Part 13

432 15 15
                                    

"ကိုယ်တို့မဂႅလာပွဲကို နောက်ဆုတ်လို့ရမလား "


" .........."



သူ့ပါးစပ်ကထွက်လာတဲ့စကားလုံးတွေကိုအငမ်းမရ ‌နားထောင်ရင်း နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားမိ တယ် ။


ဘာလိုစကားလုံးတွေနဲ့ပြန်ပီးခုခံရမလဲ ကျွန်တော်စဉ်းစားမရခဲ့။





" ကိုယ်တို့မဂႅလာပွဲကို ၁လလောက်ဆိုင်းငံ့ထားလို့ရမလား... "





"  Daddy! ဒါ ကလေးကစားစရာမဟုတ်ဘူးနော် ... Daddyစိတ်ကြိုက် နေ့ရွေ့ ညရွေ့နဲ့အမျိုးမျိုးဆော့ကစားရအောင်Poကစက်ရုပ်မဟုတ်ဘူး!  Poမှာခံစားတက်တဲ့နှလုံးသားရှိတယ် Poကလူ!! "





" ကိုယ်သိပါတယ်ကွာ ဒါပေမဲ့ Roseက... "




သူ့ပါးစပ်က အဲ့ဒီမိန်းမနာမည်ထွက်လာတာနဲ့တစ်ပြိုင်နက် စိတ်မထိန်းနိုင်ဘဲ ပါးတစ်ဖက်ကို ခပ်ပြင်းပြင်းရိုက်ချလိုက်တယ် ။





ဖြန်း!!






" ထပ်ပီးတော့အဲ့ဒီမိန်းမကြောင့်ပဲလား... Poအတွက်ကောစဉ်းစားမိရဲ့လား ဟမ် ! "




" အရေမရအဖက်မရတွေမပြောစမ်းနဲ့Apo... ကိုယ်ပြောတာကိုသေချာနားထောင်ပေး ..၊  Roseမှာနှလုံးရောဂါရှိတာမင်းလဲသိတာပဲ အခုRoseရောဂါဝေဒနာအပြင်းအထန်ခံစားနေရတာ ၊  ပျော်ပွဲရွင်ပွဲကျင်းပရမဲ့အချိန်အခါမဟုတ်ဘူးလေကွာ ...၊  ကိုယ်အခုRoseရဲ့ရောဂါကိုဘယ်လိုကုပပေးရမလဲ ဆိုတာပဲ သိတယ် !!  "





" အေး !  ဒါဆိုလဲ အဲ့ဒီရောဂါသည်နဲ့ပဲ ‌နေ ! သူနေပြန်ကောင်းလာတဲ့အခါကျရင် လက်ထပ်လိုက်ကြ !! "






"Apo... Baby ... ကိုယ်ပြောတာနားထောင်ပါဦး ..."



အခန်းထဲကထွက်သွားဖို့ပြင်လိုက်တာနဲ့ သူက Poရဲ့လက်ကောက်၀တ်ကို အလျင်အမြန်ဆွဲဆုတ်ထားရင်း Poသိပ်မုန်းတဲ့မျက်ရည်တွေသူ့ရဲ့ပါးပြင်ထက် စီးကျလာတာကို မြင်လိုက်ရတယ် ။



" ကျွန်တော်ခင်ဗျားကိုအရမ်းစိတ်ပျက်မိတယ် "




သူ့ရဲ့လက်ထဲမှရုန်းကန်လိုက်ပြီး သူ့ရဲ့မျက်လုံးအစုံကို စူးစိုက်ကြည့်လိုက်တယ် ။




Daddy & Baby  (Completed)Where stories live. Discover now