" တို့နှစ်ယောက်ရေးတဲ့ကမ္ဘာ တို့နှစ်ယောက်နီးစပ်သမျှတွေကို "
ကျနော့်ကိကိလေး ပေးတဲ့အိမ်စာလေးတခုလာလုပ်ရင်း ကျနော့်စိတ်ထဲပြောပြချင်တာလေးတွေပေါ်လာလို့ဗျာ ဒီpartကိုခင်ဗျားတို့ဖတ်ပြီးသွားရင် ကျနော်နောက်ဆုံး publish လုပ်ပေးခဲ့တဲ့ part ရဲ့ခေါင်းစဉ်ကိုတော့ပြန်ဖတ်ပြီးမခွီကြနဲ့ဗျာ
အဲ့တုံးကကျနော်ကိုယ်တိုင်လဲ တကယ်နောက်ဆုံးလို့ထင်ပြီးရေးခဲ့တာ အရင်partမှာပြောပြခဲ့သလိုပဲ ကျနော်တို့ကြားထဲမှာ ကိစ္စတွေတော်"များ" ဖြစ်ပျက်သွားတယ် ခင်ဗျားတို့တွေကြိုခန့်မှန်းကြသလိုမျိုး sad ending ပဲအဖြစ်ခံပြီး ကျနော်တို့ကြားကဆက်ဆံရေးကို ရပ်တန့်ပစ်လိုက်ဖို့ထိ ကျနော်တို့လုပ်ခဲ့တာ လုံး၀ပြန်မတွေးမိချင် ပြန်မသွားချင်ဆုံးနေ့ရက်တွေဖြစ်ခဲ့တာ သူ့ဘာသာလေးတောင်မပျော်စရာတွေများနေတာဆိုတော့ ကျနော့်အတွက်နဲ့ပါသူ့ကို၀န်မပိစေချင်ခဲ့ဘူး သူ့ကိုပျော်စရာတွေချည်းမပေးနိုင်ရင်တောင် သူ့အတွက်စိတ်သက်သာရာရတဲ့ရပ်၀န်းတခုဖြစ်ပေးချင်ခဲ့တာ အဲ့ဒါကြောင့်ပဲ တယောက်ကိုတယောက်ဒဏ်ရာတွေထပ်မပေးမိခင်ရပ်လိုက်ကြဖို့သဘောတူလိုက်ကြတယ် ဒါပေမဲ့ ဘယ်အရာကမှကိုယ့်စိတ်အတိုင်းမဖြစ်တတ်ဘူးဆိုတဲ့စကားလိုပဲဗျာ နှစ်ယောက်လုံးကပဲကံကောင်းတာလား
နှစ်ယောက်လုံးကပဲကံဆိုးခဲ့တာလား မသိ
သေချာပေါက်အတူရှိနေရမဲ့ရေစက်တွေမို့ထင်ပါရဲ့ ကိုယ်စီပျော်ရာရွေးလုပ်ရင်း ပျော်မဲ့လမ်းတွေရွေးလျောက်ရင်း တည့်တည့်တိုးမိကြ တယောက်တလှည့် တိုး၀င်လိုက်ကြ တယောက်ကိုတယောက်ငြိတွယ်လိုက်ကြ တယောက်တလှည့်တွန်းထုတ်လိုက် ပြန်ဆွဲခေါ်ဖို့ကြိုးစားလိုက်နဲ့
ပိုပိုနီးကပ်သွားကြရင်း ပျော်စရာမှတ်ဉာဏ်လေးတွေ အမှတ်တရလှလှလေးတွေ အတူတူချန်ခဲ့ကြဖို့ဆုံးဖြတ်လိုက်ပြီး တယောက်လက်ကိုတယောက် မလွတ်တမ်းဆုတ်ကိုင်ထားဖို့ အတတ်နိုင်ဆုံးဆိုတာထက်ပိုပြီးကြိုးစားနေမိကြပြီဗျာ...
လုံး၀ sad endingနဲ့ပဲ ပြီးသွားမှာဆိုတာသိသာနေတဲ့ ဆက်ဆံရေးတခုကနေ တကယ့်အပြင်မှာ လက်ချင်းတွဲထားပြီး ရင်ခွင်ထဲထည့်ဖက်ထားရတော့မယ့်နေ့တွေရောက်လာတဲ့ထိ ကျနော့်ဘေးမှာ ဘာကိုမှမတွေဝေ မတုံ့ဆိုင်းနေဘဲ ကျနော်ဘေးမှာသတ္တိရှိရှိရပ်နေပေးဖို့ ကျနော့်စိတ်ကို လက်ခံပေး ကျနော့်ကိုယုံကြည်ပေးခဲ့တဲ့ ဒီအမျိုးသမီးလေးကိုအများကြီးကျေးဇူးတင်ပါတယ်လို့ စကားလေးတခွန်းလောက်တော့ပါးလိုက်ချင်ပါတယ်ဗျာ...