ဘဝဟောင်းကချစ်သူ

3.7K 11 0
                                    


ကာမလူဆိုး- တိတ်တခိုးမှာရေးသည်။ အင်းစက်စာပေဖြစ်ပါသည်။
==========================
ခင်သူဇာ မနက် ၈ နာရီခွဲလောက်တွင် ကျောင်းသွားရန် အိမ်အောက်မှာ ရပ်ထားသော ဖီးစန့် စက်ဘီးလေး ထုတ်၍ ကျောင်းသို့ ထွက်လာခဲ့သည်။ ကျောင်းနား မရောက်ခင် သူမ နောက်မှ ခေါ်သံကြား၍ စက်ဘီးပေါ်မှ ဆင်းလိုက်သည်။

"သူဇာ ငါ နင့်ကို အရေးကြီး ပြောစရာ ရှိလို့ပါ"

ကျောင်းစိမ်း ပုဆိုး အင်းကျီ လွယ်အိတ် ခပ်နွမ်းနွမ်းလေးနှင့် သူမငယ် သူငယ်ချင်း ၁ တန်းမှ ခု ၁၀ တန်းနှစ် အထိ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။ သူ့နာမည်က စည်သူ လူက ဆင်းရဲနွမ်းပါးသော်လည်း ရုပ်ရည်လေးက မဆိုးလှ ကြည့်ကောင်းသည်။

"သူဇာ နင် ငါ့ကို စိတ်မဆိုးပါနဲ့နော် ငါ ပေးတဲ့ စာလေးကို လက်ခံပါဟာ"

ဟု ပြောပြီး သူမ လက်ထဲ ထည့်ပေး၍ ယူထားလိုက်သည်။ စည်သူ ပေးတဲ့ စာက ရည်းစားစာ ဆိုတာ သိသဖြင့် လွယ်အိတ်ထဲ ထည့်လိုက်ပြီး သူမတို့ ကျောင်းသို့ လာခဲ့ကြသည်။ သူမ မိဘများက စည်သူနှင့် ခင်ခင် မင်မင် နေတာမကြိုက် အဆင့် အတန်း ခွဲကြသည်။ ထို့ကြောင့် သူက အိမ်သို့ ကျောင်းသွားရန် လာမခေါ်ရဲ၍ လမ်းမှာ စောင့်နေတတ်ပါသည်။ သူမမှာလည်း အခင်ဆုံး သူငယ်ချင်းက သူပဲရှိပြီး သူ့မှာလည်း အခင်ဆုံး သူငယ်ချင်းက သူမပဲ ရှိပါသည်။ ညနေ ကျောင်းဆင်းပြီး အိမ်ရောက်တော့ မနက်က စည်သူ ပေးသော စာလေးကို သူမ အခန်းထဲမှာ ဝင်ဖတ်လိုက်သည်။

သူဇာ နင့်ကို ငါ မနှစ်က စပြီး သူငယ်ချင်းထက် ပိုတဲ့ဲ့ သမီးရည်းစား ချစ်ခြင်းနဲ့ ချစ်မိပြီး စွဲလန်း နေမိခဲ့တာပါ။ ငါ့ အချစ်ကို လက်ခံပေးပါနော် နင့်ရဲ့ နှလုံးသား တစ်နေရာမှာ ငါ့အတွက် နေရာလေး ချန်ထားပေးပါ နင် အဖြေပေးမယ့် နေ့ကို စောင့့်နေမယ်နော်။ နင့်ကို အမြဲ ချစ်နေမယ့် စည်သူ။

ဟု သူ ရေးထားသော စာလေးကို ဖတ်ပြီး သူမ ရင်ခုန် ကြည်နူးသွားရလေသည်။
----
နောက် အပတ် ကျောင်း မပိတ်ခင် သောကြာနေ့  ညနေ ကျောင်းဆင်းချိန်မှာသူမတို့ စက်ဘီးလေး တွန်းပြီး ပြန်ခဲ့ကြသည်။ သူမတို့ အိမ်မရောက်ခင် လူပြတ်သော လမ်းကြားလေး အရောက်မှာ သူဇာ ငါ့ကို အဖြေပေးတော့လေ ဟု သူမ လက်လေးကို အုပ်ကိုင်၍ ပြောလေသည်။ စည်သူ့ကို ငယ်သူချင်း သံယောဇဉ်လည်း ရှိပြီး ခု ၁၀ တန်း တက်တဲ့ နှစ်မှာသူ့ကို သူမ စိတ်ဝင်စားမိကာ မဆွတ်ခင်ထဲက ညွတ်နေ မိခဲ့ပါသည်။

"နင့်ကို ငါ ချစ်တယ် စည်သူ"

အောWhere stories live. Discover now