(18)

592 94 4
                                    

(18)

"ရှင်ဘာလို့ ဒီလောက်ထိ အသုံးမကျဖြစ်နေတာလဲ.. ဒီပြောင်းနှံတွေကို မြန်မြန်လေး အောက်ကိုပြန်သယ်သွားပေးဦး"

ဝမ်စုဖန်း လီမူဝူအား စိတ်မရှည်စွာကြည့်လိုက်တယ်။ သူမရဲ့အနီးကို သစ်ကိုင်းတွေ ရှည်ထွက်လာလိုက် ကျုံ့ဝင်သွားလိုက်ဖြစ်နေတာကို မြင်လိုက်ရတာတောင် ဒူးထောက်မကျသွားတဲ့ လူတစ်ယောက်အနေနဲ့ ဝမ်စုဖန်းက လီမူဝူကို အလွန် သူရဲဘောကြောင်လွန်းတယ်လို့ ခံစားနေရတယ်။

လီမူဝူက သူ့ရဲ့ ဒူးကို လက်နဲ့ထောက်ကိုင်ရင်း တုန်ယင်နေတဲ့ခြေထောက်တွေကို ဆန့်တန်းပြီး မတ်တပ်ထရပ်လိုက်တယ်။ သို့ပေမယ့် မြေပြင်ပေါ်မှာ ပုံလျက်သားရှိနေတဲ့ပြောင်းဖူးတွေနဲ့ မြေကြီးထဲမှ တူးထုတ်ထားတဲ့ အာလူးတွေကို မြင်လိုက်ရတော့ သူ့ရဲ့မျက်လုံးတွေက အံ့သြတုန်လှုပ်မှုတွေကို  ဆက်လက်ပြသလာခဲ့ပြန်တယ်။

လီမူဝူက တုန်လှုပ်စွာနဲ့ မြေပြင်ပေါ်မှာရှိနေတဲ့ ပြောင်းနှံပုံကို လက်ညိုးထိုးကာ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ ပြောလာတယ်။

  “ဒါ.. ဒါက ငါတို့ရဲ့သမီးလေး လုပ်ထားတာလား”

ဝမ်စုဖန်းက ဂုဏ်ယူစွာနဲ့ခေါင်းညိတ်ပြလာတယ်။

"ကျွန်မတို့ရဲ့သမီးက စွမ်းအားတွေရှိတယ်..  အမေပြောတာတော့ သူမကို နတ်ဘုရားတွေက ဒီလိုစွမ်းအားတွေအပ်နှင်းထားတာဖြစ်မယ်တဲ့..  ဒါပေမယ့် ရှင် ဒီအကြောင်းကို တခြားသူတွေကို ပြောလို့မရဘူး.. မူစန်းတို့ကိုတောင် ပြောခွင့်မရှိဘူးတဲ့..  ကျွန်မတို့သားတို့က အခုမှ ကြီးပြင်းမဲ့အရွယ်ပဲရှိသေးတာဆိုတော့ ရှင် ပြောပြလို့မရဘူး.. ဒီအကြောင်းကို လုံးဝ ဖော်ထုတ်ခွင့်မပေးဘူးနော်.. ရှင့်ရဲ့ပါးစပ်ကို ပိတ်ထားလိုက် .. ရှင် နားလည်ရဲ့လား?"

လီမူဝူက ဝမ်စုဖန်းကို ထုံထိုင်းတဲ့အကြည့်တစ်ခုပေးလာတယ်။

"ငါက ပါးစပ်လုံမလုံ မင်း သိနေတာပဲမဟုတ်ဘူးလား"

ဝမ်စုဖန်းက သူ့ခင်ပွန်းသည်ရဲ့အကျင့်စရိုက်နဲ့ဆိုရင်  တုတ်တစ်ချောင်းကိုတောင် အဖျားနှစ်ဖက်လုံးကို မထိနိုင်တဲ့အကြောင်း သတိရသွားတာကြောင့်  စိတ်သက်သာရာရသွားခဲ့တယ်။

ခြောက်ဆယ်ခုနှစ်များမှာ မွေးဖွားလာခြင်းWhere stories live. Discover now