခဲ့သည်။ ယခု သမီးလေးပင် ၁၀ တန်းဖြေဆိုပြီးသည့်အရွယ်ပင် ရောက်လာခဲ့သည်။ ဦးမင်းဇော်အနေနဲ့ ဒေါ်သီရိကိုလက်ထပ်ခဲ့ရသော်လည်း အဖေ့ရဲ့ငယ်သူငယ်ချင်းဖြစ်သော ဒေါ်သီရီအဖေရဲ့ဇွတ်စီစဉ်မှုကြောင့်ဆိုလည်း မမှားချေ။
အသက်ငယ်ပြီး ရိုးသားကြိုးစားသောသူ့ကို အဖေ့ငယ်သူငယ်ချင်းက သမီးဖြစ်သူနဲ့သဘောတူပြီးပေးစားလိုက်သဖြင့် သူဌေးသမက်ဖြစ်လာခဲ့သည်။ ထိုအချိန်တုန်းက ဦးမင်းဇော်မှာ ချစ်သူ
လည်းမရှိသေးသည့်အပြင် ဒေါ်သီရိကလည်းအလွန်လှပသောကြောင့် ဒေါ်သီရိကိုသာလက်ထပ်ခဲ့ခြင်းဖြစ်သည်။
မေသူဇော်က သူမတို့သားအမိလာတာကို မတ်တပ်ရပ်ပြီးသိမ်မွေ့သောအပြုံးနဲ့ဆီးကြိုလိုက်သော ဖခင်ရဲ့လက်မောင်းတဖက်ကိုဖက်ပြီး ကလေးလေးတယောက်လိုပြုမူလိုက်သည်။ ထိုအခါ အဖေက

အောWhere stories live. Discover now