ကုမကုမ္ပဏီ ထဲကိုဝင်လာတဲ့အရပ်မြင့်မြင့်အမျိုးသားသည်.အထဲမှာရှိသမျှလူများရဲ့အာရုံစိုက်ခြင်းကိုခံနေရသည်ထိုအမျိုးသားကတော့ဘာကိုမှဂရုမစိုက်ပဲသူ့ရဲ့အတွင်းရေးမှူးကိုပဲသူမှာစရာရှိတာမှာနေသည်။ထိုသူကတော့တစ်ခြားမဟုတ်...King လုပ်ငန်းစုကြီးရဲ့ပဲ့ကိုင်ရှင်..မာနခေါင်ခိုင်ပင်ဖြစ်သည်။
''ဟဲ့..အဲ့လူကဘယ်သူလဲဟေ..ချောလိုက်တာအရပ်ကြီးကလဲအရှည်ကြီးပဲအားးစ်..ငါ့အကြိုက်typeကြီး''
''အမယ်..အဲ့တာဘယ်သူလို့ထင်လို့လဲ''
''ကုမ္ပဏီ ကိုလာမှတော့ရှယ်ယာရှင်ပဲနေမှာပေါ့ဟ''
''အဲ့တာဒီလူပ်ငန်းစုရဲ့CEO..ဟဲ့နာမည်က မာနခေါင်ခိုက်တဲ့''
''ဘာ!!...C..CEO ဟုတ်လား''
''အေးဟုတ်တယ်.. နင်ကဟိုရက်ကမှအလုပ်ဝင်လို့မသိတာ..ceoကတော်ရုံကုမ္ပဏီကိုမလာဘူးလေ..အမြဲတမ်းကိုလျှမ်းနဲ့မသီရိကိုပဲလွှဲထားတာ..တစ်ခါတစ်လေ မှလာတာလေ..အဲ့တာကြောင့်နင်မသိတာလဲမဆန်းပါဘူး. ''
''အဟိ..မိုက်တာတော့တော်တော်ကိုမိုက်တာဟ..သူကalphaထင်တယ်နော်..မိတ်ဖက်ရောရှိပြီလားမသိဘူး''
''Alphaကိုမှရိုးရိုးမဟုတ်ဘူးအဆင့်မြင့်ထိပ်တန်းAlpha..ပြီးတော့မိတ်ဖက်လဲအခုထိမရှိသေးဘူးကြားတယ်''
''ဟုတ်လား...သူရဲ့မိတ်ဖက်ဖြစ်မဲ့သူကမိုက်လိုက်တာနော်''
''အေးပေါ့..ဒီလုပ်ငန်းစုကြီးမှာတင်လုပ်ငန်းပေါင်းကမရေတွက်နိူင်အောင်ရှိတာလေ..ပြီးတော့နိုင်ငံတကာမှာလဲလုပ်ငန်းခွဲတွေအများကြီးရှိသေးတာ..သူ့ရဲ့မိတ်ဖက်ဖြစ်ရင်ကံကောင်းမှာမှန်ပေမဲ့အဲ့အထဲမှငါတို့မပါဘူးစိတ်ကူးယဥ်မနေနဲ့အလုပ်လုပ်မှစားရမှာ..လာသွားမယ်''
''ပြောလို့ရမလားဟဲ့..Ceoနဲ့ဝန်ထမ်းကောင်မလေးဆိူပြီးဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ရင်ဖြစ်သွားမှာပေါ့..''
''သူ့အနားမှာရှိတဲ့ရှယ်ယာရှင်တွေရဲ့သားသမီးတွေတကယ့်အလှလေးတွေကိုတောင်မျက်လုံးထဲမရှိတာနင့်လိုလူမျိုးဆိုပိုဆိုး..လာပါဟာ.ဒီနေ့အစည်းအဝေးမှာအမှားပါသွားရင်အခုလက်ရှိအလုပ်လေးတောင်ပြုတ်သွားမယ်..လာ''
YOU ARE READING
You Are My Mine
De Todoအချစ်လား..ဟက်..cigarettes သောက်တာလောက် စိတ်ဝင်စားဖို့မကောင်းဘူး...