''ဒါဆိုရင်..ဒါပဲနော်...ဂရုစိုက်ဦး''
ဖုန်းကိုဘေးကစားပွဲပေါ်တင်ရင်းကူးကူးသက်ပြင်းချမိသည်။ဒီနေ့ ဒီဒီးကနေမကောင်းလို့မလာနိုင်ဘူးတဲ့လေ။အခုမှကူးကူးအဖြစ်ကနေမကောင်းတဲ့သူကိုစိတ်မပူနိုင်ပဲကိုယ့်ဘာသာပြန်ပြီးစိတ်ပူနေရတဲ့အဖြစ်။
အကြောင်းအရင်းကတော့ခုရက်ထဲကိုအာကာစိုးက ကူးကူးကိုအကြောင်းမရှိအကြောင်းရှာပြီးလိုက်နှောင့်ယှက်နေတာကြောင့်ပင်...ဆိုင်ကVIP ဧည့်သည်စာရင်းထဲပါနေတဲ့သူ့ကိုလဲဥပေက္ခာပြုလို့မရ။ဒါပေမဲ့ဒီဒီးကအမြဲကူးအနောက်ကိုလိုက်ပြီးအဖော်ပြုပေးတတ်သလို။ကူးနေရအဆင်မပြေရင်လဲအကြောင်းအမျိုးမျိုးရှာပြီးကိုအာကာစိုးအနားကထွက်လာလို့ရအောင်ကူညီပေးတတ်သည်။အခု..ဒီဒီးကမလာဘူးဆိူတော့ကူးကူးတစ်ယောက်ထဲဘယ်လိုရှောင်ရမလဲမသိ..အလုပ်မသွားပဲနေလို့ကလဲမရ..ဒီဒီးရောကူးကူးပါမလာရင်တစ်ခြားသူအစားထိုးဖို်အဆင်ပြေမှာမဟုတ်။အဆင်မပြေဘူးဆိုတာထက်ကူးတို့နေရာကိုဘယ်သူမှဝင်ပြီးအစားဆိုမပေးချင်ကြတာဖြစ်သည်။
အခုမှတော့မထူးတော့ပြီကိုအာကာစိုးလက်ကမလွတ်လွတ်အောင်ကိုယ့်ဘာသာပဲကြံရတော့မည်။ကူးလဲအတွေးကိုလက်စသတ်ကာအလုပ်သွားရန်အတွက်ပြင်ဆင်မှုများကိုစတင်ပြုလုပ်လိုက်သည်။
ခိုက်အိမ်ပြန်ရောက်တာနဲ့ရေချိူးပြီးအဝတ်အစားလဲနေခြင်းဖြစ်သည်။အပေါ်ကအနက်ရောင်ရှပ်အက်ျီကိုကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာလက်ကိုလဲခေါက်တင်လိုက်သည်။အောက်ကလဲစတိုင်ပန်ခဲရောင်ကိုဝတ်ပြီးတာနဲ့လက်ကိုနာရီတစ်လုံးပတ်ကာရေမွှေးအနည်းငယ်ဆွတ်ပြီးအောက်ကိုဆင်းလာတော့..မတွေ့ချင်လို့ရှောင်နေပါတယ်ဆိုတဲ့သူနဲ့တည့်နည့်ကြီးကိုတိူးသည်။
''ခိုက်..အဖွားကိုရှောင်နေတာများပြီနော်...''
''မဟုတ်ရပါဘူး...အလုပ်တွေများလွန်းလို့ပါ..အပျိုလေးရယ်''
''ဒါဖြင့်ရင်..အခုစကားပြောစရာရှိတယ်နားထောင်''
''ကိုယ်..ချိန်းထားတဲ့နေရာကိုအမှီသွားရမှာပြန်လာမှပြောလို့ရလား''
YOU ARE READING
You Are My Mine
Randomအချစ်လား..ဟက်..cigarettes သောက်တာလောက် စိတ်ဝင်စားဖို့မကောင်းဘူး...