Chapter 142

940 126 6
                                    

Unicode

နှစ်ယောက်သား ခဏမျှ စကားစမြည်ပြောကြပြီးနောက် ရွှယ်ကွေ့၀မ်အကြောင်းကို နောက်တွင် ထားလိုက်ကြတော့သည်။
သူမတို့ ပေချန်းသို့ရောက်လာပြီး ညစာအတူစားပြီးနောက် လော့ချယ်က ကုမျန်ကို အိမ်သို့ပြန်ပို့ပေးသည့်အချိန်သည် ညဆယ်နာရီရှိနေပြီဖြစ်သည်။

ကုမျန် ကားထဲက ဆင်းခါနီးတွင် လော့ချယ်က သူမ၏လက်ကို ကိုင်လိုက်၏။

ကုမျန် ထူးဆန်းသွားရတာကြောင့် မျက်တောင်ခတ်လိုက်ပြီး "ဟင်?"

"မနက်ဖြန် ကိုယ့်မိဘတွေနဲ့တွေ့ဖို့ ကိုယ်နဲ့တူတူလိုက်ခဲ့"

ကုမျန်၏မျက်၀န်းများ ပြူးကျယ်သွားရကာ "ဒါက.... အရမ်းကြီးရုတ်တရက် မဆန်နေဘူးလား?"

လော့ချယ်က ပြုံးလိုက်ပြီး "မဆန်ပါဘူး၊ ကိုယ်တို့က လူသိရှင်ကြား ထုတ်ပြောလိုက်ပြီဆိုတော့ သူတို့ သိသွားပြီးတာလည်း ဖြစ်နိုင်တယ်လေ"

ကုမျန်က ငြင်းချင်နေဆဲဖြစ်သော်လည်း လော့ချယ်က သူမ၏နဖူးလေးကိုနမ်းပြီး ကောင်းသောညပါဟု နှုတ်ဆက်လာသည်။
ဇာတ်ကွက်အရဆိုလျှင် သူမသည် လော့ချယ်၏ မိဘများကို တွေ့ရမည်ပင်။ ကောင်းသောညပါဟုပြောပြီးနောက် သူမ ကားပေါ်က ဆင်းလိုက်သည်။

တစ်ဖက်တွင် လော့ချယ်၏ တန်ပြန်တိုက်စစ်ကို မြင်ပြီးနောက် ချန်းကျစ်သည် အေးစက်စွာ ပြုံးလိုက်သည်။

သူ့အသက်နှစ်ဆယ့်ခြောက်နှစ်အထိ သူ့ဘဝသည် ချောမွေ့ခဲ့သည်ဟု ဆိုနိုင်သည်။ ချန်းမိသားစုမှလွဲ၍ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းက သူ့ကို ပစားပေးထားကြကာ သူ့နောက်ကိုလိုက်ကြပြီး ဘယ်သူမှ သူ့ကို ထိပ်တိုက်မရင်ဆိုင်ရဲကြချေ။

ကံမကောင်းစွာဖြင့် သူ့အသက်နှစ်ဆယ့်ခြောက်နှစ်တွင်တော့ သူ့ဘဝ၏ ပထမဆုံးပြိုင်ဘက်ကိုတွေ့ခဲ့ရလေသည်။
အွန်လိုင်းပေါ်ရှိ အင်တာနက်သုံးစွဲသူများ၏ ကောင်းချီးများဖြင့်ပြည့်နှက်နေသော တုံ့ပြန်မှုကို ကြည့်ရင်း ချန်းကျစ်က နှာမှုတ်လိုက်သည်။"အဆုံးအထိ စောင့်ကြည့်ရမှာပေါ့ ဘယ်သူက အောင်နိုင်သူဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now