အပိုင်း(4)

389 45 7
                                    

''သွားတော့မှာလား..ကူးလေး''

''ဟုတ်ကဲ့အန်တီ..အလုပ်ပျက်ထားတာလဲများနေပြီဆိုတော့ လေဒီနေ့တော့အလုပ်ဆင်းမှရမယ်''

''အေးပါကွယ်.. ဂရုစိုက်သွားဦး''

''ဟုတ်ကဲ့''

အခုဆိုရင်ကူးကအဆောင်ငှားနေတာဖြစ်သည်။အဆောင်ဆိုပေမဲ့လဲလူတွေအများကြီးငှားနေခြင်းမဟုတ်။ကူးတစ်ယောက်ထဲပဲရှိသည်။အိမ်ပိုင်ရှင်အန်တီကြီးက ကူးကိုသနားလို့သူနဲ့အတူနေခိူင်းခြင်းဖြစ်သည်။အရင်ကအဆောင်ဆိူပေမဲ့အခုနောက်ပိူင်းမငှားတော့ပဲသူတစ်ယောက်ထဲသီးသန့်နေတာဖြစ်သည်။အခုကူးရောက်လာတော့နှစ်ယောက်ပေါ့...

ကူးကိုသူ့ရဲ့သားအရင်းလိုပဲချစ်ပေးသည်။ဂရုလဲစိုက်သည်။ကူးကလဲအန်တီကြီးအပေါ်မှာသံယောဇဥ်ရှိပါသည်။အခုဆိုအလုပ်မဆင်းတာတစ်ပတ်ရှိပြီဆိုတော့..အလုပ်ကိုပြန်ဆင်းရမည်။မန်နေဂျာကအဆင်ပြေတယ်ပြောပေမဲ့လဲတစ်ခြားအလုပ်အတူတူလုပ်တဲ့သူတွေကသဘောကျမှာမဟုတ်သူတို့ရဲ့အားလပ်ချိန်မှာကူးအတွက်ပါအစားသီချင်းဆိုပေးနေရတော့ဘယ်သူမဆိူကြိုက်မှာမဟုတ်ပေ။

အန်တီတို့သားအမိကတော့ဘယ်မှာနေလဲမသိပေ။သူတို့အကြောင်းကိုသိလဲမသိချင်တော့ပေ။အရင်တူန်းကတော့ပြန်လည်မွေးဖွားလာချိန်က..သူတို့ကိုလက်စားချေမယ်လို့တွေးထားပေမဲ့အခုတော့အဲ့လိုအတွေးတွေလဲမရှိတော့ပေ။သူတို့အပေါ်မှာဘာအငြိုးမှမထားချင်တော့ပေ။သူတို့နဲ့ပက်သက်သမျှကိုအကုန်မေ့ပြီးကူးဘဝကိုကူးအကောင်းဆုံးဖြတ်သန်းမည်လို့ဆုံးဖြတ်ထားသည်။

''အို...မာနခေါင်ခိုက်တို့ကကြားသားမိုးကြိုးအိမ်ကိုလာတွေ့နေပါ့လား..ဟင်''

''လှည့်ပြန်လိုက်ရမလား''

''အို..တို့ကသဘောပြောတာပါ..အခုလိုလာတော့သဘောတောင်ကျသေး''

''ဒီမှာလက်ဆောင်လာပေးတာ..အရမ်းလှချင်သူအတွက်ရေမွှေး''
.

''အိုးး...ကျေးဇူး တင်လိုက်တာ''

''မလိုပါဘူး... သဘောကျရင်ရပြီ''

''ဒါနဲ့.ဘာလို့ကြာနေတာလဲ ပြောတော့သိပ်မကြာဘူးဆို''

You Are My MineWhere stories live. Discover now