Part12

636 13 14
                                    

"ဆာ၀ါဒီခ~~ မမလေး ပြန်လာပီလား "

" ပြန်လာလို့နင်တွေ့ရတာလေ ! ငယ်ငယ်ရွယ်ရွယ်နဲမျက်လုံးကန်းနေပြီလား !! "



" အော် ~~ ဟုတ်ကဲ့ပါမမအတွက် ရေအေးအေးလေးပါ "



( ယဉ်ကျေးမှုအရမေးတာပါဟယ် ဘာတွေလာဖြစ်ပြနေတာလဲကောင်မ )

စံအိမ်ထဲ အစေခံများ ကိုယ်ရံတော်များအလုပ်ကိုယ်စီဖြင့် သူမကိုတောင်အဖက်မလုပ်နိုင်ပါ ။




"ဒါနဲ့ နင်တို့ဘာအတွက်ပြင်ဆင်နေကြတာလဲ !! မဟုတ်မှ Nattawinရဲ့စျာပနပွဲအတွက်လား ဟားးဟားး !! "



"မဟုတ်ပါဘူးမမလေး.. သခင်လေးနဲ့ Apoတို့ရဲ့လက်ထပ်ပွဲအတွက်စီစဉ်နေကြတာပါ ၊ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလဲနော် ... ၊ ကျမတို့တောင်ဒီလောက်ပျော်နေတာကာယံကံရှင်ဖြစ်တဲ့သူတို့လဲအရမ်းကိုရင်ခုန်နေကြမှာပဲ ဟုတ်တယ်မလားမမလေးRose ...။ "

Ollivaက အူမြူးနေတဲ့အသံဖြင့်ပြောလိုက်တော့ ...။



" ငါကဘာလို့ပျော်ရမှာလဲ ! လုံး၀မဖြစ်နိုင်ဘူး ကိုကိုက Nattawinကိုလက်ထပ်မယ်ဆိုတာမဖြစ်နိုင်ဘူး !! အခုကိုကိုဘယ်မလဲ !! ကိုကို အခုချက်ချင်းထွက်လာခဲ့နော် ကိုကို! "

သူမကကျယ်လောင်စွာအော်ဟစ်နေပါတယ် ။
အစေခံများပင် သူမကိုကြောင်အစွာကြည့်နေကြတယ် ။



" Rose ... ပြန်လာပီလား ကုမ္ပဏီအခြေအနေဘယ်လိုရှိလဲ "


Mileရဲ့ လက်မောင်းကို ချိတ်လျက်သား အောင်နိုင်သူလို ပြုံးရွင်နေတဲ့မျက်နှာထားလှလှဖြင့် ဘေးမှလိုက်ပါလာသောApo...။


"Roseကိုမေးခွန်းမထုတ်ခင် Roseမေးတာအရင်ဖြေပါဦး ~ အခုကဘာတွေဖြစ်နေကြတာလဲ~~ သူတို့ပြောတာတွေအကုန်အမှန်တွေပဲလား "




"ဘာကိုလဲ Roseရဲ့.. "


Mileကနားမလည်သောမျက်နှာဖြင့်မေးလာတယ် ။

"ကိုကိုNattawinနဲ့လက်ထပ်တော့မယ်ဆိုတာဟုတ်လား ..."




သူမ ရဲ့စကားအသံဟာ တိုးညှင်းစွာထွက်လာတယ် ။



Daddy & Baby  (Completed)Where stories live. Discover now