Part9

980 25 4
                                    


"အာ့.... ကိုက်တယ်ဟ... သေပါပီ..."

ကျွန်တော်လက်လှမ်းမှီရာနေရာ ကိုအားပြင်းပြင်းနဲ့ကိုက်ချလိုက်‌တာကြောင့် ထိုသူမှာ မီးတောက်နေတဲ့မျက်လုံးနဲ့ကြည့်လာတော့တယ် ။


"ကျစ်!!  တော်တော်သန်နေတယ်ပေါ့...."


ထိုသူက ကျွန်တော့်ရဲ့ ဗိုက်နေရာကိုဓားဖြင့်ထိုးလိုက်ခြင်းဖြစ်တယ် ။

"အားး ...... ဟာ့ ... မင်းတို့... ဘာလုပ်တာလဲ... လွှတ်စမ်း!!!  "


Poနာကျင်တာကြောင့် ကျယ်လောင်စွာအော်လိုက်ပီး အသည်းသန်မောင်းနေတဲ့ကားပေါ်က ခုန်ချလိုက်ပီး  Poလုပ်ရပ်ကြောင့် ‌ခွေးမသားတွေအံ့သြမင်သက်နေချိန် ခြေဦးတည့်ရာပြေးလာလိုက်တယ် ။

"ချီး!!! ထွက်ပြေးသွားပီ  !  တစ်ယောက်ထဲကိုရအောင်မဖမ်းနိုင်ကြဘူး!! "


Poနောက်မှာ ကျိန်ဆဲပြောဆိုကာကျန်နေခဲ့တာကို မသဲမကွဲကြားလိုက်မိပါတယ် ။   Poရဲ့လမ်းတစ်လျှောက် ခြေထောက်တွေ အားအင်ကုန်ဆုံးလာသလို မျက်လုံးတွေဝေ၀ါးလာတယ် ။  

Po ဗိုက်နားကလဲ သေလောက်အောင်နာကျင်နေပါတယ် ။ ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် Daddyမျက်နှာကိုတွေ့ရပြီးမှPoသေချင်တယ် ။  ဒီလောက်ပါပဲ ။


"သူ့ကိုဒီလောက်ထိ တိုက်ခိုက်ကျွမ်းကျင်မယ်မထင်ထားဘူး!   ငါတို့၅ယောက်လက်ထဲကတောင်  လွှတ်အောင်ပြေးနိုင်တာ မခေဘူးပဲ ... ‌နောက်တစ်ခါဆို အသေရိုက်သတ်ပီး ခေါ်သွားမယ်!  "

"သူ့ကိုမဖမ်းနိုင်ပေမဲ့ ဒဏ်ရာတော့ပေးလိုက်နိုင်တယ် ... ငါတို့အတွက် အမြတ်ပဲ !!"

တဖက်က ဒဏ်ရာရထားတဲ့Apoကကော သူ့ဆန္ဒအတိုင်း Daddyမျက်နှာကိုမြင်တွေ့ခွင့်ရနိုင်ပါ့ဦးမလား ? 


>>>>>


"ဆာ၀ါဒီခထုခွန်တို့... ကျွန်တော်ပြန်လာပါပြီ ~~~"


တဖက်မှာတော့ အပြစ်ဒဏ်မှကင်းလွတ်သွားတာကြောင့် ‌ပျော်ရွင်ရယ်မောနေသော Jhon ...

Daddy & Baby  (Completed)Where stories live. Discover now