(14)
လူနာပြက္ခဒိန်ရဲ့ ခုနှစ်လမြောက်က တစ်နှစ်ပတ်လုံးမှာ အပူပြင်းဆုံးသော အချိန်ကာလပဲ။ လူတွေကတော့ တဖြေးဖြေးနဲ့ ပိုပိုပြီး နေရာလွတ်ဖြစ်လာတဲ့ မီးဖိုချောင်ထဲကို ကြည့်ပြီး စတင်ပြီး မငြိမ်မသက် ဖြစ်လာကြတယ်။
ဒီနှစ်ရဲ့ ပထမလကတည်းက ကောက်ပဲသီးနှံအထောက်အပံ့တွေက ပိုပိုပြီး ရှားပါးလာခဲ့တယ်။ အရင်တုန်းက လစဥ်လတိုင်း ကောက်နှံတွေကို လတစ်ဝက်လောက် ဝယ်လို့ရနိုင်ပေမဲ့ ဒီနှစ်မှာတော့ မရရှိခဲ့ဘူးလေ။
ဇူလိုင်လတုန်းကဆိုရင် ထောက်ပံ့မှု နှစ်ကြိမ်ပဲ ဝယ်လို့ရခဲ့ပြီး ဝယ်လို့ရနိုင်တဲ့ပမာဏကလည်း အရမ်းကိုနည်းပါးလွန်းတယ်။ ဒီတော့ နို့စို့အရွယ် ကျန်းကျန်းကလွဲရင် မိသားစုအတွင်းရှိ လူတိုင်းက ဆာလောင်မှုဒဏ်ကိုသည်းခံနိင်စေဖို့ ခါးပတ်ကို တင်းတင်းကြပ်ကြပ်စည်းထားရုံသာတတ်နိုင်ခဲ့ကာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို နောက်တစ်ဖန် ခံစားခဲ့ရပြန်တယ်။
လီမူဝူနှင့် လီမူစန်းတို့တွေက စပါးစတိုးဆိုင်ရဲ့ ဂိုဒေါင်တံခါးဝမှာ ထိုင်ကာ ဘာတစ်ခုမှရှိမနေတဲ့ခြံထဲကိုငေးရင်း သက်ပြင်းမချပဲမနေနိုင်ခဲ့ကြဘူး။
သူတို့နှစ်ယောက်လုံးက စပါးကောက်နှံဆိုင်မှာ ဂိုဒေါင်အတွင်းသို့ အိတ်တွေထမ်းသယ်ပေးရတဲ့ အလုပ်သမားတွေဖြစ်ပြီး သယ်ဆောင်ရတဲ့အထုတ်တွေအပေါ်မူတည်ပြီး ပိုက်ဆံတွေရရှိလေ့ရှိတယ်။
အရင်နှစ်တွေတုန်းကဆိုရင် လစဉ်လတိုင်း ယွမ် (၄၀) ဒါမှမဟုတ် (၅၀) လောက်ကို ဘယ်လိုဖြစ်ဖြစ်ရရှိနိုင်ခဲ့တယ်။ မနှစ်တုန်းကလည်း ဘယ်လောက်ပဲခက်ခဲပါစေ လစဥ် ယွမ်(၃၀)လောက်တော့ ရရှိနိုင်ခဲ့သေးတယ်။ သို့ပေမယ့် ဒီနှစ်မှာတော့ နှစ်အစကနေ ခုချိန်ထိ စုစုပေါင်းမှ ယွမ် (၄၀)လောက်ပဲ အိမ်ကိုပြန်ယူနိုင်ခဲ့သေးတယ်။
ပိုက်ဆံက အရေးမကြီးသေးဘူး။ သူတို့ဆီမှာ အရင်တုန်းက စုဆောင်းထားခဲ့တာ ရှိနေခဲ့တာကြောင့် သိပ်ပြီး ခက်ခဲတယ်လို့ မဆိုနိုင်ဘူး။ အရေးကြီးတာက အစားအသောက်တွေဝယ်လို့မရနိုင်တာပဲ။
YOU ARE READING
ခြောက်ဆယ်ခုနှစ်များမှာ မွေးဖွားလာခြင်း
Romance_beautiful femalelead _business _family love _family business _handsomemalelead _hiddenabilities _poor to rich _space _transmigration