အဟမ်း ဘယ်ကစရေးရပါ့မလဲတွေးနေရင်းနဲ့ လမ်းပျောက်လာလို့ ရေးချင်ရာကနေပဲစရေးတော့မယ်ဗျာ🌚 အဆင်ပြေရင်ဖတ် မပြေရင်မဖတ်ကြနဲ့ပေါ့ 🤣
အခု ချရေးပြီး သိမ်းထားချင်တဲ့ အကြောင်းကလဲ အရင် part ထဲက သကြားခဲလေးနဲ့ အတူရှိခဲ့ဖူးတဲ့ quality time အများကြီးထဲကတခုပါပဲ
အတူစကားပြောကြရင်း အချိန်တခုလောက်ကြာသွားတဲ့အခါ သူ့စိတ်ထဲကျနော့်ကို သက်သောင့်သက်သာရှိတယ်လို့ခံစားလာရလို့ထင်ပါရဲ့ သူရဲ့အရှိအတိုင်း ပုံစံလေးတွေကို တဖြည်းဖြည်းထုတ်ပြတတ်လာတယ် သူ့အကျင့်လေးတွေ သူကြိုက်တတ်တာလေးတွေ သူလုပ်ကြည့်ချင်တာလေးတွေပြောပြတတ်လာတယ်
သူ့ထုတ်ပြလာတဲ့သူရဲ့ပုံစံလေးတွေထဲကမှ ကျနော့်အတွက် suprise အဖြစ်ရဆုံးနဲ့ အူအယားရဆုံးကတော့ ဘယ်သူနဲ့မှမတူအောင်ချွဲတတ်လွန်းတဲ့ကောင်မလေးဖြစ်နေတာပဲ သူ့စာတွေထဲမှာဖော်ပြထားတတ်တဲ့ သူ့ပုံစံနဲ့လုံး၀ကိုကွဲထွက်နေရောပဲ သူ များလာချွဲပြီဆိုရင် ဒီကကောင်ကအရည်ပျော်ကျမတတ်ဘဲ ဘာလို့လဲဆိုတော့ သူများတွေနဲ့ဆို ခပ်တည်"နဲ့ စိတ်မထင်ရင် မထင်သလို အရွဲ့တိုက်ပြီးနေတတ်တဲ့ ကောင်မလေးက ကိုယ်နဲ့ကျမှ ကလေးပေါက်စနလေးလိုလာကပ်ချွဲ နေတာကိုခံရတဲ့ခံစားချက်က ကိုယ်တိုင်မကြုံဖူးရင် ခင်ဗျားတို့ သိပါ့မလားပဲ ဟဲဟဲ😁
အဲ့တော့ကျနော်ကိုယ်တိုင်အတွက် memoryလဲ သိမ်းရင်း ကျနော့်ဂွစာလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ချွဲတတ်နေမှုကြီးတွေရယ် နောက်ထပ် bonous အနေနဲ့ special time လေးတစ်ခုရယ် ပေါ့ ဒါကိုတော့ ကြိုမပြောပြတော့ပါဖူး
ကျနော်အနေနဲ့ ဒီကောင်မလေးတော့လာချွဲနေ
ပြီဟလို့ခံစားရစေတဲ့ စကားလေး တချို့ကို Bold နဲ့ပဲသွားပေးထားလိုက်တယ် ကျနော်ကိုယ်တိုင်ပြန်ဖတ်ရင်လဲ သူ့ရဲ့ချစ်စရာကောင်းနေမှုတွေကို hilight အနေနဲ့ ခံစားဖို့ 🤤
keep going guys!
"ငါ အမတ်ဝင်အရွေးခံရင်ကောင်းမလား ခေတ်မကောင်းနေတော့ မလုပ်ချင်ဘူး ခေတ်သာကောင်းရင် အမတ်ဝင်ရွေးပြီး တစ်လင်တစ်မယားဥပဒေကို ဖျက် ၂လင် တစ်မယား ဥပဒေကို ငါရအောင်ဆွဲမယ်။ ပြီးရင် ခန့်ကိုပါယူပလိုက်မယ်"
'ဟောဗျာ အကြံကြီးလိုက်တာ ဒီမိန်းမ'
"ငါ့လင်လေး🤤" ( သူဖြစ်ချင်တာသူလျောက်ခေါ်🙄)