အပိုင်း(8)

468 53 11
                                    

ကူးနားထဲမှာ ကူးကိုခေါ်နေတဲ့အသံကြားမိတာကြောင့် အိပ်မက်ကနေလန့်နိုးလာရသည်။ကူးရှေ့မှာမြင်လိုက်ရတဲ့လူက ကိုအာကာလဲမဟုတ္သလို ကူးရဲ့သူငယ်ချင်းဒီဒီးလဲမဟုတ်..အခန်းကလဲတစ်ခါမှမတွေ့ဘူးပေ။ပြီးတော့ ကူးက ဒီအခန်းထဲ ကိုဘယ်ကဘယ်လိုရောက်လာတာလဲ...ကူးတွေးနေတူန်းအတွေးတွေက လွန်ခဲ့တဲ့လေးရက်ကိုပြမိသတိရသွားသည်။ကိုအာကာစိုးက ကူးကိုစကားပြောဖို့ခေါ်တာကူးမှတ်မိသည်။ပြီးတာနဲ့သူတိုက်တဲ့အအေးကိုသောက်ပြီးလူကပူလာတာနဲ့ကိုအာကာကိုသန့်စင်ခန်းသွားမယ်ပြောကာလှည့်ထွက်လာခဲ့ပေမဲ့ကိုအာကာကနောက်ကနေလိုက်လာကာကူးကိုအတင်းအဓ္ဓမနမ်းနေတုန်း..လူတစ်ယောက်ရောက်လာတာကြောင့်ကူး အကူအညီတောင်းမိတာတော့မှတ်မိလိုက်သည်။ထိုလူရဲ့pheromoneက ကူးအတွက်အလွန်နွေးထွေးပြီးလုံခြုံမှုရှိတယ်လို့ခံစားရတာကြောင့်ဒီလူကြီးနောက်ကိုလိုက်ခဲ့တာ...နောက်ပြီးတော့....ကူးမျက်လုံးပြူးသွားရသည်။

ခိုက်တစ်ယောက်အရှေ့ကအသေးလေးကိုကြည့်နေမိတာ မျက်နှာလေးကမဲ့သွားလိုက်ပြန်ကြည်လာလိုက်ခေါင်းခါလိုက်ခေါင်းငြိမ့်လိုက်နဲ့တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။ပြီးတာဘာကိုတွေးမိလဲမသိ မျက်လုံးလေးကပြူးလာပြီးမျက်နှာလေးက. စတော်ဘယ်ရီသီးလေးလိုနီရဲလာသည်။ကြည့်ရတာဟိုနေ့ကအကြောင်းကိုမှတ်မိသွားပြီထင်ပါရဲ့

''အသေးလေး...''

''ဟင်...''

''ဘယ်လိုနေသေးလဲ နေရတာအဆင်ပြေရဲ့လား''

''ဟင်..ပြေ.ပြေပါတယ်.. ဟိူလေ..ကူး..ကူးပြန်တော့မယ်နော်အခုလိုကူးကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်''

ပြောပြီး တာနဲ့ကုတင်ပေါ်ကဆင်းမယ်လုပ်နေတဲ့အသေးလေးကိုသူတားလိုက်ရသည်။

''နေပါဦး..အသေးလေးရဲ့..ခနနေဦးဘာလို့လောနေတာလဲ..အခုမှနိုးလာတာဆိူတော့ဒီမှာ စွပ်ပြုတ်လေးလုပ်ထားတယ်သောက်လိုက်ဦး.ပြီးရင်ဆေးသောက်ရမယ်''

ကူးကိုစွပ်ပြုတ်အတင်းတိုက်နေတဲ့သူကိူအခုမှသေချာကြည့်ဖြစ်တော့ကူးမျက်လုံးပြူးသွားရသည်။ဒီဒီးပြောဘူးတဲ့သူcrushရဲ့သူငယ်ချင်းဆိုသူဖြစ်နေစည်။ကူးတောင်သူ့ကိုသေချာလိုက်ကြည့်မိသေးသည်။ဒါဆိုကူးအကူအညီတောင်းမိတာဒီလူပေါ့..ကူး ကိုယ့်ဘာသာအခုမှငုံကြည့်မိတော့ကူးရဲ့အက်ျီဟုတ်မနေ..ပြီးတော့အောက်ပိုင်းကအနည်းငယ်နာနေတဲ့အတွက်ကူးဘာဖြစ်ခဲ့သလဲသိလိုက်သည်။

You Are My MineWhere stories live. Discover now