ဘ၀ထဲဖြတ်သန်းခဲ့တဲ့ အချိန်ကာလတချို့မှာ
အမှတ်တရတွေ သိမ်းထားချင်မိတဲ့အချိန်တွေ အနားအမြဲခေါ်ထားချင်တဲ့လူတွေ များ"စား"မဟုတ်တောင် အနဲအကျဉ်းတော့ ရှိတတ်ကြတာပဲ မဟုတ်လားအခုရေးမယ့်အကြောင်းကလဲအဲ့လိုသိမ်းထားချင်စရာ ကောင်မလေးတယောက်အကြောင်းပါပဲ
ဒီနေရာမှာ ဘာလို့သိမ်းထားမှာလဲ အနားခေါ်ထားလိုက်ရင်ရတာပဲလို့ တွေးမိကြမယ်ထင်တယ် အေးဗျာ ခေါ်ထားချင်စရာလဲ
တကယ်ကောင်းတာအဲ့ဒီမိန်းမက
နေရာမှား အချိန်မှားမှာမှ ကောက်ရခဲ့မိတဲ့ သကြားခဲလေးပါပဲသူ့ကိုစသိတာတော့ ဒီwattpadမှာပဲ
သူရေးထားတဲ့စာတချို့၀င်ဖတ်မိရင်း ဒီစာတွေကို ရေးတဲ့ကောင်မလေးက ဘယ်လိုမျိုးဖစ်မလဲ personality ကရောဘယ်လိုနေမလဲ
ခန့်မှန်းကြည့်မိနေရော
အဲ့လိုနဲ့ တပုဒ်ပြီး တပုဒ်ဖတ်ရင်း
သူ့ကိုပိုပိုသိချင်လာမိတာပဲ
wattpadမှာ စာတော်တော်များများရေးကြပေမဲ့
သူ့လိုမျိုး စိတ်ထဲလှမ်းမြင်ရအောင်အထိ ပွင့်"လင်း" ရေးကြတာမျိုးသိပ်မရှိဘူး ထင်မိတာပဲ တခါတလေစွာတာတာလေးတွေလဲ
ရေးထားတတ်ပေမဲ့လဲပေါ့လေ
ဆရာမကြီးလဲလုပ်သေးတယ် အဲ့မိန်းမက
ဒါပေမဲ့ အဲ့ဒါလေးကလဲတမျိုးချစ်ဖို့
ကောင်းနေပြန်ရောနောက်ကျတော့ မနေနိုင်တော့တာနဲ့ messageသွားပို့လိုက်တော့တာပဲ
စာပို့တာလဲသူများတွေလို
လွယ်မနေဖူး သူဆရာလုပ်ထားတာတွေအရင်သေချာဖတ်ပြီး ဘယ်လိုစပြောရပါ့မလဲတွေးရတာ 2ရက်လောက်ကြာသွားတယ်နောက်တော့ကြံရာမရတဲ့ အဆုံး ရူပ်တယ်ကွာ ငါ့စိတ်ထဲရှိတဲ့အတိုင်းပဲပြောလိုက်မယ် rpရမရကတော့ ကံကိုပဲပုံအပ်လိုက်မယ်ဆိုပီး ခံစားမိတဲ့အတိုင်း သူ့စာတွေဖတ်ရင်း သူ့ကိုစိတ်၀င်စားမိကြောင်း စကားပြောကြည့်ပြီး
သူ့ကိုပိုသိချင်ကြောင်းပြောခဲ့လိုက်တော့တာပဲ
ကံတရားကကိုယ့်ဘက်တော်တော်ပါနေပုံပဲ
ခပ်ချေချေလေးက ပြန်ဖြေတယ်ဗျာ
အဲ့ဒါနဲ့ သူနားလေးခြေတလှမ်းချခွင့်
ရသွားရောဆိုပါတော့သူနဲ့ဆုံဖြစ်တာရော စကားပြောခွင့်ရလိုက်တာရောက တကယ်ကိုတော်သေးတာပဲ လို့တွေးမိတဲ့အထိ သူနဲ့ ကျနော်ကစကားပြောလို့ရလွန်းနေတာ
သူကတော့အသက်တူလို့နေမယ်လို့ပြောတာပဲ
ကျနော်ကတော့ သူဖြစ်နေလို့ကို အဆင်ပြေတာလို့ပဲတွေးမိတယ်