''တောင်းပန်ပါတယ် ကိုအာကာရယ်..သားကလေသားကသွေးလိုနေတာသွေးရမှဖြစ်မှာမို့လို့..အမြန်လာပေးပါနော်''
''မင်းရဲ့သားသွေးလိုတာလေမင်းဘာသာရှာပေါ့..ငါ့ကိုဇယားလာမရှုပ်နဲ့''
''အို..ဒါလင်.ဘယ်သူ့ဆီကလဲ''
''ဘယ်သူဆိီကမှမဟုတ်ပါဘူးချစ်လေးရယ်''
''ဒါဆို.ချစ်လေးဆီကိုလာလေပျော်စရာလေးဖန်တီးကြမယ်..ခစ်.ခစ်''
''လာပြီချစ်လေး...''
ကျသွားပြီဖြစ်တဲ့ဖုန်းကောလေးကိုကြည့်ပြီး ကူကူးငယ်တစ်ယောက်ငိုင်တွေနေမိသည်။သိူ့ပေမဲ့လဲ ကြာကြာငိုင်လို့မရ..အခုချိန်သားအတွက်လိုအပ်တဲ့သွေးရမှဖြစ်မည်။သားရဲ့သွေးကလဲရှားပါးလွန်းတော့သူ့အဖေဆီကလွဲရင်ကျန်တာရှာမရ။ကူးကူးဘာဆက်လုပ်လို့လုပ်ရမှန်းကိုမသိတော့ပေ။
''ဒီမှာ..သွေးရပြီလားကလေးကအရမ်းအရေးကြီးနေပြီနော်လိုအပ်တဲ့သွေးပမာဏကိုမရရင်..အသက်ဆုံးရှုံးရလိမ့်မယ်''
''ရအောင်ရှာပေးပါ့မယ်..ရအောင်ရှာပေးမှာမို့ခနပါဆရာမရယ်''
သူနာပြုဆရာမလေးကိုတောင်းပန်ကာဆေးရုံအပြင်ကိုပြေးထွက်ခဲ့မိပြီးတွေ့ရာတက္ကစီကိုတားကာကိုအာကာရှိနိုင်မည့်နေရာကိုသွားလိုက်သည်။ဟိုရောက်တော့မြင် လိုက်ရတဲ့မြင်ကွင်းကရင်ဝကိုစောင့်ကန်တာထက်ဆိုးသည်။ကိုယ့်သားတစ်ယောက်လုံးအသည်းအသန်ဖြစ်နေချိန်သူကတော့မိန်းမတွေနဲ့အပျော်ရှာနိုင်သေးတယ်တဲ့လေ။
''ဖြောင်းးး...ဖြောင်းးး''
ကူးကူးကိုလဲမြင်ရောဝတ်လစ်စလစ်ဖြစ်နေတဲ့ကုတင် ပေါ်နှစ်ယောက်လုံးကအတင်းကုန်းရုန်းထကာသဘတ်တွေနဲ့ပတ်နေကြတာမို့ကူးကူးပါးတွေချည်းရိုက်ပြစ်လိုက်မိသည်။
''ကူကူးငယ်!!....''
''ဘာလဲ!!..ခင်များကဘာတွေမှန်နေလို့အော်နေရတာလဲ..ကိုယ့်သားတစ်ယောက်လုံးသေမင်းနဲ့စစ်ခင်းပြီးအသက်လုနေရချိန်ခင်များက ဒီလိုဖာသာသာမိန်းမနဲ့လာပျော်ပါးနေနိုင်သေးတယ်ပေါ့လေ..ဟုတ်လား''
''ဟင့်..ဒါလင်ချစ်လေးကိုပြောနေတယ်''
''တောက်...မင်းတရားလွန်သွားပြီချစ်လေးကဖာသာသာဆိုရင် မင်းကအဲ့ထက်ဆိူးတဲ့အကောင်ပဲ ဘားမှာလုပ်ပြီးယောကျာ်းတကာနဲ့ဖြစ်နေတဲ့မင်းကို ငါကမှားပြီးယူမိတာအဲ့တော့ဒီကလေးကလဲငါ့ကလေးဆိုတာဟုတ်ချင်မှဟုတ်မှာ''
YOU ARE READING
You Are My Mine
Randomအချစ်လား..ဟက်..cigarettes သောက်တာလောက် စိတ်ဝင်စားဖို့မကောင်းဘူး...