(8)

647 109 2
                                    

(8)

သူမရဲ့သားက သူမ ရိုက်သမျှကို ငြိမ်ခံရင်း အော်ဟစ်နေတာကိုမြင်တော့ မဒမ်လီတစ်ယောက်  ရုတ်တရက် ပြန်လည်လန်းဆန်းလာကာ သူမရဲ့လက်ကိုင်တုတ်ကို ဘေးသို့ဖယ်ထားလိုက်ပြီး သုံးလက်မအရွယ်ရှည်တဲ့ ရွှေကြာပန်းပုံထွင်းထားတဲ့ဆေးတံကို ကောက်ယူလိုက်ပြီး ဆေးရွက်ထည့်ပြီး မီးညှိကာသောက်လိုက်တယ်။ ထို့နောက် လီမူလင်းကို စိုက်ကြည့်ပြီး မေးလိုက်ပြန်တယ်။

“ငါ မင်းကို ဘာအတွက် ပြုစုပျိုးထောင်ခဲ့တယ်လို့ထင်လဲ? မင်း ငယ်ငယ်တုန်းကကျတော့ အမေဖြစ်သူကို အမြဲတမ်း စိတ်ပူရအောင်လုပ်ခဲ့တယ်.. မင်း ကြီးပြင်းလာပြန်တော့လည်း သားသမီးဝတ္တရားကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုတောင်မသိဘဲ တစ်နေ့တည်းနဲ့ အစအနပျောက်သွားခဲ့တယ်.. 

မင်းရဲ့အကြီးဆုံးအစ်ကို နှစ်တွေအများကြီး ပြန်မလာဖြစ်ဘူးဆိုတာက စစ်ပွဲကြောင့်ပဲ.. နောက်ပိုင်း စစ်ပွဲပြီးသွားတဲ့အချိန်ကျတော့  သူက ဖူကျင်းကို တာဝန်ကျဖို့ အပို့ခံလိုက်ရတာ.. သူသာ ပေရှားဆီကိုပြန်လာချင်တယ်ဆိုရင် နိုင်ငံကြီးတစ်ခုလုံးကိုဖြတ်သန်းလာမှသာ ရောက်နိုင်မှာ.. သူ့ဆီမှာ တကယ်ကို ပြန်လာဖို့အတွက်  နည်းလမ်းမရှိဘူး.. ဒါကြောင့် ငါ သူ့ကို အပြစ်မတင်ဘူး.. ဆိုတော့ မင်းမှာရော ဘယ်လိုအကြောင်းပြချက်မျိုးရှိလဲ"

ထိုသို့ မေးခွန်းမျိုး အမေးခံရတဲ့အချိန်မှာ  လီမူလင်ရဲ့ မျက်လုံးမှ မျက်ရည်တွေက မထိန်းနိုင်တော့ပဲ ကျဆင်းလာခဲ့ရတယ်။ ဒီလိုမျိုး နှစ်တွေအများကြီးအတောအတွင်းမှာ ကျန်းချွမ်ဟွားက အလုပ်အကိုင်၊  သူမရဲ့ကိုယ်ဝန်နဲ့ ကလေးတွေကို အကြောင်းပြချက်အဖြစ်သုံးပြီး သူ့ကိုအိမ်မပြန်နိုင်အောင် ဆွဲထားခဲ့တယ်။

ဒါပေမယ့် သူ့အနေနဲ့ တခြားလူကိုလှီးလွှဲပြီး မပြောချင်ဘူး။ ပြောရမယ်ဆိုရင် ကျန်းချွမ်ဟွားက မကောင်းခဲ့တာဖြစ်နေရင်တောင် အဓိက တာဝန်ရှိတဲ့သူကတော့ သူကိုယ်တိုင်ပဲမလား။

သူမရဲ့ အသက်သုံးဆယ်ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ သားဖြစ်သူက သူမရဲ့ဘေးမှရပ်ပြီး နီရဲနေတဲ့မျက်ဝန်းတွေနဲ့မျက်ရည်သုတ်နေရတာကိုမြင်တော့ မဒမ်လီက မပျော်ရွှင်နိုင်တော့ဘူး။ သူမက ဆေးလိပ်ကိုနှစ်ဖွာလောက်ရှူရှိုက်လိုက်ပြိး ပြောလိုက်တယ်။

ခြောက်ဆယ်ခုနှစ်များမှာ မွေးဖွားလာခြင်းWhere stories live. Discover now