August wish

501 3 0
                                    


ဒီလကတော့ကိုယ့်မွေးလပါပဲ
ဒီနေ့ကတော့ ငါ့မွေးနေ့ပါလား special day တခုအနေနဲ့ဖြတ်သန်းရမယ်လို့စသိတဲ့အရွယ်ထဲကကို မွေးနေ့တိုင်းကလီးတွေချည်းစဖြစ်တော့တာပဲဗျို့ ပိုဆိုးတာကမွေးရက်က လကုန်ခါနီးရက်ဆိုတော့ လစပြီဆိုထဲကနေ သူများတွေလို hello august ဘလာဘလာတွေ‌အစား ကဲ ဒီchapter 26ကိုရော ဘယ်လိုသောက်ပြဿနာတွေဆီကနေအကျိတ်ခံရင်းအရောက်သွားရမလဲပဲတွေးနေမိတော့တာပဲ
26နှစ်စာအတွေ့အကြုံဆိုတော့လဲ အထပ်"ရှိနေတော့လူကလဲတော်တော်မှတ်နေပြီပြောရမယ် စိတ်လဲအရမ်းအရှည်ကြီးထားတတ်တဲ့သူမဟုတ်သလို စိတ်ရူပ်စိတ်ညစ်နေရတာတွေကိုလဲမကြိုက်တော့ ပူတဲ့အရာတွေဆို‌ဝေးဝေးကပဲရှောင်နေခဲ့တာများတယ် ‌နောက်ပြီး ကြိုတင်ကာကွယ်တယ်ခေါ်မလားပဲ အပူတွေပေးလာမယ်လို့ထင်ရတဲ့သူတွေဆီကနေလဲထွက်"ပြေးခဲ့ဘူးတာပဲ အဲ့ဒီအကျင့်ကြောင့်ပဲထင်ပါရဲ့ bd တိုင်းကို တယောက်ထဲဖြတ်သန်းဖြစ်တာများတယ် rsရှိနေခဲ့တဲ့အချိန်တွေမှာလဲ အဲ့ရှိတဲ့ rs နဲ့ပါပြဿနာတခုမဟုတ်တခုတက်ရတယ် အစပိုင်းတော့ စိတ်ပင်ပန်းခံပြီး ပြင်ဆင်ကြည့်ဖူးပါရဲ့ ဒါပေမဲ့ထွက်ပြေးနေကြလူမို့လို့လားပဲနောက်ဆုံးမှာတော့ အဲ့လမ်းကိုပဲပြန်ရွေးချယ်ဖြစ်တာပဲ ဘာလို့ဆို ပြဿနာဆိုတဲ့ ကောင်ကြီးကလာရင်အဖော်နဲ့အပေါင်းနဲ့ကို အဲ့တော့ လျော့ချလို့ရနိုင်မယ့်၀န်တခုလောက်‌ကိုတော့လျော့ချရမယ်ပဲ‌တွေးလိုက်တော့တာ ဘ၀ထဲကို တစ်စုံတယောက် ၀င်မလာခင်အထိပဲဆိုပါတော့ ပြဿနာတော်တော်များများကို မဖြစ်စေချင်ဘူး ဖြစ်လာမှာကြိုတွေးပြီး ကြိုရှောင်နေတာမျိုး မတတ်သာလို့ဖြစ်လာပြီဆိုရင်လဲ ထွက်ပြေးလိုက်တာမျိုးကို အကောင်းဆုံးဖြေရှင်းနည်းပဲလို့ လက်ခံထားပြီးဘ၀ထဲတိုး၀င်လာတဲ့သူ‌တွေရှိလာရင်လဲ ဒါနောက်ကျရင်အပူတွေဖြစ်လာမှာဆိုတဲ့စိတ်နဲ့တွန်းထုတ်ရင်းနေလာခဲ့တာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီး တခုခုအဆင်မပြေလာတာနဲ့ထွက်ပြေးမိတာကလဲမှားယွင်းတဲ့‌ ရွေးချယ်မှုတခုပါလားဆိုပြီးနားလည်လာအောင် ထိုလူသားကပဲသိမ်သိမ်မွေ့မွေ့နဲ့ သင်ပြပေးခဲ့တာ ဘ၀ထဲ ဒီလူသားလေးရောက်မလာခင်ကလဲ
များစွာသောလူတွေနဲ့ ကြုံခဲ့ဆုံခဲ့ဖူးပါရဲ့ ကိုယ်တိုင်က လိုလိုလားလားနဲ့ ဘ၀ထဲဆွဲသွင်းခဲ့တဲ့လူတွေ သူတို့သဘောဆန္ဒအလျောက်ကိုယ့်အနားရောက်ကြတဲ့သူတွေ စုံလို့ပါပဲ ကိုယ်ကပဲလက်မခံတတ်ခဲ့လို့လားပဲ အချိန်တခုစာပဲခံတဲ့ဆက်ဆံရေးတွေပဲဖြစ်ခဲ့တာ ဒီလူကိုတော့ဘယ်လိုနည်းနဲ့မှဆုံးရူံးသွားလို့မရဘူး မတတ်သာလို့ ကိုယ့်လမ်းကိုယ်မဖြစ်မနေလျောက်ကြရမယ်ဆိုတဲ့အချိန်‌တွေရောက်လာခဲ့ရင်တောင် ဒီလူသားလေးကို မကြာမကြာတော့ သွားခိုးငေးနေမိဦးမှာ အဲ့ဒီလောက်ကို အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုးထားမြတ်နိူးချင်စရာသက်ရှိလေးက ဘ၀ထဲကိုလက်ဆောင်လေးလိုရောက်လာပေးပြီး နေ့ရက်တိုင်းကိုကိုယ်နဲ့အတူကုန်ဆုံးပေးရင်း နွေးထွေးပေးခဲ့တာ လူတယောက်ရဲ့ တည်ရှိမှုနဲ့တင် နွေးထွေးတဲ့ခံစားချက်မျိုးလဲရနိုင်ပါလားဆိုတာကို သူနဲ့တွေ့မှပဲ တအံ့တဩလက်ခံလိုက်ရတာပဲ တစ်ဘ၀လုံးထွက်ပြေးပြီးနေလာခဲ့တဲ့ စိတ်ညစ်စရာတွေကြုံရတဲ့‌ Augustလကိုအရင်လိုထွက်ပြေးတာမျိုး တွေးပူနေတာမျိုး စိတ်ဓာတ်ကျနေတာမျိုးတွေမရှိဘဲ သူ့နားကရတဲ့အနွေးဓာတ်လေးနဲ့ ကောင်း"ကျော်ဖြတ်နိုင်သွားတယ် နွေးထွေးပေးတတ်တဲ့သူဆိုတာ သက်သက်ရှိသေးတယ်ဆိုတာကိုလည်း ကိုယ့်အတွက် bd present ကို သူပေးချင်တဲ့အရာလေးတွေကို boxလေးတခုထဲထည့်ပြီးပေးဖို့ပြင်ဆင်နေတဲ့သူ့ကို ကြည့်ရင်း နားလည်လိုက်မိတယ် လက်ဆောင်တွေခနခနရဖူးပေမဲ့ မတူနေဘူး မတူဆို သူပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေကသူ့ကိုယ်ပွားလေးတွေလိုပဲတခုချင်း တခုချင်းမှာ သူ့ရဲ့အငွေ့အသက်တွေနွေးထွေးမှုတွေအပြည့်နဲ့ဖြစ်နေတာ သူရှိပေးနေတာနဲ့တင်လက်ဆောင်လိုမျိုး ခံစားနေတဲ့သူဆီကို ‌နွေးထွေးမှုပိစိလေးတွေကိုဗူးတခုထဲထည့်ပြီးထပ်ရက်ရောပေးခဲ့လို့ရော တိုတောင်းလှပေမဲ့အတူ ရှိပေးခဲ့တဲ့အချိန်တွေအတွက်ရော နှစ်တိုင်း နှစ်တိုင်းမှာ မရောက်ချင်ဆုံး မကျော်ဖြတ်ချင်ဆုံးလကို အတူတူရှိပေးခဲ့ပြီး အားဖြစ်ပေးခဲ့တာအတွက်ရော အဲ့လူသားလေးအပေါ် အများကြီးလဲအားနာရပြီး အများကြီးလဲကျေးဇူးတင်ရပါတယ် ဆုတောင်းတိုင်းလဲမပြည့်တတ်ဘူးဆိုတာသိတာမို့လို့ တစ်ဖက်လူပေးလာသလောက်ကိုပဲ တန်ဖိုးထားလက်ခံရင်း တသက်လုံးစာသိမ်းထားလိုက်တော့ဖို့ပဲတွေးထားတော့တယ် ‌သေချာတာတော့ နေ့ရက်တွေတိုင်းမှာ‌သူ မပါ၀င်ပေးနိုင်တော့ရင်တောင် ကိုယ်ကတော့ မေ့ပျောက်သွားဖြစ်မယ်မထင်ဘူး ဟိုးအစထဲကသိမ်းထားချင်စရာလူသားလေးလို့မြင်ခဲ့တာမို့ အဆုံးထိလဲ သိမ်းထားချင်ခဲ့ရုံပါ •••••
//////////////////////////////////////////////////////////////////////

" This woman is insane "Where stories live. Discover now